ဘယ်သူ့ကို ပြိုင်ဖက်အနေနဲ့ ရင်ဆိုင်လိုသလဲ ဆိုရင် ကျွန်တော်ရော်နယ်ဒို ကိုပဲ ထပ်မံ ရွေးချယ်ချင်ပါတယ်…
ဂျူနီယာ ဘောလုံးသမားတွေအတွက် အားကျရတဲ့ ၊ စံထားရတဲ့ စီနီယာ
ဘောလုံးသမားတွေ ရှိကြပါတယ်။ ချဲလ်ဆီး အသင်းရဲ့ ပြင်သစ် လက်ရွေးစင်
ကွင်းလယ်လူကန်တေ က တော့
ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ဟောင်း ရော်နယ်ဒိုနဲ့
နာပိုလီနဲ့ အာဂျင်တီးနား ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒီယေဂို မာရာဒိုနာတို့ဟာ
၎င်းရဲ့ အိုင်ဒေါတွေ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ် ။
ကန်တေ က ”ကျွန်တော့်အတွက် အိုင်ဒေါ ကစားသမား ရွေးချယ်ပါဆိုရင်တော့
ဘရာဇီး ရော်နယ်ဒိုနဲ့ ဒီယေဂို မာရာဒိုနာတို့ကို ရွေးချင်ပါတယ် ။ သူတို့ ၂ယောက်လုံး
ကို ကျွန်တော် တကယ် သဘောကျခဲ့ပါတယ် ။ ”
” ကြီးကျယ်ခမ်းနားတဲ့ အသင်းတွေမှာ ကစားခဲ့တဲ့ သူတို့ရဲ့ ကစားပုံတွေက
စွဲမက်စရာကောင်းပါတယ် ။ ငယ်ငယ် က သူတို့ ကစားခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေကို
ကြည့်ရှုခဲ့ရတာတွေကို ကျွန်တော် ပြန်ပြီး အမှတ်ရမိပါတယ် ။ ”
“အနားယူသွားတဲ့ ကစားသမားတွေထဲက ဘယ်သူနဲ့ ပြန်တွဲပြီး ကစားချင်သလဲ ၊
ဘယ်သူ့ကို ပြိုင်ဖက်အနေနဲ့ ရင်ဆိုင်လိုသလဲ ဆိုရင် ကျွန်တော်ရော်နယ်ဒို ကိုပဲ
ထပ်မံ ရွေးချယ်ချင်ပါတယ် ။ကျွန်တော်က ရော်နယ်ဒိုကို ငယ်ငယ်လေးထဲက
အတော်ကို သဘောကျခဲ့တာဗျ”
“သူ့ကို ပြိုင်ဖက် အနေနဲ့ ရင်ဆိုင်ရဖို့က အလွန် ခက်ခဲမှာ သေချာပါတယ်” လို့
ပြောကြားခဲ့ပါတယ် ။
Zawgyi
ရော်နယ်ဒိုသည် ကန်တေရဲ့ အိုင်ဒေါဖြစ်သည်…
ဝန်ခံခဲ့ပါတယ် ။
ပြောကြားခဲ့ပါတယ် ။