ပေါ်တူဂီစူပါစတားတစ်ယောက် တစ်ပွဲတည်း ၄ဂိုး သွင်းပြလိုက်ချိန်မှာတော့
အယ်လ်နက်ဆာနည်းပြရူဒီဂါစီယာဟာ ရော်နယ်ဒိုနဲ့ပက်သတ်တဲ့
သူ့ရဲ့အမြင်တွေကို ဂငယ်ကွေ့ပြန်ချိုးသွားခဲ့ပါတယ်။ အခုဆိုရင်တော့
ရော်နယ်ဒိုရဲ့ ကစားသမားဘဝလိဂ်သွင်းဂိုးက ၅၀၃ ဂိုးအထိရှိလာခဲ့ပြီး
သူ့ထက်သာအောင်လုပ်ထားနိုင်သူတွေဆိုလို့ ပီလီ(၆၀၄ ဂိုး)၊ ရိုမာရီယို(၅၄၄ ဂိုး)၊
ဂျိုဆက်ဖ်ဘီကန်(၅၁၈ ဂိုး)နဲ့ ပွတ်စ်ကက်စ်(၅၂၄ ဂိုး) တို့ ၄ဦးသာရှိပါတော့တယ်။
ရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာကစားသမားဘ၀ စတင်မှုကသိပ်တော့
မရိုးရှင်းခဲ့ပါဘူး။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ နည်းပြရူဒီဂါစီယာ
ရော်နယ်ဒိုရဲ့အံဝင်ခွင်ကျဖြစ်မှုနဲ့ပက်သတ်လို့ လူသိရှင်ကြားပြောဆိုခဲ့တာတွေရှိခဲ့ပါတယ်။
အယ်လ်နက်ဆာကစားသမားတွေအနေနဲ့ ရော်နယ်ဒိုဆီကို ဘောလုံးအလွန်အကျွံ
မပေးဖို့နဲ့ ပုံမှန်အတိုင်းကစားဖို့တိုက်တွန်းခဲ့သလို တစ်ခါတရံဖြတ်တင်ဘောပေးချိန်မှာ
ရော်နယ်ဒိုနဲ့ တာလီစကာတို့ ၁၈ ကိုက်ထဲရှိမနေတာတွေကို ရူဒီဂါစီယာက
ထောက်ပြခဲ့တာဖြစ်တယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒို ၄ဂိုးသွင်းပြလိုက်တဲ့နောက်တော့
ဂါစီယာဟာ လုံးဝကွဲပြားခြားနားသွားခဲ့ပြီး အပြုသဘောဆောင်တဲ့လေသံနဲ့
တုံ့ပြန်လာပါတယ်။ “ရော်နယ်ဒိုဟာ အသင်းဖော်တွေနဲ့စည်းလုံးညီညွတ်တဲ့
အဆင့်ကို ရောက်လာပါပြီ။ အချိန်ကြာလာတာနဲ့အမျှ သူ့အသင်းဖော်တွေဟာ
သူလိုချင်တဲ့အရာနဲ့ ဘယ်အချိန်ဂိုးကန်သွင်းမလဲဆိုတာသိလာကြတယ်။
ခရစ္စတီယာနို ၄ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ကောင်းမွန်တဲ့ညတစ်ညလို့
ထင်ပါတယ်” လို့ ရူဒီဂါစီယာက ပြောဆိုခဲ့တာဖြစ်တယ်။
zawgyi
ရော်နယ်ဒိုအကြောင်းကောင်းကောင်းသိပြီး ဂငယ်ကွေ့ချိုးကာ လေသံပြောင်းသွားတဲ့ ရူဒီဂါစီယာ