ရော်နယ်ဒိုလိုစိတ်ဓာတ်မျိုးပါးပါးလေးရှိခဲ့ရင်တောင် ကမ္ဘာ့အကောင်းဆုံးဖြစ်နိုင်ခဲ့တယ်လို့ ယူနိုက်တက်ရဲ့ Golden Boy ဆုရှင်ဟောင်း ဖွင့်ဟ

သရဲနီကြယ်ပွင့်ဟောင်း အန်ဒါဆန်က ကစားသမားဘဝမှာ ပရော်ဖက်ရှင်နယ်

မပီသခဲ့တာက ဝမ်းနည်းစရာဖြစ်သလို ရော်နယ်ဒိုရဲ့စိတ်ဓာတ်မျိုး

၅ ရာခိုင်နှုန်းလောက်ရှိခဲ့ရင်တောင် ကမ္ဘာ့အကောင်းဆုံးတစ်ယောက်ဖြစ်နိုင်ခဲ့တယ်လို့

ရင်ဖွင့်သွားပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ ၂၀၀၇ ခုနှစ်ဇူလိုင်လမှာ

ပေါ်တိုကနေ ယူနိုက်တက်ကို ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။

၂၀၀၅ ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးဆုရှင်ဖြစ်ခဲ့တဲ့

အန်ဒါဆန်ကို ယူနိုက်တက်ကအလားကောင်းရှိသူအဖြစ်သတ်မှတ်ပြီး ကျောနံပါတ် ၈

ဂျာစီအပ်နှင်းခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ တစ်နှစ်ခွဲကြာဖြတ်သန်းပြီးတဲ့နောက်

အန်ဒါဆန်ဟာ ၂၀၀၈ ခုနှစ်အတွက် Golden Boy အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။

ဒါပေမယ့် ဘရာဇီးသားဟာကြံ့ခိုင်မှုအားနည်းသလို ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်

မပီသခဲ့တာကြောင့် ထင်သလောက်မအောင်မြင်ခဲ့ပါဘူး။ “ကျွန်တော့်မှာ ရော်နယ်ဒိုလို

စိတ်ဓာတ်မျိုး ၅ ရာခိုင်နှုန်းလောက်ရှိရင် ကမ္ဘာ့အကောင်းဆုံးဖြစ်နိုင်တယ်။

အရည်အချင်းနဲ့ အောင်မြင်မှုတွေအရကောင်းမွန်တဲ့ပုံစံမှာရှိခဲ့လို့ ခေါင်းတစ်လုံးလောက်

ပိုမြင့်ခဲ့တယ်။ ဒီထက်အများကြီးပိုရနိုင်တယ်။ ဒီနေရာမှာ ရိုးသားရမယ်။

အခုလိုအချိန်မှာ ခရစ္စတီယာနိုရဲ့ ၅ ရာခိုင်နှုန်းလောက်နဲ့ ပထမတန်းစားအဖြစ်

အလွယ်လေးကစားလို့ရသေးတယ်။ အကြံပေးသူတွေရဲ့စကားနားမထောင်ဘဲ

ပရော်ဖက်ရှင်နယ်မပီသမိခဲ့လို့ ဝမ်းနည်းမိတယ်။ ရာဖေးလ်ဆိုရင် ငါလူကောင်း

တစ်ယောက်မဖြစ်နိုင်ဘူးလို့ အမှန်အတိုင်းပြောပြခဲ့တယ်။ ဘောလုံးကိုအာရုံစိုက်ခဲ့မယ်ဆိုရင်…

ကျွန်တော့်မှာအရည်အသွေးကောင်းအများကြီးရှိနေတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ခေါင်းက

မကူညီနိုင်ခဲ့ဘူး။ အချိန်ကြာလာလေလေ အရာရာကိုသဘောက်ပေါက်လာခဲ့တယ်။

အားလုံးကပြောင်းလဲသွားခဲ့တယ်” လို့ အန်ဒါဆန်က ဖွင့်ဟခဲ့ပါတယ်။

zawgyi

ေရာ္နယ္ဒိုလိုစိတ္ဓာတ္မ်ိဳးပါးပါးေလးရွိခဲ့ရင္ေတာင္ ကမာၻ႔အေကာင္းဆုံးျဖစ္ႏိုင္ခဲ့တယ္လို႔ ယူႏိုက္တက္ရဲ႕ Golden Boy ဆုရွင္ေဟာင္း ဖြင့္ဟ

