ရော်နယ်ဒိုရဲ့ အင်စတာဂရမ်ပို့စ်ကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားတဲ့ ရီးရဲလ်ပရိသတ်များ

အင်စတာဂရမ်မှာ တင်လိုက်တဲ့ ရော်နယ်ဒိုရဲ့ပို့စ်ကြောင့်

ရီးရဲလ်ပရိသတ်တွေကြား အုတ်အော်သောင်းနင်းဖြစ်သွားပြီး
မက်ဒရစ်ဆီ ပြန်လာဖို့ အဲဒီပို့စ်အောက်မှာ ကွန်းမန့်တွေ မန့်ရင်း တောင်းဆိုခဲ့ကြပါတယ်။
ယခုရာသီ ယူနိုက်တက်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်
ရော်နယ်ဒိုဟာ ရှက်ဖီးဝမ်းစ်ဒေးကွင်းလယ်လူဟောင်း
ဟိုဆေးဆီမီဒို၊ စပို့တင်းအသင်းဖော်ဟောင်း မီဂွယ်ပိုင်ဆာအိုတို့နဲ့အတူ

တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ တင်ခဲ့တာပါ။
အဲဒီဓာတ်ပုံနဲ့အတူ အသက် ၃၇ နှစ်အရွယ်ရှိ
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက
”ကိုယ့်ညီအစ်ကိုတွေနဲ့ဆိုရင် အမြဲတမ်းအေးဆေးပဲ”ဆိုတဲ့ စာပါ ရေးသားခဲ့ပါတယ်။
အဲဒီပို့စ်ကြောင့်ပဲ ရီးရဲလ်ပရိသတ်တွေ သည်းသည်းလှုပ်ဖြစ်သွားပြီး

ရီးရဲလ်ကို ပြန်လာဖို့ ရော်နယ်ဒိုကို တောင်းဆိုခဲ့ကြပါတယ်။
”မက်ဒရစ်ကို ပြန်လာခဲ့ပါလား CR 7 ရေ…”လို့
ပရိသတ်တစ်ဦးက အဲဒီပို့စ်အောက်မှာ ကွန်းမန့် ရေးသားခဲ့ပါတယ်။
ရှက်ဖီးဝမ်းစ်ဒေးနဲ့ လမ်းခွဲလာပြီးနောက် ကလပ်လက်မဲ့ဖြစ်နေတဲ့
ဆီမီဒိုဟာ ရော်နယ်ဒိုနဲ့ ခင်မင်ရင်းနှီးလာတာ နှစ်ပေါင်း

၂၀ ရှိနေပြီဖြစ်ပြီး စပို့တင်းအကယ်ဒမီမှာကတည်းက စတင်ရင်းနှီးခဲ့ကြတာပါ။
ပိုင်ဆာအိုနဲ့လည်း ရင်းနှီးလာတာ ဆယ်စုနှစ်များစွာ
ကြာနေပြီဖြစ်ကာ စပို့တင်းမှာ တွေ့ဆုံခဲ့ကြတာပါ။
သူဟာ အသက် ၃၁ နှစ်အရွယ် ၂၀၁၅ ခုနှစ်မှာ
ရော်နယ်ဒိုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနိုင်ဖို့အတွက်

ကစားသမားဘဝကနေပါ အနားယူခဲ့ပြီး ကစားသမားဘဝမှာ
၁၁၂ပွဲကစား ၁၁ဂိုးသွင်းယူခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူနဲ့ အသင်းအတွက် စိတ်ပျက်စရာ
ရာသီနဲ့ ရင်ဆိုင်နေရပေမယ့် ယခုရာသီမှာ ၂၄ဂိုး
သွင်းယူပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

စနေနေ့က ဘရိုက်တန်ကို ၄-၀ ဂိုးနဲ့ အရှက်တကွဲ
အရေးနိမ့်ခဲ့ရပြီးနောက် ရော်နယ်ဒိုလည်း ရာသီသစ်မှာ
နည်းပြသစ် တန်ဟတ်ရဲ့ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ်
ကစားခွင့်ရရေးမျှော်လင့်ချက်လည်း လုံးဝအဆုံးသတ်သွားပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ႕ အင္စတာဂရမ္ပို႔စ္ေၾကာင့္ အုတ္ေအာ္ေသာင္းနင္းျဖစ္သြားတဲ့ ရီးရဲလ္ပရိသတ္မ်ား
အင္စတာဂရမ္မွာ တင္လုိက္တဲ့ ေရာ္နယ္ဒိုရဲ႕ပုိ႔စ္ေၾကာင့္
ရီးရဲလ္ပရိသတ္ေတြၾကား အုတ္ေအာ္ေသာင္းနင္းျဖစ္သြားၿပီး

