ရော်နယ်ဒိုလို့ နာမည်ကြီးစေခဲ့တဲ့ ” ခရူဇီယို” ကို ဝယ်လိုက်ပြီး ဘောလုံးကလပ် ၂ခု ပိုင်ဆိုင်လာတဲ့ ရော်နယ်ဒို

ကမ္ဘာ့ဘောလုံးလောကမှာ ရော်နယ်ဒိုလို့ နာမည်ကြီးစေခဲ့တဲ့

စီနီယာကစားသမားဘဝစတင်ခဲ့ရာ အသင်း” ခရူဇီယို” ကို

ဘရာဇီးဂန္ဓဝင် ရော်နယ်ဒိုက အလုံးစုံ ဝယ်ယူပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ခရူဇီယိုကို လီဗာပူးအသင်းပိုင်ရှင်တွေရဲ့FSG လုပ်ငန်းစုက ဝယ်ယူဖို့

ကမ်းလှမ်းကြိုးစားခဲ့ျပမယ့် ရော်နယ်ဒိုက အရေးသာပြီး ဝယ်ယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ၁၆ နှစ်သားအရွယ်မှာ ဒေသဆိုင်ရာလူငယ်အသင်းမှာကစားပြီး

ပွဲဦးထွက်မှာ ၄ ဂိုးသွင်းခဲ့လို့ ဘိုတာဖိုဂိုနဲ့ဆော်ပေါ်လိုအသင်းတွေက

ခေါ်ယူလိုခဲ့ပေမယ့် အမှန်တကယ်​ကြေးပေးပြီး ခေါ်ယူခဲ့တာက ခရူဇီယိုဖြစ်ခဲ့ပါတယ်။

ခရူဇီယိုဟာ ၁၇ နှစ်သာရှိသေးတဲ့ ရော်နယ်ဒိုကို ထိုစဥ္က များပြားတဲ့ ​

ပြောင်းရွေ့ကြေးဖြစ်တဲ့ ယူရို ၅၀၀၀၀ အထိပေးပြီးခေါ်ယူခဲ့တာပါ။

ရော်နယ်ဒိုဟာ ခရူဇီယိုမှာ ၁၉၉၃-၉၄ တစ်ရာသီသာကစားခဲ့ရပါတယ်။

ခရူဇီယိုအတွက် ၁၄ ပွဲကစား ၁၂ ဂိုးသွင်းနိုင်ခဲ့တဲ့မှတ်တမ်းကြောင်လည်း

ပီအက်စ်ဗီက လက်ဦးရယူပြီး ခေ့ါ်ယူခဲ့တာပါ။ ပီအက်စ်ဗီအတွက်လည်း

၄၆ ပွဲကစား ၄၂ ဂိုးခဲ့ပြီး နောက်ပိုင်းမှာတော့ ဘာစီလိုနာ၊ အင်တာ၊ ရီးရဲလ်၊

အေစီမီလန်၊ ကိုရန်သီယန်အသင်းတွေမှာ ကစားခဲ့ကာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ

ချန်ထားလို့မရတဲ့ ဂန္ဓဝင်ဖြစ်ခဲ့တာပါ။ ခရူဇီယိုဟာ လက်ရှိ အခြေအနေဆိုးနေပြီး

ဘရာဇီး ဒုတိယတန်းလိဂ်မှာကစားရတာလည်း ၂ နှစ်ရှိနေပါပြီ။

ခရူဇီယိုကို ဝယ်ယူနိုင်ဖို့အတွက်လည်း ကာလရှည်ကြိုးစားခဲ့ရပြီး

ဘရာဇီးရင်းနှီးမြှပ်နှံမှုဘဏ် XP ရဲ့ပါဝင်ကူညီမှုနဲ့ အပြီးသတ်ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပေမယ့်

ဘရာဇီးမီဒီယာတွေရဲ့အဆိုအရ ယူရို ၇၀ သန်းနဲ့ ဝယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့

သိရပါတယ်။ ခရူဇီယိုရဲ့ ဥက္ကဌဖြစ်လာတဲ့ ရော်နယ်ဒိုကတော့

အသင်းကိုပြန်လည်ပေးဆပ်ချင်ခဲ့ပြီး သူတို့ထိုက်တန်တဲ့နေရာရောက်အောင်၊

အသင်းကြီးတစ်သင်း ပြန်ဖြစ်လာအောင်ကူညီစွမ်းဆောင်သွားမယ်လို့

ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပိန်ကလပ် ဗယ်လာဒိုးလစ်ကိုလည်း

ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားသူဖြစ်ပြီး ခရူဇီယိုဟာ

သူပိုင်ဆိုင်တဲ့ ဒုတိဟမြောက် ဘောလုံးအသင်းဖြစ်လာတာပါ။

zawgyi

ေရာ္နယ္ဒိုလို႔ နာမည္ႀကီးေစခဲ့တဲ့ း” ခ႐ူဇီယို” ကို ဝယ္လိုက္ၿပီး ေဘာလုံးကလပ္ ၂ခု ပိုင္ဆိုင္လာတဲ့ ေရာ္နယ္ဒို

