ရော်နယ်ဒိုရဲ့ ဒုတိယသွင်းဂိုးကို ခွင့်ပြုသင့်တယ်ဆိုတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာ

နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒို သွင်းယူခဲ့တဲ့ ဒုတိယမြောက်သွင်းဂိုးဟာ စည်းမျဉ်းဥပဒေအရဆိုရင် သေချာ ပေါက်ခွင့်ပြုရမယ့်

သွင်းဂိုးဖြစ်တယ်ဆိုတာကို သက်သေပြနေတဲ့ ဗီဒီယိုဖိုင် တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဗီဒီယိုကိုတော့ ပွဲကြည့်စင်မှာ ရှိနေတဲ့ ပရိသတ်တစ်ယောက်က မှတ်တမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်အတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် ပထမတစ်ဂိုးက လူကျွံဘောအဖြစ် သတ်မှတ်ခံရသလို

ဒုတိယသွင်းဂိုးဟာလည်း စည်းမျဉ်းဥပဒေနဲ့ မညီညွတ် ဘူးလို့ သတ်မှတ်ခံခဲ့ရပြီး သွင်းဂိုးမရဘဲ အဝါကတ်ပြားသာ ရခဲ့ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးဟာ ဘောလုံးစည်းမျဉ်း ဥပဒေသအရ ကြည့်မယ်ဆိုရင်တော့

ကျိန်းသေကို ခွင့်ပြုပေးရမယ့် သွင်းဂိုးဖြစ်ခဲ့တယ်လို့ ပရိ သတ်တွေက လိုင်းပေါ်မှာ ပေါက်ကွဲနေကြပါတယ်။

ဒီပွဲစဉ်မှာ နယူးကာဆယ် ဖရီးကစ် ကန်ခွင့်ရတော့ ကွင်းလယ်ဒိုင် ခရိတ်ပေါဆင်က ခရာကို အရင်ဆုံး မှုတ်ခဲ့တာပါ။

အဲဒီနောက် နယူးကာဆယ် နောက်ခံလူ ဖေဘီယန် ရှားက ဘောလုံးကို တစ်ချက်ထိခဲ့ပါတယ်။ ဒါဆိုရင် ဒီဘောလုံးဟာ တည်ကန် ဘောအဖြစ် အသက်ဝင်သွားခဲ့ပြီလို့ စည်းမျဉ်းသတ်မှတ်ချက်အရ အကျုံးဝင် ပါတယ်။

ဒီလိုမျိုး သဘောပေါက်နားလည်တဲ့ စီရော်နယ်ဒိုက ဂိုးသမား နစ်ပုတ်ရဲ့ အနားကို ချဉ်းကပ်လာခဲ့ပြီး ဗလာကျင်းနေတဲ့ ဂိုးပေါက်ထဲကို ဘောလုံးကို ဆွဲပြေးကန်သွင်း ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကွင်းလယ်ဒိုင် ပေါဆင်ကတော့ ခွင့်မပြုခဲ့သလို ရော်နယ်ဒိုဟာ စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး အဝါကတ်တောင် ပြလိုက်ပါသေးတယ်။ ပွဲအပြီးမှာတော့ နည်းပြတန်ဟတ်က ‘’လူတိုင်းလည်း ဒါကို တွေ့ နေတာပဲဗျာ။

ကျွန်တော့်မှာ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါကို ဒိုင်တွေနဲ့ သွား ပြောကြည့်တာလောက်ပဲ ရှိပါတယ်။ ကွင်းထဲမှာ ဒီနေ့ဖြစ်ခဲ့တာတွေကို အားလုံးလည်း မြင်ခဲ့ကြရတာပဲလေ’’ လို့ ပြောသွားခဲ့ပါတယ်။

ဒါပေမဲ့ အခြား တစ်ဖက်မှာတော့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ‘’ကျွန်တော်လည်း တွေ့ခဲ့ပါတယ်။ ဖေဘီယန်ဟာ ဖရီးကစ်ကို မကန်ခဲ့ဘူးဆိုတာ ရှင်းနေတာပါ ပဲ။

သူက ဘောလုံးကို ထိတယ်ဆိုရုံလေးထိပြီး ဖရီးကစ်ကန်တင်ဖို့အတွက် နစ်ပုတ်ဆီကို ပေးခဲ့တာပါ။ နစ်ပုတ်ကလည်း ဘောလုံးကို ကန်တင်ဖို့အ တွက် စောင့်နေခဲ့တာပါ’’ လို့ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

ေရာ္နယ္ဒိုရဲ႕ ဒုတိယသြင္းဂိုးကို ခြင့္ျပဳသင့္တယ္ဆိုတဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာ

======================
နယူးကာဆယ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ မန္ယူတိုက္စစ္မႉး စီေရာ္နယ္ဒို သြင္းယူခဲ့တဲ့ ဒုတိယေျမာက္သြင္းဂိုးဟာ စည္းမ်ဥ္းဥပေဒအရဆိုရင္ ေသခ်ာ ေပါက္ခြင့္ျပဳရမယ့္ သြင္းဂိုးျဖစ္တယ္ဆိုတာကို သက္ေသျပေနတဲ့ ဗီဒီယိုဖိုင္ တစ္ခု ေပၚထြက္လာခဲ့ပါတယ္။

