ရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးအင်္ကျီကို ပေါင် ၃၉၀၀၀ ကျော်နဲ့လေလံတင်ရောင်းချခဲ့

တစ်ကျော့ပြန် ယူနိုက်တက်ကစားသမားဘဝမှာ ရော်နယ်ဒိုနောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို ပေါင် ၃၉၀၀၀ ကျော်နဲ့လေလံတင်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ယခုလအစောပိုင်းက ဗီလာနဲ့ပွဲစဉ်မှာ ဝတ်ဆင်ခဲ့တဲ့ ဒီအဖြူရောင်အင်္ကျီကို အမည်မဖော်လိုတဲ့ တရုတ်လေလံဆွဲသူတစ်ဦးက ဝယ်ယူခဲ့တာဖြစ်တယ်။ ဒီအင်္ကျီဟာ ပေါ်တူဂီစူပါစတားရဲ့

ယူနိုက်တက်ကစားသမားဘဝနောက်ဆုံးဖြစ်လာနိုင်ပါတယ်။ အသက် ၃၇နှစ်အရွယ် ရော်နယ်ဒိုဟာ ပေါက်ကွဲအားပြင်းတဲ့ အင်တာဗျူးအပြီးမှာ ယူနိုက်တက်တာဝန်ရှိသူတွေအပါအဝင်

နည်းပြတန်ဟတ်တို့နဲ့ ခွာပြဲသွားခဲ့သလို ကမ္ဘာ့ဖလားပြီးရင် အသင်းသစ်ရှာဖွေရဖို့ရှိနေတာဖြစ်တယ်။ အပြောင်းအရွှေ့ဂုရုတစ်ယောက်ဖြစ်တဲ့ အီတလီဂျာနယ်လစ်ရိုမာနိုက ”

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့ဖလားပြီးရင် ရော်နယ်ဒိုကို ကာရင်တန်ပြန်မလာစေဖို့ ညွှန်ကြားထားတယ်ဆိုတာအမှန်ပါပဲ” သူ့ရဲ့ တွစ်တာအကောင့်မှာ အတည်ပြုပေးထားပါတယ်။

ယူနိုက်တက်ဘက်က ဒီအစဉ်အတိုင်းဆက်သွားဖို့ရှိနေပြီး ဒါဟာအင်တာဗျူးကိစ္စကိုတုံ့ပြန်တဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး နောက်ထပ်လာလိမ့်ဦးမယ်လို့ ရိုမာနိုကအသိပေးထားပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကိုပြန်လာဖို့ မျှော်လင့်ထားပုံမရပါဘူး။ ဒါကြောင့် တရုတ်လေလံဆွဲသူဝယ်ယူခဲ့တဲ့ ဗီလာနဲ့ပွဲစဉ်က အဝေးကွင်း အင်္ကျီဟာ

ပေါ်တူဂီကြယ်ပွင့်ရဲ့ ယူနိုက်တက်ကစားသမားဘဝနောက်ဆုံးဖြစ်ဖို့များနေပါတယ်။

(Zawgyi)

ေရာ္နယ္ဒိုဝတ္ဆင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားဘဝ ေနာက္ဆုံးအက်ႌကို ေပါင္ ၃၉၀၀၀ ေက်ာ္နဲ႔ေလလံတင္ေရာင္းခ်ခဲ့

တစ္ေက်ာ့ျပန္ ယူႏိုက္တက္ကစားသမားဘဝမွာ ေရာ္နယ္ဒိုေနာက္ဆုံးဝတ္ဆင္ခဲ့တဲ့ အက်ႌကို ေပါင္ ၃၉၀၀၀ ေက်ာ္နဲ႔ေလလံတင္ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။ ယခုလအေစာပိုင္းက ဗီလာနဲ႔ပြဲစဥ္မွာ

ဝတ္ဆင္ခဲ့တဲ့ ဒီအျဖဴေရာင္အက်ႌကို အမည္မေဖာ္လိုတဲ့ တ႐ုတ္ေလလံဆြဲသူတစ္ဦးက ဝယ္ယူခဲ့တာျဖစ္တယ္။ ဒီအက်ႌဟာ ေပၚတူဂီစူပါစတားရဲ႕ ယူႏိုက္တက္ကစားသမားဘဝေနာက္ဆုံးျဖစ္လာႏိုင္ပါတယ္။

အသက္ ၃၇ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုဟာ ေပါက္ကြဲအားျပင္းတဲ့အင္တာဗ်ဴးအၿပီးမွာ ယူႏိုက္တက္တာဝန္ရွိသူေတြအပါအဝင္ နည္းျပတန္ဟတ္တို႔နဲ႔ကြဲၿပဲသြားခဲ့သလို

ကမာၻ႔ဖလားၿပီးရင္အသင္းသစ္ရွာေဖြရဖို႔ရွိေနတာျဖစ္တယ္။ အေျပာင္းအေ႐ႊ႕ဂု႐ုတစ္ေယာက္ျဖစ္တဲ့ အီတလီဂ်ာနယ္လစ္႐ိုမာႏိုက “မန္ခ်က္စတာယူႏိုက္တက္ဟာ ကမာၻ႔ဖလားၿပီးရင္

ေရာ္နယ္ဒိုကို ကာရင္တန္ျပန္မလာေစဖို႔ ၫႊန္ၾကားထားတယ္ဆိုတာအမွန္ပါပဲ” သူ႔ရဲ႕ တြစ္တာအေကာင့္မွာ အတည္ျပဳေပးထားပါတယ္။ ယူႏိုက္တက္ဘက္က ဒီအစဥ္အတိုင္းဆက္သြားဖို႔ရွိေနၿပီး

ဒါဟာအင္တာဗ်ဴးကိစၥကိုတုံ႔ျပန္တဲ့ပထမဆုံးေျခလွမ္းျဖစ္ၿပီး ေနာက္ထပ္လာလိမ့္ဦးမယ္လို႔ ႐ိုမာႏိုကအသိေပးထားပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း ယူႏိုက္တက္ကိုျပန္လာဖို႔ေမွ်ာ္လင့္ထားပုံမရပါဘူး။

ဒါေၾကာင့္ တ႐ုတ္ေလလံဆြဲသူဝယ္ယူခဲ့တဲ့ ဗီလာနဲ႔ပြဲစဥ္က အေဝးကြင္း အက်ႌဟာ ေပၚတူဂီၾကယ္ပြင့္ရဲ႕ ယူႏိုက္တက္ကစားသမားဘဝေနာက္ဆုံးျဖစ္ဖို႔မ်ားေနပါတယ္။