မက္ဒရစ္ဆီ ျပန္လာဖို႔ အဲဒီပို႔စ္ေအာက္မွာ ကြန္းမန္႔ေတြ မန္႔ရင္း ေတာင္းဆိုခဲ့ၾကပါတယ္။
ယခုရာသီ ယူႏုိက္တက္အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္
ေရာ္နယ္ဒိုဟာ ရွက္ဖီး၀မ္းစ္ေဒးကြင္းလယ္လူေဟာင္း
ဟိုေဆးဆီမီဒို၊ စပို႔တင္းအသင္းေဖာ္ေဟာင္း မီဂြယ္ပိုင္ဆာအိုတုိ႔နဲ႔အတူ
တြဲရိုက္ထားတဲ့ ဓာတ္ပံုကို သူ႕ရဲ႕အင္စတာဂရမ္မွာ တင္ခဲ့တာပါ။

အဲဒီဓာတ္ပုံနဲ႔အတူ အသက္ ၃၇ ႏွစ္အရြယ္ရွိ
ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုက
”ကုိယ့္ညီအစ္ကိုေတြနဲ႔ဆိုရင္ အၿမဲတမ္းေအးေဆးပဲ”ဆိုတဲ့ စာပါ ေရးသားခဲ့ပါတယ္။
အဲဒီပို႔စ္ေၾကာင့္ပဲ ရီးရဲလ္ပရိသတ္ေတြ သည္းသည္းလႈပ္ျဖစ္သြားၿပီး
ရီးရဲလ္ကို ျပန္လာဖို႔ ေရာ္နယ္ဒိုကို ေတာင္းဆုိခဲ့ၾကပါတယ္။

”မက္ဒရစ္ကို ျပန္လာခဲ့ပါလား CR 7 ေရ…”လုိ႔
ပရိသတ္တစ္ဦးက အဲဒီပို႔စ္ေအာက္မွာ ကြန္းမန္႔ ေရးသားခဲ့ပါတယ္။
ရွက္ဖီး၀မ္းစ္ေဒးနဲ႔ လမ္းခြဲလာၿပီးေနာက္ ကလပ္လက္မဲ့ျဖစ္ေနတဲ့
ဆီမီဒိုဟာ ေရာ္နယ္ဒိုနဲ႔ ခင္မင္ရင္းႏွီးလာတာ ႏွစ္ေပါင္း
၂၀ ရွိေနၿပီျဖစ္ၿပီး စပို႔တင္းအကယ္ဒမီမွာကတည္းက စတင္ရင္းႏွီးခဲ့ၾကတာပါ။

ပိုင္ဆာအုိနဲ႔လည္း ရင္းႏွီးလာတာ ဆယ္စုႏွစ္မ်ားစြာ
ၾကာေနၿပီျဖစ္ကာ စပုိ႔တင္းမွာ ေတြ႕ဆုံခဲ့ၾကတာပါ။
သူဟာ အသက္ ၃၁ ႏွစ္အရြယ္ ၂၀၁၅ ခုႏွစ္မွာ
ေရာ္နယ္ဒိုရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ကူညီေပးနိုင္ဖို႔အတြက္
ကစားသမားဘ၀ကေနပါ အနားယူခဲ့ၿပီး ကစားသမားဘ၀မွာ

၁၁၂ပြဲကစား ၁၁ဂိုးသြင္းယူခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ သူနဲ႔ အသင္းအတြက္ စိတ္ပ်က္စရာ
ရာသီနဲ႔ ရင္ဆုိင္ေနရေပမယ့္ ယခုရာသီမွာ ၂၄ဂိုး
သြင္းယူၿပီး အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနပါတယ္။
စေနေန႔က ဘရိုက္တန္ကို ၄-၀ ဂိုးနဲ႔ အရွက္တကြဲ

အေရးနိမ့္ခဲ့ရၿပီးေနာက္ ေရာ္နယ္ဒိုလည္း ရာသီသစ္မွာ
နည္းျပသစ္ တန္ဟတ္ရဲ႕ဦးေဆာင္မႈနဲ႔အတူ ခ်န္ပီယံလိဂ္
ကစားခြင့္ရေရးေမွ်ာ္လင့္ခ်က္လည္း လုံး၀အဆုံးသတ္သြားပါတယ္။