ရော်နယ်ဒိုလုပ်သမျှအရာအားလုံးကို အယ်လ်နက်ဆာကြယ်ပွင့်တွေလိုက်လုပ်နေတယ်လို့ ကလပ်ရဲ့အာဟာရပညာရှင် ဖွင့်ဟလာ

ရော်နယ်ဒိုဟာ အယ်လ်နက်ဆာကြယ်ပွင့်တွေကို သူ့ရဲ့စားသောက်

နေထိုင်မှုပုံစံအတိုင်း တွန်းအားပေးထားနိုင်တယ်လို့ ကလပ်ရဲ့

အာဟာရပညာရှင်ကဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီစူပါစတားဟာ

ပရော်ဖက်ရှင်နယ်သက်တမ်းတစ်လျှောက်ကြံ့ခိုင်မှုကိုဦးစားပေးသူပီသစွာနဲ့

အယ်လ်နက်ဆာအသင်းဖော်တွေကို လှုံ့ဆော်မှုပေးထားနိုင်တာဖြစ်တယ်။

ယူနိုက်တက်မှာရှိစဉ်အချိန်ကတည်းက သရဲနီကြယ်ပွင့်တွေဟာ

ရော်နယ်ဒို ဘယ်လိုစားသောက်နေထိုင်သလဲဆိုတာကို တုပခဲ့တယ်ဆိုတဲ့

ဇာတ်လမ်းတွေထွက်ပေါ်လာပါသေးတယ်။ လက်ရှိဆော်ဒီကလပ်မှာလည်း

GOAT တစ်ယောက်ရဲ့သြဇာကလွှမ်းမိုးမှုအပြည့်ရှိနေပြီး သူဟာ

အစားအသောက်နဲ့ပက်သတ်လို့ အံ့အားသင့်ဖို့ကောင်းလောက်အောင်

တင်းကြပ်ထားသလို အယ်လ်နက်ဆာကြယ်ပွင့်တွေကလည်း

သူ့လမ်းစဉ်အတိုင်းလိုက်လံလုပ်ဆောင်နေကြတယ်လို့ အာဟာရပညာရှင်

ဂျိုးဆေးဘလီဆာက ပြောဆိုခဲ့ပါတယ်။ “သူနဲ့လက်တွဲလုပ်ဆောင်လို့

ကလပ်အသင်းတိုးတက်ပြောင်းလဲသွားဖို့ဆိုတာ မသေချာပေမယ့်

ခရစ္စတီယာနိုလို ပရော်ဖက်ရှင်နယ်ပီသသူမျိုးမတွေ့ဖူးပါဘူး။

သူ့ကို ဘာမှသင်ပေးစရာမလိုတော့တာကြောင့် သူ့ပတ်ဝန်းကျင်မှာ

ကျောင်းတစ်ခုလိုဖန်တီးပေးလိုက်ပါတယ်။ ကျန်ကစားသမားတွေက

သူလုပ်သမျှလိုက်လုပ်နေပြီး အကျိုးသက်ရောက်မှုလည်းရှိပါတယ်။

သူရောက်လာကတည်းက ကစားသမားတွေရဲ့လေ့ကျင့်မှုပြင်းထန်လာသလို

တင်းကျပ်တဲ့ အစားအသောက်စည်းမျဉ်းတွေကိုလိုက်နာခဲ့ကြပြီး

ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ 90% လက်တွေ့ကျကျ တိုးတက်ဖို့အတွက်

လုပ်ဆောင်နေကြတာမျိုး မြင်တောင်မမြင်ဖူးပါဘူး။ အဆီတွေနည်းပြီး

ကြွက်သားများလာသလို လေ့ကျင့်မှုတွေအားလုံးကို သူတို့ရဲ့လက်ချောင်းထိပ်မှာ

လုပ်ဆောင်လာကြပါတယ်” လို့ ဂျိုးဆေးဘလီဆာက ဖွင့်ဟခဲ့ပါတယ်။

zawgyi

ေရာ္နယ္ဒိုလုပ္သမွ်အရာအားလုံးကို အယ္လ္နက္ဆာၾကယ္ပြင့္ေတြလိုက္လုပ္ေနတယ္လို႔ ကလပ္ရဲ႕အာဟာရပညာရွင္ ဖြင့္ဟလာ

