
လက်ရှိ ဒါဘီအသင်း ကိုကိုင်တွယ်နေတဲ့ နည်းပြ ဝိန်းရွန်းနီ က
သူ ယူနိုက်တက် မှာ ကစားခဲ့ချိန်အတွင်း ကြီးကျယ်တဲ့
ကစားသမားတွေ နဲ့ အတူတွဲကစားခဲ့ရပေမယ့်
အာဂျင်တီးနား တိုက်စစ်မှူး ဟောင်း ကားလို့စ်တိဗက်ဇ် နဲ့
တွဲ ကစားရတာ သဘော အကျဆုံးပဲ လို့ ထုတ်ဖော်ပြောကြားပါတယ်။
ကစားရတာ အကြိုက်နှစ်သက်ဆုံးအသင်းဖော်ရဲ့အမည်ကို
မေးမြန်းခဲ့ရာမှာရွန်းနီက ” တိဗက်စ်ပါ။ ကျွန်တော်တို့ရဲ့
ချိတ်ဆက်မှုကို နှစ်သက်လှပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က
တိုက်စစ်မှာ တကယ့်ကို တစ်ယောက်နဲ့တစ်ယောက်
ကောင်းကောင်းဖြည့်ဆီးပေးနိုင်ခဲ့ပါတယ်။
သာမန်အားဖြင့် ကျွန်တော်ဟာ လူးဝစ်ဆာဟာ၊
ဗန်နစ္စတယ်ရွိုင်းနဲ့ ဗန်ပါစီတို့နဲ့ အတူ တွဲကစားခဲ့ဖူးပါတယ်။
သူတို့တွေက နံပါတ်(၉)နေရာမှာ ကစားခဲ့ပြီး
ကျွန်တော်က နံပါတ် ၁၀နေရာမှာ ကစားရပါတယ်။ ”
”ဒါပေမယ့် တိဗက်စ်နဲ့ကျွန်တော်ကတော့ လိုသလို လှည့်ကစားလို့ ရပါတယ်။
သူက နံပါတ်(၉)ဆိုရင် ကျွန်တော်က (၁၀)နေရာပေါ့။
တကယ်လို့ ကျွန်တော်က နံပါတ်(၉)နေရာရောက်သွားရင်
သူက နံပါတ်(၁၀)နေရာကို ဖြည့်ကစားနိုင်ပါတယ်။
ပြီးတော့ ကျွန်တော်တို့တွေ ဘောလုံးပျက်သွားတဲ့အခါဆိုရင်
ပြန်ရဖို့ အသည်းအမဲကြိုးစားရတာကို ကြိုက်ကြပါတယ်။
တိုက်စစ်ပါတနာအနေနဲ့တော့ တိဗက်စ်က ကျွန်တော့်အတွက်
တွဲကစားရတာ ပျော်ရွှင်ရဆုံး အသင်းဖော်ပါပဲ။” လို့ ပြော ဆိုသွားခဲ့ပါတယ်။
ရွန်းနီက ဗန်နစ်စတယ်ရွိုင်း ၊ ဗန်ပါစီ နဲ့ ရော်နယ်ဒိုတို့လို
တိုက်စစ်မှူးတွေနဲ့အတူ တွဲကစားခဲ့ပေမယ့် သူ့အကြိုက်ဆုံး
အသင်းဖော်က တိဗက်စ်ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
ရွန်းနီ ၊ ရော်နယ်ဒိုနဲ့ တိဗက်စ်တို့ဟာ ယူနိုက်တက်အသင်း
အကောင်းဆုံးအချိန်တွေတုန်းက အတော်လေး
အတွဲညီခဲ့တဲ့ တိုက်စစ်အတွဲဖြစ်ခဲ့ပါတယ်။
ကာလို့စ်တိဗက်စ်ဟာ ၂၀၀၈ခုနှစ်မှာ ယူနိုက်တက်နဲ့
ချန်ပီယံလိဂ်ဆုဖလားရခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်မှာ
မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
