ရော်နယ်ဒိုအကြံပေးတွေရဲ့ ကမ်းလှမ်းချက်ကို ပရီးမီးယားလိဂ် ၃ သင်း ပယ်ချခဲ့

အိုးလ်ထရက်ဖို့ဒ်ကနေ ရော်နယ်ဒိုအမြန်ဆုံးထွက်ခွာနိုင်ဖို့အတွက် သူ့ရဲ့အကြံပေးတွေဟာ အခြားသောပရီးမီးယားလိဂ် ၃သင်းထံချဉ်းကပ်မှုတွေလုပ်ခဲ့ပါတယ်။

နယူးကာဆယ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ ဒီအခွင့်အရေးရခဲ့ပေမဲ့ ငြင်းဆန်ခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြသွားတာပါ။

ပြီးခဲ့တဲ့ရာသီမှာ မန်ယူရဲ့ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့ ရော်နယ်ဒိုဟာ တန်ဟတ်ရောက်ရှိလာချိန်မှာတော့ အကန့်အသတ်နဲ့သာပွဲကစားခွင့်ရခဲ့ပါတယ်။

ဒီရာသီမှာ ၁၂ပွဲ ကစားထားပေမဲ့ ၆ပွဲ ကလူစားဝင်အဖြစ်သာပါဝင်ခဲ့ရတာပါ။ ကစားသမားအနေနဲ့ အဆိုးရွားဆုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရပြီး မန်ယူအတွက် သွင်းဂိုး ၂ဂိုး ရယူပေးထားနိုင်ပါတယ်။

ရော်နယ်ဒိုရဲ့ လက်ရှိအနေအထားက နည်းပြတန်ဟတ်ကိုတောင်းပန်မလား၊ ထွက်ခွာမလားဆိုတဲ့ အခြေအနေအထိရောက်နေတာဖြစ်တယ်။

နောက်ဆက်တွဲသတင်းတွေအရ ချဲလ်ဆီး ဟာပြီးခဲ့တဲ့နွေစျေးကွက်မှာ ပေါ်တူဂီကြယ်ပွင့်ကိုအမှန်တကယ်အလိုရှိခဲ့ပေမဲ့ အခု တော့ရေဒါထဲမှာ ရော်နယ်ဒိုမရှိတော့ဘူးလို့ တုံ့ပြန်ထားပါတယ်။

နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကတော့ ရော်နယ်ဒိုရောက်လာရင်အသင်းရဲ့ရည်မှန်းချက်အတွက် သူသယ်ဆောင်လာမယ့်အရည်အသွေးကိုသဘောကျပေမဲ့ အသင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေကိုရှောင်ရှားနိုင်ဖို့ နောက်ဆုတ်ခဲ့ကြတာဖြစ်တယ်။

ရော်နယ်ဒိုဟာ ရာသီကုန်မှာ သရဲနီတွေနဲ့စာချုပ်သက်တမ်းပြည့်တော့မှာဖြစ်ပေမဲ့ စာချုပ်ပါအချက် အလက်အရ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသူဖြစ်ပါတယ်။

(Zawgyi)

ေရာ္နယ္ဒိုအႀကံေပးေတြရဲ႕ ကမ္းလွမ္းခ်က္ကို ပရီးမီးယားလိဂ္ ၃ သင္း ပယ္ခ်ခဲ့

အိုးလ္ထရက္ဖို႔ဒ္ကေန ေရာ္နယ္ဒိုအျမန္ဆုံးထြက္ခြာႏိုင္ဖို႔အတြက္ သူ႔ရဲ႕အႀကံေပးေတြဟာ အျခားေသာပရီးမီးယားလိဂ္ ၃သင္းထံခ်ဥ္းကပ္မႈေတြလုပ္ခဲ့ပါတယ္။

နယူးကာဆယ္၊ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ ဒီအခြင့္အေရးရခဲ့ေပမဲ့ ျငင္းဆန္ခဲ့တယ္လို႔ The Sun သတင္းစာကေဖာ္ျပသြားတာပါ။

ၿပီးခဲ့တဲ့ရာသီမွာ မန္ယူရဲ႕ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ တန္ဟတ္ေရာက္ရွိလာခ်ိန္မွာေတာ့ အကန႔္အသတ္နဲ႔သာပြဲကစားခြင့္ရခဲ့ပါတယ္။

ဒီရာသီမွာ ၁၂ပြဲ ကစားထားေပမဲ့ ၆ပြဲ ကလူစားဝင္အျဖစ္သာပါဝင္ခဲ့ရတာပါ။ ကစားသမားအေနနဲ႔ အဆိုး႐ြားဆုံးရာသီစတင္မႈနဲ႔ရင္ဆိုင္ေနရၿပီး မန္ယူအတြက္ သြင္းဂိုး ၂ဂိုး ရယူေပးထားႏိုင္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ လက္ရွိအေနအထားက နည္းျပတန္ဟတ္ကိုေတာင္းပန္မလား၊ ထြက္ခြာမလားဆိုတဲ့ အေျခအေနအထိေရာက္ေနတာျဖစ္တယ္။ေ

နာက္ဆက္တြဲသတင္းေတြအရ ခ်ဲလ္ဆီး ဟာၿပီးခဲ့တဲ့ေႏြေစ်းကြက္မွာ ေပၚတူဂီၾကယ္ပြင့္ကိုအမွန္တကယ္အလိုရွိခဲ့ေပမဲ့ အခု ေတာ့ေရဒါထဲမွာ ေရာ္နယ္ဒိုမရွိေတာ့ဘူးလို႔ တုံ႔ျပန္ထားပါတယ္။

နယူးကာဆယ္နဲ႔ အာဆင္နယ္တို႔ကေတာ့ ေရာ္နယ္ဒိုေရာက္လာရင္အသင္းရဲ႕ရည္မွန္းခ်က္အတြက္ သူသယ္ေဆာင္လာမယ့္အရည္အေသြးကိုသေဘာက်ေပမဲ့ အသင္းမွာမလိုလားအပ္တဲ့ျပႆနာေတြကိုေရွာင္ရွားႏိုင္ဖို႔ ေနာက္ဆုတ္ခဲ့ၾကတာျဖစ္တယ္။

ေရာ္နယ္ဒိုဟာ ရာသီကုန္မွာ သရဲနီေတြနဲ႔စာခ်ဳပ္သက္တမ္းျပည့္ေတာ့မွာျဖစ္ေပမဲ့ စာခ်ဳပ္ပါအခ်က္ အလက္အရ ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနသူျဖစ္ပါတယ္။