ရော်နယ်ဒိုဟက်ထရစ်သွင်းထားတာသိတယ်…တခြားအရာတွေကို စဉ်းစားရဦးမယ်လို့ တန်ဟတ် ပြောဆို

လူစားလဲခံရတာနဲ့ပတ်သတ်ပြီး ကျေနပ်ဟန်မပြခဲ့တဲ့ ရော်နယ်ဒိုနဲ့သူ့အကြားမှာ အခုအချိန်ထိတော့ပြဿနာမရှိသေးဘူးလို့ တန်ဟတ်ကပြောဆိုခဲ့ပါတယ်။

ကစားသမားရဲ့အစ်မဖြစ်သူအယ်ဗီရိုက တန်ဟတ်အနေ နဲ့ နယူးကာဆယ်ပွဲမှာ သူ့မောင်ကိုစောစောစီးစီးလူစားလဲခဲ့တာနဲ့ပတ်သတ်လို့ “သူ့ကိုလုစားလဲဖို့ တန်ဟတ်ရဲ့အကြောင်းပြချက်လို့” ဆိုရှယ်မီဒီယာမှာဝေဖန်ရေးလုပ်ခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့အစ်မဖြစ်သူဟာ နိုင်ငံတကာရက်သတ္တပါတ်အတွင်း ခြေစွမ်းကိုဝေဖန်ခဲ့တဲ့ ပေါ်တူဂီပရိသတ်တွေကို ကျေးဇူးကန်းသူတွေလို့ တံဆိပ်ကပ်ခဲ့ဖူးသူဖြစ်ပါတယ်။

ဒါကိုကြည့်ပြီး တန်ဟတ်နဲ့ ကစားသမားအကြားမှာအက်ကွဲကြောင်းရှိနေနိုင်တယ်လို့အားလုံးကယူဆနေကြပါတယ်။ ဒါပေမဲ့ တန်ဟတ်က “လူစားလဲခံရလို့ ဘယ်သူမှမပျော်ပါဘူး။ အထူးသဖြင့်ရော်နယ်ဒိုပေါ့။

ဒါကိုနားလည်သလို ပုံမှန်အတိုင်းအေးဆေးဆိုရင် ပြဿနာမရှိပါဘူး။ သူ့ဘက်ကကွင်းထဲမှာ ဆက်နေပြီးဂိုး သွင်းနိုင်သေးတယ်လို့ ယုံကြည်နေတာဖြစ်နိုင်ပါတယ်။ ဒါကကောင်းပါတယ်” လို့ ဖွင့်ဟသွားပါတယ်။

ပြီးခဲ့တဲ့နှစ်အိမ်ကွင်းမှာ စပါးကိုရော်နယ်ဒို ဟက်ထရစ်သွင်းခဲ့တာနဲ့ပတ်သတ်လို့ မီဒီယာတွေမေးမြန်းခဲ့ရာမှာ “ငါသိပြီးသားပါ။

မင်းတို့မှာရှိတဲ့အချက်အလက်တွေကို မင်းတို့ကိုယ်တိုင်သိသလို ငါ့ဘက်မှာစဉ်း စားစရာအများကြီးရှိပါတယ်” လို့ တန်ဟတ်က တုံ့ပြန်ခဲ့ပါတယ်။

ကွင်းလယ်လူအဲရစ်ဆင်ဟာ အသင်းနဲ့လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်လို့ တန်ဟတ်က စပါးနဲ့ပွဲအတွက်ရော်နယ်ဒိုကိစ္စအပြင် တခြားအကြောင်းအရာတွေပါရှိနေသေးတယ်လို့ တုံ့ပြန်သွားတာဖြစ်တယ်။

မန်ယူဟာ ဒီရက်သတ္တပတ်အတွင်းမှာ စပါး၊ ချဲလ်ဆီးတို့နဲ့ဆက်တိုက်ကစားရဖို့ရှိတာကြောင့် နည်းပြတန်ဟတ်အတွက်အခက်ခဲဆုံး အချိန်ကာလလို့ပြောရမှာပါ။

(Zawgyi)