ေရာ္နယ္ဒိုဟာ အယ္လ္နက္ဆာၾကယ္ပြင့္ေတြကို သူ႔ရဲ႕စားေသာက္

ေနထိုင္မႈပုံစံအတိုင္း တြန္းအားေပးထားႏိုင္တယ္လို႔ ကလပ္ရဲ႕

အာဟာရပညာရွင္ကဖြင့္ဟလိုက္ပါတယ္။ ေပၚတူဂီစူပါစတားဟာ

ပေရာ္ဖက္ရွင္နယ္သက္တမ္းတစ္ေလွ်ာက္ႀကံ့ခိုင္မႈကိုဦးစားေပးသူပီသစြာနဲ႔

အယ္လ္နက္ဆာအသင္းေဖာ္ေတြကို လႈံ႕ေဆာ္မႈေပးထားႏိုင္တာျဖစ္တယ္။

ယူႏိုက္တက္မွာရွိစဥ္အခ်ိန္ကတည္းက သရဲနီၾကယ္ပြင့္ေတြဟာ

ေရာ္နယ္ဒို ဘယ္လိုစားေသာက္ေနထိုင္သလဲဆိုတာကို တုပခဲ့တယ္ဆိုတဲ့

ဇာတ္လမ္းေတြထြက္ေပၚလာပါေသးတယ္။ လက္ရွိေဆာ္ဒီကလပ္မွာလည္း

GOAT တစ္ေယာက္ရဲ႕ၾသဇာကလႊမ္းမိုးမႈအျပည့္ရွိေနၿပီး သူဟာ

အစားအေသာက္နဲ႔ပက္သတ္လို႔ အံ့အားသင့္ဖို႔ေကာင္းေလာက္ေအာင္

တင္းၾကပ္ထားသလို အယ္လ္နက္ဆာၾကယ္ပြင့္ေတြကလည္း

သူ႔လမ္းစဥ္အတိုင္းလိုက္လံလုပ္ေဆာင္ေနၾကတယ္လို႔ အာဟာရပညာရွင္

ဂ်ိဳးေဆးဘလီဆာက ေျပာဆိုခဲ့ပါတယ္။ “သူနဲ႔လက္တြဲလုပ္ေဆာင္လို႔

ကလပ္အသင္းတိုးတက္ေျပာင္းလဲသြားဖို႔ဆိုတာ မေသခ်ာေပမယ့္

ခရစၥတီယာႏိုလို ပေရာ္ဖက္ရွင္နယ္ပီသသူမ်ိဳးမေတြ႕ဖူးပါဘူး။

သူ႔ကို ဘာမွသင္ေပးစရာမလိုေတာ့တာေၾကာင့္ သူ႔ပတ္ဝန္းက်င္မွာ

ေက်ာင္းတစ္ခုလိုဖန္တီးေပးလိုက္ပါတယ္။ က်န္ကစားသမားေတြက

သူလုပ္သမွ်လိုက္လုပ္ေနၿပီး အက်ိဳးသက္ေရာက္မႈလည္းရွိပါတယ္။

သူေရာက္လာကတည္းက ကစားသမားေတြရဲ႕ေလ့က်င့္မႈျပင္းထန္လာသလို

တင္းက်ပ္တဲ့ အစားအေသာက္စည္းမ်ဥ္းေတြကိုလိုက္နာခဲ့ၾကၿပီး

ခႏၶာကိုယ္ဖြဲ႕စည္းပုံမွာ 90% လက္ေတြ႕က်က် တိုးတက္ဖို႔အတြက္

လုပ္ေဆာင္ေနၾကတာမ်ိဳး ျမင္ေတာင္မျမင္ဖူးပါဘူး။ အဆီေတြနည္းၿပီး

ႂကြက္သားမ်ားလာသလို ေလ့က်င့္မႈေတြအားလုံးကို သူတို႔ရဲ႕လက္ေခ်ာင္းထိပ္မွာ

လုပ္ေဆာင္လာၾကပါတယ္” လို႔ ဂ်ိဳးေဆးဘလီဆာက ဖြင့္ဟခဲ့ပါတယ္။