ရော်နယ်ဒိုဟာ ထူးခြားတဲ့ကစားသမားမဟုတ်ဘူးလို့ ဝက်စ်ဟမ်း ဒု-ဥက္ကဌ ကာရန်ဘရက်ဒီ ရက်စက်စွာပြောဆိုလိုက်

ပေါ်တူဂီဂန္တဝင်ရော်နယ်ဒိုဟာ ဂိမ်းနဲ့ပက်သတ်လို့အရာအားလုံး

အောင်မြင်ခဲ့ပေမဲ့ ထူးခြားတဲ့ကစားသမားတော့မဟုတ်ဘူးလို့

ဝက်စ်ဟမ်း ဒု-ဥက္ကဌ ကာရန်ဘရက်ဒီက ဝေဖန်ပြောဆိုလိုက်ပါတယ်။

အယ်လ်နက်ဆာအသင်းနဲ့ တစ်နှစ်ပေါင် ၁၇၅ သန်းတန်စာချုပ်

ချုပ်ဆိုခဲ့ပြီးနောက် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုက

“ကျွန်တော်ကထူးခြားတဲ့ ကစားသမားဖြစ်သလို ဒီစာချုပ်ကလည်း

ထူးခြားတယ်” လို့ပြောဆိုခဲ့ဖူးတာဖြစ်တယ်။ ဒါပေမဲ့ ဘလွန်းဒီအော်

၅ကြိမ်ရှင်ရဲ့ပြောဆိုချက်တွေကိုတော့ ကာရန်ဘရက်ဒီကချေမှုန်းခဲ့ပြီး

ဒါဟာတမင်အထင်ကြီးအောင်ပြောဆိုနေတာလို့ မှတ်ချက်ပေးလိုက်ပါတယ်။

သူမရဲ့အမြင်မှာတော့ ရော်နယ်ဒိုဟာ သူတပါးမလုပ်နိုင်တဲ့အရာကို

သူလည်းမလုပ်တတ်သလို မက်ဆီကိုလည်းအစွဲအလမ်းကြီးလွန်းနေသူလို့

ပြောဆိုလိုက်တာပါ။ The Sun သတင်းစာမှာပါဝင်တဲ့ သူမရဲ့

စာမျက်နှာကတစ်ဆင့် ဘရက်ဒီက “ရော်နယ်ဒိုနဲ့ပက်သတ်လို့

သဘောကျစရာတွေရှိကောင်းရှိနိုင်ပါတယ်။ သူက အားကစား

သမားကောင်းတစ်ယောက်ဖြစ်ပြီး မရပ်တန့်နိုင်တဲ့ ဂိုးသွင်းစက်တစ်လုံးပါ။

ဒါပေမဲ့ သူ့ရဲ့လတ်တလောမှတ်ချက်တွေက မထင်မှတ်ထားလောက်အောင်ပါပဲ၊

‘အယ်လ်နက်ဆာကိုပြောင်းရွှေ့ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်…

ကျွန်တော်ကထူးခြားတဲ့ကစားသမားဖြစ်လို့ ဒီစာချုပ်ကထူးခြားပါတယ်၊

ဒါက ကျွန်တော့်အတွက်ပုံမှန်ပါပဲ’ ။ အစပိုင်းမှာတော့ သူက

ထူးခြားတဲ့ကစားသမားမဟုတ်ပါဘူး။ အများစုကိုကောင်းမွန်အောင်

လုပ်နိုင်ပြီး အချို့ကိစ္စတွေမှာထက်မြက်စွာလုပ်ဆောင်နိုင်ဖို့လိုပေမဲ့

တခြားသူတွေမလုပ်နိုင်တာကို သူလည်းမလုပ်နိုင်ပါဘူး။

မက်ဆီနဲ့ ပီလီတို့ဟာ ဒါမျိုးတွေမပြောတတ်ကြဘူး။

ပြီးတော့ သူတချိန်လုံးတုန်လှုပ်နေတာက မက်ဆီအပေါ်စွဲလမ်းမှုပါပဲ။

မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝက အနည်းဆုံးတော့ သူ့ရဲ့

ရီးရဲလ်ကစားသမားဘဝနဲ့တန်းတူပါပဲ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

zawgyi

ေရာ္နယ္ဒိုဟာ ထူးျခားတဲ့ကစားသမားမဟုတ္ဘူးလို႔ ဝက္စ္ဟမ္း ဒု-ဥကၠဌ ကာရန္ဘရက္ဒီ ရက္စက္စြာေျပာဆိုလိုက္