ဒီဗီဒီယိုကိုေတာ့ ပြဲၾကည့္စင္မွာ ရွိေနတဲ့ ပရိ သတ္တစ္ေယာက္က မွတ္တမ္းတင္ခဲ့တာပဲ ျဖစ္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ေပၚတူဂီတိုက္စစ္မႉးဟာ ယူႏိုက္တက္အ တြက္ ၂ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ေပမယ့္ ပထမတစ္ဂိုးက လူကြၽံေဘာအျဖစ္ သတ္မွတ္ခံရသလို ဒုတိယသြင္းဂိုးဟာလည္း စည္းမ်ဥ္းဥပေဒနဲ႔ မညီၫြတ္ ဘူးလို႔ သတ္မွတ္ခံခဲ့ရၿပီး သြင္းဂိုးမရဘဲ အဝါကတ္ျပားသာ ရခဲ့ပါတယ္။

ဒါေပမဲ့ စီေရာ္နယ္ဒိုရဲ႕ သြင္းဂိုးဟာ ေဘာလုံးစည္းမ်ဥ္း ဥပေဒသအရ ၾကည့္ မယ္ဆိုရင္ေတာ့ က်ိန္းေသကို ခြင့္ျပဳေပးရမယ့္ သြင္းဂိုးျဖစ္ခဲ့တယ္လို႔ ပရိ သတ္ေတြက လိုင္းေပၚမွာ ေပါက္ကြဲေနၾကပါတယ္။ ဒီပြဲစဥ္မွာ နယူးကာဆယ္ အသင္း ဖရီးကစ္ ကန္ခြင့္ရေတာ့ ကြင္းလယ္ဒိုင္ ခရိတ္ေပါဆင္က ခရာကို အရင္ဆုံး မႈတ္ခဲ့တာပါ။

အဲဒီေနာက္ နယူးကာဆယ္ ေနာက္ခံလူ ေဖဘီယန္ ရွားက ေဘာလုံးကို တစ္ခ်က္ထိခဲ့ပါတယ္။ ဒါဆိုရင္ ဒီေဘာလုံးဟာ တည္ကန္ ေဘာအျဖစ္ အသက္ဝင္သြားခဲ့ၿပီလို႔ စည္းမ်ဥ္းသတ္မွတ္ခ်က္အရ အက်ဳံးဝင္ ပါတယ္။ ဒီလိုမ်ိဳး သေဘာေပါက္နားလည္တဲ့ စီေရာ္နယ္ဒိုက ဂိုးသမား နစ္ပုတ္ရဲ႕ အနားကို ခ်ဥ္းကပ္လာခဲ့ၿပီး ဗလာက်င္းေနတဲ့ ဂိုးေပါက္ထဲကို ေဘာလုံးကို ဆြဲေျပးကန္သြင္း ယူခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ကြင္းလယ္ဒိုင္ ေပါဆင္ကေတာ့ ခြင့္မျပဳခဲ့သလို ေရာ္နယ္ဒိုဟာ စည္းကမ္း ခ်ိဳးေဖာက္တယ္ဆိုၿပီး အဝါကတ္ေတာင္ ျပလိုက္ပါေသးတယ္။

ပြဲအၿပီးမွာေတာ့ နည္းျပတန္ဟတ္က ‘’လူတိုင္းလည္း ဒါကို ေတြ႕ ေနတာပဲဗ်ာ။ ကြၽန္ေတာ့္မွာ မွတ္ခ်က္ေပးစရာ မရွိပါဘူး။

ဒါကို ဒိုင္ေတြနဲ႔ သြား ေျပာၾကည့္တာေလာက္ပဲ ရွိပါတယ္။ ကြင္းထဲမွာ ဒီေန႔ျဖစ္ခဲ့တာေတြကို အား လုံးလည္း ျမင္ခဲ့ၾကရတာပဲေလ’’ လို႔ ေျပာသြားခဲ့ပါတယ္။

ဒါေပမဲ့ အျခား တစ္ဖက္မွာေတာ့ နယူးကာဆယ္နည္းျပ အက္ဒီဟိုဝီက ‘’ကြၽန္ေတာ္လည္း ေတြ႕ခဲ့ပါတယ္။

ေဖဘီယန္ဟာ ဖရီးကစ္ကို မကန္ခဲ့ဘူးဆိုတာ ရွင္းေနတာပါ ပဲ။ သူက ေဘာလုံးကို ထိတယ္ဆို႐ုံေလးထိၿပီး ဖရီးကစ္ကန္တင္ဖို႔အတြက္ နစ္ပုတ္ဆီကို ေပးခဲ့တာပါ။ နစ္ပုတ္ကလည္း ေဘာလုံးကို ကန္တင္ဖို႔အ တြက္ ေစာင့္ေနခဲ့တာပါ’’ လို႔ ေျပာဆိုသြားခဲ့ပါတယ္။