ေရာ္နယ္ဒိုဟက္ထရစ္သြင္းထားတာသိတယ္…တျခားအရာေတြကို စဥ္းစားရဦးမယ္လို႔ တန္ဟတ္ ေျပာဆို

လူစားလဲခံရတာနဲ႔ပတ္သတ္ၿပီး ေက်နပ္ဟန္မျပခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔သူ႔အၾကားမွာ အခုအခ်ိန္ထိေတာ့ျပႆနာမရွိေသးဘူးလို႔ တန္ဟတ္ကေျပာဆိုခဲ့ပါတယ္။

ကစားသမားရဲ႕အစ္မျဖစ္သူအယ္ဗီ႐ိုက တန္ဟတ္အေန နဲ႔ နယူးကာဆယ္ပြဲမွာ သူ႔ေမာင္ကိုေစာေစာစီးစီးလူစားလဲခဲ့တာနဲ႔ပတ္သတ္လို႔ “သူ႔ကိုလုစားလဲဖို႔ တန္ဟတ္ရဲ႕အေၾကာင္းျပခ်က္လို႔” ဆိုရွယ္မီဒီယာမွာေဝဖန္ေရးလုပ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕အစ္မျဖစ္သူဟာ ႏိုင္ငံတကာရက္သတၱပါတ္အတြင္း ေျခစြမ္းကိုေဝဖန္ခဲ့တဲ့ ေပၚတူဂီပရိသတ္ေတြကို ေက်းဇူးကန္းသူေတြလို႔ တံဆိပ္ကပ္ခဲ့ဖူးသူျဖစ္ပါတယ္။

ဒါကိုၾကည့္ၿပီး တန္ဟတ္နဲ႔ ကစားသမားအၾကားမွာအက္ကြဲေၾကာင္းရွိေနႏိုင္တယ္လို႔အားလုံးကယူဆေနၾကပါတယ္။

ဒါေပမဲ့ တန္ဟတ္က “လူစားလဲခံရလို႔ ဘယ္သူမွမေပ်ာ္ပါဘူး။ အထူးသျဖင့္ေရာ္နယ္ဒိုေပါ့။ ဒါကိုနားလည္သလို ပုံမွန္အတိုင္းေအးေဆးဆိုရင္ျပႆနာမရွိပါဘူး။

သူ႔ဘက္ကကြင္းထဲမွာ ဆက္ေနၿပီးဂိုး သြင္းႏိုင္ေသးတယ္လို႔ ယုံၾကည္ေနတာျဖစ္ႏိုင္ပါတယ္။ ဒါကေကာင္းပါတယ္” လို႔ ဖြင့္ဟသြားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အိမ္ကြင္းမွာ စပါးကိုေရာ္နယ္ဒိုဟတ္ထရစ္သြင္းခဲ့တာနဲ႔ပတ္သတ္လို႔ မီဒီယာေတြေမးျမန္းခဲ့ ရာမွာ “ငါသိၿပီးသားပါ။

မင္းတို႔မွာရွိတဲ့အခ်က္အလက္ေတြကို မင္းတို႔ကိုယ္တိုင္သိသလို ငါ့ဘက္မွာစဥ္း စားစရာအမ်ားႀကီးရွိပါတယ္” လို႔ တန္ဟတ္က တုံ႔ျပန္ခဲ့ပါတယ္။

ကြင္းလယ္လူအဲရစ္ဆင္ဟာ အသင္းနဲ႔ေလ့က်င့္ေရးျပန္ဆင္းေနၿပီျဖစ္လို႔ တန္ဟတ္က စပါးနဲ႔ပြဲအတြက္ေရာ္နယ္ဒိုကိစၥအျပင္ တျခားအေၾကာင္းအရာေတြပါရွိေနေသးတယ္လို႔ တုံ႔ျပန္သြားတာျဖစ္တယ္။

မန္ယူဟာ ဒီရက္သတၱပါတ္အတြင္း မွာ စပါး၊ ခ်ဲလ္ဆီးတို႔နဲ႔ဆက္တိုက္ကစားရဖို႔ရွိတာေၾကာင့္ နည္းျပတန္ဟတ္အတြက္အခက္ခဲဆုံးအခ်ိန္ကာလလို႔ေျပာရမွာပါ။