သရဲနီၾကယ္ပြင့္ေဟာင္း အန္ဒါဆန္က ကစားသမားဘဝမွာ ပေရာ္ဖက္ရွင္နယ္

မပီသခဲ့တာက ဝမ္းနည္းစရာျဖစ္သလို ေရာ္နယ္ဒိုရဲ႕စိတ္ဓာတ္မ်ိဳး

၅ ရာခိုင္ႏႈန္းေလာက္ရွိခဲ့ရင္ေတာင္ ကမာၻ႔အေကာင္းဆုံးတစ္ေယာက္ျဖစ္ႏိုင္ခဲ့တယ္လို႔

ရင္ဖြင့္သြားပါတယ္။ ဘရာဇီးကြင္းလယ္လူဟာ ၂၀၀၇ ခုႏွစ္ဇူလိုင္လမွာ

ေပၚတိုကေန ယူႏိုက္တက္ကို ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္တယ္။

၂၀၀၅ ခုႏွစ္အတြင္းက်င္းပခဲ့တဲ့ ယူ-၁၇ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဆုရွင္ျဖစ္ခဲ့တဲ့

အန္ဒါဆန္ကို ယူႏိုက္တက္ကအလားေကာင္းရွိသူအျဖစ္သတ္မွတ္ၿပီး ေက်ာနံပါတ္ ၈

ဂ်ာစီအပ္ႏွင္းခဲ့တာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ႏွစ္ခြဲၾကာျဖတ္သန္းၿပီးတဲ့ေနာက္

အန္ဒါဆန္ဟာ ၂၀၀၈ ခုႏွစ္အတြက္ Golden Boy အျဖစ္ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္တယ္။

ဒါေပမယ့္ ဘရာဇီးသားဟာႀကံ့ခိုင္မႈအားနည္းသလို ပေရာ္ဖက္ရွင္နယ္ေကာင္းတစ္ေယာက္

မပီသခဲ့တာေၾကာင့္ ထင္သေလာက္မေအာင္ျမင္ခဲ့ပါဘူး။ “ကြၽန္ေတာ့္မွာ ေရာ္နယ္ဒိုလို

စိတ္ဓာတ္မ်ိဳး ၅ ရာခိုင္ႏႈန္းေလာက္ရွိရင္ ကမာၻ႔အေကာင္းဆုံးျဖစ္ႏိုင္တယ္။

အရည္အခ်င္းနဲ႔ ေအာင္ျမင္မႈေတြအရေကာင္းမြန္တဲ့ပုံစံမွာရွိခဲ့လို႔ ေခါင္းတစ္လုံးေလာက္

ပိုျမင့္ခဲ့တယ္။ ဒီထက္အမ်ားႀကီးပိုရႏိုင္တယ္။ ဒီေနရာမွာ ႐ိုးသားရမယ္။

အခုလိုအခ်ိန္မွာ ခရစၥတီယာႏိုရဲ႕ ၅ ရာခိုင္ႏႈန္းေလာက္နဲ႔ ပထမတန္းစားအျဖစ္

အလြယ္ေလးကစားလို႔ရေသးတယ္။ အႀကံေပးသူေတြရဲ႕စကားနားမေထာင္ဘဲ

ပေရာ္ဖက္ရွင္နယ္မပီသမိခဲ့လို႔ ဝမ္းနည္းမိတယ္။ ရာေဖးလ္ဆိုရင္ ငါလူေကာင္း

တစ္ေယာက္မျဖစ္ႏိုင္ဘူးလို႔ အမွန္အတိုင္းေျပာျပခဲ့တယ္။ ေဘာလုံးကိုအာ႐ုံစိုက္ခဲ့မယ္ဆိုရင္…

ကြၽန္ေတာ့္မွာအရည္အေသြးေကာင္းအမ်ားႀကီးရွိေနတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ေခါင္းက

မကူညီႏိုင္ခဲ့ဘူး။ အခ်ိန္ၾကာလာေလေလ အရာရာကိုသေဘာက္ေပါက္လာခဲ့တယ္။

အားလုံးကေျပာင္းလဲသြားခဲ့တယ္” လို႔ အန္ဒါဆန္က ဖြင့္ဟခဲ့ပါတယ္။