ရော်နယ်ဒိုရဲ့  အရာအားလုံးကို ရအောင်ယူခဲ့တဲ့ ဗလာဟိုဗစ်

ဂျူဗင်တပ်စ်က ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို

ယူရို (၇၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဗလာဟိုဗစ်က

ရော်နယ်ဒိုရဲ့ ကျောနံပါတ် (၇) ကို ဝတ်ဆင် ကစားသွားမှာဖြစ်ပါတယ်။

ဗလာဟိုဗစ်ကိုခေါ်ယူဖို့ အာဆင်နယ်တို့ အစောတည်းက ကြိုးစားခဲ့ပေမယ့်

ကစားသမားကိုယ်တိုင်က ဂျူဗင်တပ်စ်ကို လိုလိုချင်ချင်နဲ့

ပြောင်းရွှေ့သွားခဲ့ပါတယ်။ဗလာဟိုဗစ်ဟာ စီးရီးအေမှာ

ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပြီး

ရော်နယ်ဒိုရဲ့နေရာကိုဝင်လာ၊ ရော်နယ်ဒိုကျောနံပါတ်ကို ယူထားတဲ့အပြင်

တူရင်မြို့မှာလည်း ရော်နယ်ဒိုနေထိုင်ခဲ့တဲ့ ရဲတိုက်သဖွယ် ခမ်းနားခဲ့တဲ့

နေအိမ်မှာပဲ ငှားရမ်းနေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

အိမ်ကို တန်ဆာဆင်ထားတဲ့ အမိုက်စားပုံရိပ်တွေ ထွက်လာရာမှာတော့

နှစ်ထပ်အိမ်ကြီး ဖြစ်ပြီး အစောင့်ဂိတ်ရှိတဲ့ သီးခြားလမ်းထဲမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

အိမ်ရဲ့ ဝင်ပေါက်တွင် သစ်ပင်တွေ စိုက်ပျိုးထားတဲ့ ဥယျာဉ် တစ်ခု ရှိပြီး

လှပတဲ့ ပန်းပင်များနဲ့ သာယာလှပါတယ်။ အိမ်ရဲ့ အတွင်းပိုင်းမှာ

အိပ်ခန်း၊ ရေချိုးခန်း ဘယ်နှခန်းပါလဲ အတိအကျမသိရပေမယ့်

အိမ်ရဲ့ အပြင်ဘက် ပုံရိပ်တွေမှာတော့ လှပတဲ့ တောင်တန်းကြီးနဲ့

ရေစီးနေတဲ့ မြစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အိမ်ရဲ့ အတွင်းပိုင်း ပြင်ဆင်မှုတွေ ကြည့်ရင်

ယနေ့ခေတ် မော်ဒန် လက်ရာမျိုး ဖြစ်ပြီး အများစုဟာ

မှန်ထည်၊ ကြွေထည်တွေနဲ့မျက်စိကြွေစရာ နံရံအရောင်စပ်မှုတွေ သုံးကာ

တည်ဆောက်ထားပါတယ်။ အဆင့်မြင့်မော်ဒန်လက်ရာ အိမ်တစ်လုံးနှင့်

ပန်းချီကားတစ်ချပ်လို တင်စားရမယ့် တောင်တန်းဝန်းရံ

မြစ်ချောင်းခြား သီးခြားနေရာလေးကတော့ တူရင်ကို ပြောင်းလာတဲ့

ဆားဘီးယားကြယ်ပွင့် ဗလာဟိုဗစ် အကြိုက် ဖြစ်နိုင်ပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ႕  အရာအားလုံးကို ရေအာင္ယူခဲ့တဲ့ ဗလာဟိုဗစ္

ဂ်ဴဗင္တပ္စ္က ဖီအိုရင္တီးနား တိုက္စစ္မႉး ဗလာဟိုဗစ္ကို

ယူ႐ို (၇၅) သန္းနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ဗလာဟိုဗစ္က

ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ ကစားသြားမွာျဖစ္ပါတယ္။

ဗလာဟိုဗစ္ကိုေခၚယူဖို႔ အာဆင္နယ္တို႔ အေစာတည္းက ႀကိဳးစားခဲ့ေပမယ့္

ကစားသမားကိုယ္တိုင္က ဂ်ဴဗင္တပ္စ္ကို လိုလိုခ်င္ခ်င္နဲ႔

ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။ဗလာဟိုဗစ္ဟာ စီးရီးေအမွာ

ေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းစံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး

ေရာ္နယ္ဒိုရဲ႕ေနရာကိုဝင္လာ၊ ေရာ္နယ္ဒိုေက်ာနံပါတ္ကို ယူထားတဲ့အျပင္

တူရင္ၿမိဳ႕မွာလည္း ေရာ္နယ္ဒိုေနထိုင္ခဲ့တဲ့ ရဲတိုက္သဖြယ္ ခမ္းနားခဲ့တဲ့

ေနအိမ္မွာပဲ ငွားရမ္းေနထိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရွိရပါတယ္။

အိမ္ကို တန္ဆာဆင္ထားတဲ့ အမိုက္စားပုံရိပ္ေတြ ထြက္လာရာမွာေတာ့

ႏွစ္ထပ္အိမ္ႀကီး ျဖစ္ၿပီး အေစာင့္ဂိတ္ရွိတဲ့ သီးျခားလမ္းထဲမွာ တည္ရွိေနတာ ျဖစ္ပါတယ္။

အိမ္ရဲ႕ ဝင္ေပါက္တြင္ သစ္ပင္ေတြ စိုက္ပ်ိဳးထားတဲ့ ဥယ်ာဥ္ တစ္ခု ရွိၿပီး

လွပတဲ့ ပန္းပင္မ်ားနဲ႔ သာယာလွပါတယ္။ အိမ္ရဲ႕ အတြင္းပိုင္းမွာ

အိပ္ခန္း၊ ေရခ်ိဳးခန္း ဘယ္ႏွခန္းပါလဲ အတိအက်မသိရေပမယ့္

အိမ္ရဲ႕ အျပင္ဘက္ ပုံရိပ္ေတြမွာေတာ့ လွပတဲ့ ေတာင္တန္းႀကီးနဲ႔

ေရစီးေနတဲ့ ျမစ္ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အိမ္ရဲ႕ အတြင္းပိုင္း ျပင္ဆင္မႈေတြ ၾကည့္ရင္

ယေန႔ေခတ္ ေမာ္ဒန္ လက္ရာမ်ိဳး ျဖစ္ၿပီး အမ်ားစုဟာ

မွန္ထည္၊ ေႂကြထည္ေတြနဲ႔မ်က္စိေႂကြစရာ နံရံအေရာင္စပ္မႈေတြ သုံးကာ

တည္ေဆာက္ထားပါတယ္။ အဆင့္ျမင့္ေမာ္ဒန္လက္ရာ အိမ္တစ္လုံးႏွင့္

ပန္းခ်ီကားတစ္ခ်ပ္လို တင္စားရမယ့္ ေတာင္တန္းဝန္းရံ

ျမစ္ေခ်ာင္းျခား သီးျခားေနရာေလးကေတာ့ တူရင္ကို ေျပာင္းလာတဲ့

ဆားဘီးယားၾကယ္ပြင့္ ဗလာဟိုဗစ္ အႀကိဳက္ ျဖစ္ႏိုင္ပါတယ္။