ကမာၻ႔ေဘာလုံးေလာကမွာ ေရာ္နယ္ဒိုလို႔ နာမည္ႀကီးေစခဲ့တဲ့

စီနီယာကစားသမားဘဝစတင္ခဲ့ရာ အသင္း” ခ႐ူဇီယို” ကို

ဘရာဇီးဂႏၶဝင္ ေရာ္နယ္ဒိုက အလုံးစုံ ဝယ္ယူပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ႐ူဇီယိုကို လီဗာပူးအသင္းပိုင္ရွင္ေတြရဲ႕FSG လုပ္ငန္းစုက ဝယ္ယူဖို႔

ကမ္းလွမ္းႀကိဳးစားခဲ့်ပမယ့္ ေရာ္နယ္ဒိုက အေရးသာၿပီး ဝယ္ယူႏိုင္ခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ၁၆ ႏွစ္သားအ႐ြယ္မွာ ေဒသဆိုင္ရာလူငယ္အသင္းမွာကစားၿပီး

ပြဲဦးထြက္မွာ ၄ ဂိုးသြင္းခဲ့လို႔ ဘိုတာဖိုဂိုနဲ႔ေဆာ္ေပၚလိုအသင္းေတြက

ေခၚယူလိုခဲ့ေပမယ့္ အမွန္တကယ္​ေၾကးေပးၿပီး ေခၚယူခဲ့တာက ခ႐ူဇီယိုျဖစ္ခဲ့ပါတယ္။

ခ႐ူဇီယိုဟာ ၁၇ ႏွစ္သာရွိေသးတဲ့ ေရာ္နယ္ဒိုကို ထိုစၪၠ မ်ားျပားတဲ့ ​

ေျပာင္းေ႐ြ႕ေၾကးျဖစ္တဲ့ ယူ႐ို ၅၀၀၀၀ အထိေပးၿပီးေခၚယူခဲ့တာပါ။

ေရာ္နယ္ဒိုဟာ ခ႐ူဇီယိုမွာ ၁၉၉၃-၉၄ တစ္ရာသီသာကစားခဲ့ရပါတယ္။

ခ႐ူဇီယိုအတြက္ ၁၄ ပြဲကစား ၁၂ ဂိုးသြင္းႏိုင္ခဲ့တဲ့မွတ္တမ္းေၾကာင္လည္း

ပီအက္စ္ဗီက လက္ဦးရယူၿပီး ေခ့ၚယူခဲ့တာပါ။ ပီအက္စ္ဗီအတြက္လည္း

၄၆ ပြဲကစား ၄၂ ဂိုးခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာ၊ အင္တာ၊ ရီးရဲလ္၊

ေအစီမီလန္၊ ကိုရန္သီယန္အသင္းေတြမွာ ကစားခဲ့ကာ ကမာၻ႔ေဘာလုံးသမိုင္းမွာ

ခ်န္ထားလို႔မရတဲ့ ဂႏၶဝင္ျဖစ္ခဲ့တာပါ။ ခ႐ူဇီယိုဟာ လက္ရွိ အေျခအေနဆိုးေနၿပီး

ဘရာဇီး ဒုတိယတန္းလိဂ္မွာကစားရတာလည္း ၂ ႏွစ္ရွိေနပါၿပီ။

ခ႐ူဇီယိုကို ဝယ္ယူႏိုင္ဖို႔အတြက္လည္း ကာလရွည္ႀကိဳးစားခဲ့ရၿပီး

ဘရာဇီးရင္းႏွီးျမႇပ္ႏွံမႈဘဏ္ XP ရဲ႕ပါဝင္ကူညီမႈနဲ႔ အၿပီးသတ္ဝယ္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႑ာေရးဆိုင္ရာ အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္း မရွိေပမယ့္

ဘရာဇီးမီဒီယာေတြရဲ႕အဆိုအရ ယူ႐ို ၇၀ သန္းနဲ႔ ဝယ္ယူႏိုင္ခဲ့တာျဖစ္တယ္လို႔

သိရပါတယ္။ ခ႐ူဇီယိုရဲ႕ ဥကၠဌျဖစ္လာတဲ့ ေရာ္နယ္ဒိုကေတာ့

အသင္းကိုျပန္လည္ေပးဆပ္ခ်င္ခဲ့ၿပီး သူတို႔ထိုက္တန္တဲ့ေနရာေရာက္ေအာင္၊

အသင္းႀကီးတစ္သင္း ျပန္ျဖစ္လာေအာင္ကူညီစြမ္းေဆာင္သြားမယ္လို႔

ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ စပိန္ကလပ္ ဗယ္လာဒိုးလစ္ကိုလည္း

ရွယ္ယာ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားသူျဖစ္ၿပီး ခ႐ူဇီယိုဟာ

သူပိုင္ဆိုင္တဲ့ ဒုတိဟေျမာက္ ေဘာလုံးအသင္းျဖစ္လာတာပါ။