zawgyi
ေရာ္နယ္ဒိုအတြက္ စိတ္ထိခိုက္ေစမယ့္ ႐ြန္းနီရဲ႕ အေျဖတစ္ခု
လက္ရွိ ဒါဘီအသင္း ကိုကိုင္တြယ္ေနတဲ့ နည္းျပ ဝိန္း႐ြန္းနီ က
သူ ယူႏိုက္တက္ မွာ ကစားခဲ့ခ်ိန္အတြင္း ႀကီးက်ယ္တဲ့
ကစားသမားေတြ နဲ႔ အတူတြဲကစားခဲ့ရေပမယ့္
အာဂ်င္တီးနား တိုက္စစ္မႉး ေဟာင္း ကားလို႔စ္တိဗက္ဇ္ နဲ႔
တြဲ ကစားရတာ သေဘာ အက်ဆုံးပဲ လို႔ ထုတ္ေဖာ္ေျပာၾကားပါတယ္။
ကစားရတာ အႀကိဳက္ႏွစ္သက္ဆုံးအသင္းေဖာ္ရဲ႕အမည္ကို
ေမးျမန္းခဲ့ရာမွာ႐ြန္းနီက ” တိဗက္စ္ပါ။ ကြၽန္ေတာ္တို႔ရဲ႕
ခ်ိတ္ဆက္မႈကို ႏွစ္သက္လွပါတယ္။ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က
တိုက္စစ္မွာ တကယ့္ကို တစ္ေယာက္နဲ႔တစ္ေယာက္
ေကာင္းေကာင္းျဖည့္ဆီးေပးႏိုင္ခဲ့ပါတယ္။
သာမန္အားျဖင့္ ကြၽန္ေတာ္ဟာ လူးဝစ္ဆာဟာ၊
ဗန္နစၥတယ္႐ြိဳင္းနဲ႔ ဗန္ပါစီတို႔နဲ႔ အတူ တြဲကစားခဲ့ဖူးပါတယ္။
သူတို႔ေတြက နံပါတ္(၉)ေနရာမွာ ကစားခဲ့ၿပီး
ကြၽန္ေတာ္က နံပါတ္ ၁၀ေနရာမွာ ကစားရပါတယ္။ ”
”ဒါေပမယ့္ တိဗက္စ္နဲ႔ကြၽန္ေတာ္ကေတာ့ လိုသလို လွည့္ကစားလို႔ ရပါတယ္။
သူက နံပါတ္(၉)ဆိုရင္ ကြၽန္ေတာ္က (၁၀)ေနရာေပါ့။
တကယ္လို႔ ကြၽန္ေတာ္က နံပါတ္(၉)ေနရာေရာက္သြားရင္
သူက နံပါတ္(၁၀)ေနရာကို ျဖည့္ကစားႏိုင္ပါတယ္။
ၿပီးေတာ့ ကြၽန္ေတာ္တို႔ေတြ ေဘာလုံးပ်က္သြားတဲ့အခါဆိုရင္
ျပန္ရဖို႔ အသည္းအမဲႀကိဳးစားရတာကို ႀကိဳက္ၾကပါတယ္။
တိုက္စစ္ပါတနာအေနနဲ႔ေတာ့ တိဗက္စ္က ကြၽန္ေတာ့္အတြက္
တြဲကစားရတာ ေပ်ာ္႐ႊင္ရဆုံး အသင္းေဖာ္ပါပဲ။” လို႔ ေျပာ ဆိုသြားခဲ့ပါတယ္။
႐ြန္းနီက ဗန္နစ္စတယ္႐ြိဳင္း ၊ ဗန္ပါစီ နဲ႔ ေရာ္နယ္ဒိုတို႔လို
တိုက္စစ္မႉးေတြနဲ႔အတူ တြဲကစားခဲ့ေပမယ့္ သူ႔အႀကိဳက္ဆုံး
အသင္းေဖာ္က တိဗက္စ္ျဖစ္တယ္လို႔ ဆိုခဲ့တာပါ။
႐ြန္းနီ ၊ ေရာ္နယ္ဒိုနဲ႔ တိဗက္စ္တို႔ဟာ ယူႏိုက္တက္အသင္း
အေကာင္းဆုံးအခ်ိန္ေတြတုန္းက အေတာ္ေလး
အတြဲညီခဲ့တဲ့ တိုက္စစ္အတြဲျဖစ္ခဲ့ပါတယ္။
ကာလို႔စ္တိဗက္စ္ဟာ ၂၀၀၈ခုႏွစ္မွာ ယူႏိုက္တက္နဲ႔
ခ်န္ပီယံလိဂ္ဆုဖလားရခဲ့ၿပီးေနာက္ ၂၀၀၉ ခုႏွစ္မွာ
ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။