ေပၚတူဂီဂႏၲဝင္ေရာ္နယ္ဒိုဟာ ဂိမ္းနဲ႔ပက္သတ္လို႔အရာအားလုံး

ေအာင္ျမင္ခဲ့ေပမဲ့ ထူးျခားတဲ့ကစားသမားေတာ့မဟုတ္ဘူးလို႔

ဝက္စ္ဟမ္း ဒု-ဥကၠဌ ကာရန္ဘရက္ဒီက ေဝဖန္ေျပာဆိုလိုက္ပါတယ္။

အယ္လ္နက္ဆာအသင္းနဲ႔ တစ္ႏွစ္ေပါင္ ၁၇၅ သန္းတန္စာခ်ဳပ္

ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ပထမဆုံးသတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္ဒိုက

“ကြၽန္ေတာ္ကထူးျခားတဲ့ ကစားသမားျဖစ္သလို ဒီစာခ်ဳပ္ကလည္း

ထူးျခားတယ္” လို႔ေျပာဆိုခဲ့ဖူးတာျဖစ္တယ္။ ဒါေပမဲ့ ဘလြန္းဒီေအာ္

၅ႀကိမ္ရွင္ရဲ႕ေျပာဆိုခ်က္ေတြကိုေတာ့ ကာရန္ဘရက္ဒီကေခ်မႈန္းခဲ့ၿပီး

ဒါဟာတမင္အထင္ႀကီးေအာင္ေျပာဆိုေနတာလို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

သူမရဲ႕အျမင္မွာေတာ့ ေရာ္နယ္ဒိုဟာ သူတပါးမလုပ္ႏိုင္တဲ့အရာကို

သူလည္းမလုပ္တတ္သလို မက္ဆီကိုလည္းအစြဲအလမ္းႀကီးလြန္းေနသူလို႔

ေျပာဆိုလိုက္တာပါ။ The Sun သတင္းစာမွာပါဝင္တဲ့ သူမရဲ႕

စာမ်က္ႏွာကတစ္ဆင့္ ဘရက္ဒီက “ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔

သေဘာက်စရာေတြရွိေကာင္းရွိႏိုင္ပါတယ္။ သူက အားကစား

သမားေကာင္းတစ္ေယာက္ျဖစ္ၿပီး မရပ္တန႔္ႏိုင္တဲ့ ဂိုးသြင္းစက္တစ္လုံးပါ။

ဒါေပမဲ့ သူ႔ရဲ႕လတ္တေလာမွတ္ခ်က္ေတြက မထင္မွတ္ထားေလာက္ေအာင္ပါပဲ၊

‘အယ္လ္နက္ဆာကိုေျပာင္းေ႐ႊ႕ခြင့္ရတဲ့အတြက္ဝမ္းသာပါတယ္…

ကြၽန္ေတာ္ကထူးျခားတဲ့ကစားသမားျဖစ္လို႔ ဒီစာခ်ဳပ္ကထူးျခားပါတယ္၊

ဒါက ကြၽန္ေတာ့္အတြက္ပုံမွန္ပါပဲ’ ။ အစပိုင္းမွာေတာ့ သူက

ထူးျခားတဲ့ကစားသမားမဟုတ္ပါဘူး။ အမ်ားစုကိုေကာင္းမြန္ေအာင္

လုပ္ႏိုင္ၿပီး အခ်ိဳ႕ကိစၥေတြမွာထက္ျမက္စြာလုပ္ေဆာင္ႏိုင္ဖို႔လိုေပမဲ့

တျခားသူေတြမလုပ္ႏိုင္တာကို သူလည္းမလုပ္ႏိုင္ပါဘူး။

မက္ဆီနဲ႔ ပီလီတို႔ဟာ ဒါမ်ိဳးေတြမေျပာတတ္ၾကဘူး။

ၿပီးေတာ့ သူတခ်ိန္လုံးတုန္လႈပ္ေနတာက မက္ဆီအေပၚစြဲလမ္းမႈပါပဲ။

မက္ဆီရဲ႕ဘာစီလိုနာကစားသမားဘဝက အနည္းဆုံးေတာ့ သူ႔ရဲ႕

ရီးရဲလ္ကစားသမားဘဝနဲ႔တန္းတူပါပဲ” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။