ရော်နယ်ဒိုရဲ့ တောင်းဆိုမှုကို ငြင်းဆိုခဲ့တဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ဟာခရစ္စတီယာနိုရော်နယ်ဒိုက

သူ့ရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာရေးအတွက်ကစားကွက်သစ်

ပြောင်းလဲကစားရန်တောင်းဆိုမှုကိုပယ်ချခဲ့ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနောက်ပိုင်းပွဲစဉ်များတွင်

အကောင်းဆုံးပုံစံရရှိလာရန်ရုန်းကန်နေရသူဖြစ်ပြီး

မကြာသေးမီတုန်းကအာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးဟင်နရီက

ခရစ္စတီယာနိုရော်နယ်ဒိုမှာယခင်ကခရစ္စတီယာနိုရော်နယ်ဒို

မဟုတ်တော့ကြောင်းပြောကြားခဲ့ဖူးပါတယ်။

အသက်၃၇နှစ်ရှိပေါ်တူဂီစူပါစတားဟာယူနိုက်တက်ရဲ့

နောက်ဆုံး၉ပွဲတွင်၁ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကအက်သလက်တီကိုနှင့်ပွဲတွင်

ဂိုးပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့ပါဘူး။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းသူ့ရဲ့အကောင်းဆုံးခြေစွမ်း

မပြနိုင်မှုအပေါ် စိတ်ပျက်နေပါတယ်။

ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာ

သူ့ရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာရေးအတွက်

တိုက်စစ်သမားနှစ်ဦးပါဝင်တဲ့ ကစားကွက်ကိုပြောင်းလဲအသုံးပြုရန်

ရန်းနစ်ခ်ကိုတောင်းဆိုခဲ့ကြောင်း The Athletic ကဖော်ပြသွားပါတယ်။

ဒါပေမဲ့ဂျာမန်လူမျိုးနည်းပြဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့

တောင်းဆိုမှုကိုငြင်းဆိုခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဆောက်သမ်တန်နှင့်

တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ရန်းနစ်ခ်အပါအဝင်

ယူနိုက်တက်ကစားသမားများနှင့်တွေ့ဆုံမှုပြုလုပ်ရာမှာ

တိုက်စစ်ကစားဖော်လိုအပ်နေကြောင်းတင်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခြားယူနိုက်တက်စီနီယာကစားသမားအချို့တို့ကလည်း

ရော်နယ်ဒိုရဲ့အဆိုကို ထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ရန်းနစ်ခ်ကတော့ ၎င်းတို့ရဲ့တောင်းဆိုမှုကိုပယ်ချခဲ့ပါတယ်။

ရေးဖ်ရန်းနစ်ခ်ဟာယူနိုက်တက်သို့ရောက်လာပြီးနောက်

အစောပိုင်းတွင် ၄-၂-၂-၂ ကစားကွက်ကိုအသုံးပြုပေမဲ့နောက်ပိုင်းပွဲများမှာ

၄-၃-၃ ကစားကွက်ကိုအဓိကအားပြုအသုံးပြုလာနေပါတယ်။

zawgyi

ေရာ္နယ္ဒိုရဲ႕ ေတာင္းဆိုမႈကို ျငင္းဆိုခဲ့တဲ့ ရန္းနစ္ခ္

မန္ခ်က္စတာယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုက

သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေရးအတြက္ကစားကြက္သစ္

ေျပာင္းလဲကစားရန္ေတာင္းဆိုမႈကိုပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေနာက္ပိုင္းပြဲစဥ္မ်ားတြင္

အေကာင္းဆုံးပုံစံရရွိလာရန္႐ုန္းကန္ေနရသူျဖစ္ၿပီး

မၾကာေသးမီတုန္းကအာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးဟင္နရီက

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာယခင္ကခရစၥတီယာႏိုေရာ္နယ္ဒို

မဟုတ္ေတာ့ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

အသက္၃၇ႏွစ္ရွိေပၚတူဂီစူပါစတားဟာယူႏိုက္တက္ရဲ႕

ေနာက္ဆုံး၉ပြဲတြင္၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကအက္သလက္တီကိုႏွင့္ပြဲတြင္

ဂိုးေပါက္တည့္တဲ့ကန္ခ်က္တစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းသူ႔ရဲ႕အေကာင္းဆုံးေျခစြမ္း

မျပႏိုင္မႈအေပၚ စိတ္ပ်က္ေနပါတယ္။

ဒါေၾကာင့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေရးအတြက္

တိုက္စစ္သမားႏွစ္ဦးပါဝင္တဲ့ ကစားကြက္ကိုေျပာင္းလဲအသုံးျပဳရန္

ရန္းနစ္ခ္ကိုေတာင္းဆိုခဲ့ေၾကာင္း The Athletic ကေဖာ္ျပသြားပါတယ္။

ဒါေပမဲ့ဂ်ာမန္လူမ်ိဳးနည္းျပဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕

ေတာင္းဆိုမႈကိုျငင္းဆိုခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဆာက္သမ္တန္ႏွင့္

တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးတြင္ ရန္းနစ္ခ္အပါအဝင္

ယူႏိုက္တက္ကစားသမားမ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္ရာမွာ

တိုက္စစ္ကစားေဖာ္လိုအပ္ေနေၾကာင္းတင္ျပခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ အျခားယူႏိုက္တက္စီနီယာကစားသမားအခ်ိဳ႕တို႔ကလည္း

ေရာ္နယ္ဒိုရဲ႕အဆိုကို ေထာက္ခံခဲ့ပါတယ္။

ဒါေပမဲ့ရန္းနစ္ခ္ကေတာ့ ၎တို႔ရဲ႕ေတာင္းဆိုမႈကိုပယ္ခ်ခဲ့ပါတယ္။

ေရးဖ္ရန္းနစ္ခ္ဟာယူႏိုက္တက္သို႔ေရာက္လာၿပီးေနာက္

အေစာပိုင္းတြင္ ၄-၂-၂-၂ ကစားကြက္ကိုအသုံးျပဳေပမဲ့ေနာက္ပိုင္းပြဲမ်ားမွာ

၄-၃-၃ ကစားကြက္ကိုအဓိကအားျပဳအသုံးျပဳလာေနပါတယ္။