
ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းဟာ ရော်နယ်ဒိုရဲ့





အသင်းဖော်ဟောင်းတစ်ဦးကို ခေါ်ယူနိုင်တော့မယ်လို့
စပိန်သတင်းစာ Marca ကဖော်ပြလိုက်ပါတယ်။ ဥရောပဘောလုံး





လောကရဲ့ ဒိတ်ဒိတ်ကြဲကစားသမားတစ်ယောက်ကိုခေါ်ယူ
နိုင်ခဲ့ပြီးနောက် အယ်လ်နက်ဆာအသင်းဟာ နာမည်ကျော်
ကြယ်ပွင့်တွေကိုဆက်တိုက်ခေါ်ယူဖို့ခြေလှမ်းပြင်နေသလို





လက်ရှိမှာတော့ ပီအက်စ်ဂျီဂိုးသမားနာဗက်စ်ဟာ ဆော်ဒီကလပ်ကို
ရောက်လာဖို့အလွန်နီးစပ်နေပြီဖြစ်တယ်။ အယ်လ်နက်ဆာအသင်းရဲ့





ပထမဂိုးသမား အော့စ်ပီနာဟာ ဒဏ်ရာကြောင့် ၆ ပတ်အနားယူ
ရတော့မှာဖြစ်တဲ့အတွက် ဒီနေရာမှာ နာဗက်စ်နဲ့အစားထိုးတော့မှာပါ။
အယ်လ်နက်ဆာအသင်းဟာ နာဗက်စ်ကိုရာသီကုန်အထိ





အငှားစာချုပ်နဲ့ခေါ်ယူဖို့အတွက် ယူရို ၄သန်း သုံးစွဲသွားမယ်လို့
သိရပါတယ်။ ၂၀၁၉ မှာ ရီးရဲလ်ကို ကော်တိုရစ်ရောက်လာခဲ့တဲ့နောက်





ကော်စတာရီကာဂိုးသမားဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့သလို
လက်ရှိမှာလည်း ပါရီကလပ်ဟာ ရေရှည်ပစ်မှတ်အတွက်ဒွန်နာရမ်မာကို
ခေါ်ယူလိုက်တဲ့နောက် နာဗက်စ်ဟာ ဒုတိယဦးစားပေးဂိုးသမား





ဖြစ်လာခဲ့ပါတယ်။ နာဗက်စ်ဟာ ရော်နယ်ဒိုနဲ့အတူ ရီးရဲလ်အသင်းမှာ
အတူရှိနေချိန်အတွင်း ချန်ပီယံလိဂ်ဆုဖလား ၃ကြိမ်နဲ့





လာလီဂါဆုဖလား တစ်ကြိမ်ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။
ရော်နယ်ဒိုအသင်းကနေထွက်ခွာခဲ့ပြီး ချန်ပီယံလိဂ်မှာ ရုရှားကလပ်
CSKA ကိုအရေးနိမ့်ခဲ့တဲ့နောက် နာဗက်စ်က ပေါ်တူဂီတိုက်စစ်မှူးရဲ့





အရေးပါပုံကိုလူသိရှင်ကြားပြောဆိုခဲ့ဖူးသူဖြစ်တယ်။
“ရော်နယ်ဒိုဟာ အကောင်းဆုံးအချိန်မှာ ရီးရဲလ်က





ထွက်သွားခဲ့တယ်။ နေထိုးတာကို လက်နဲ့အုပ်နေလို့မရပါဘူး။
သူရှိနေတုန်းက ဂိုးတွေအများကြီးရခဲ့ပေမဲ့ ဒါတွေကအတိတ်မှာ
ကျန်ခဲ့ပြီ” လို့ နာဗက်စ်က ပြောဆိုခဲ့ဖူးပါတယ်။





zawgyi
ေရာ္နယ္ဒိုရဲ႕အကူအညီနဲ႔ ရီးရဲလ္ကစားသမားေဟာင္းကို အယ္လ္နက္ဆာအသင္း ေခၚယူႏိုင္ေတာ့မယ္





ေဆာ္ဒီကလပ္အယ္လ္နက္ဆာအသင္းဟာ ေရာ္နယ္ဒိုရဲ႕
အသင္းေဖာ္ေဟာင္းတစ္ဦးကို ေခၚယူႏိုင္ေတာ့မယ္လို႔
စပိန္သတင္းစာ Marca ကေဖာ္ျပလိုက္ပါတယ္။ ဥေရာပေဘာလုံး





ေလာကရဲ႕ ဒိတ္ဒိတ္ႀကဲကစားသမားတစ္ေယာက္ကိုေခၚယူ
ႏိုင္ခဲ့ၿပီးေနာက္ အယ္လ္နက္ဆာအသင္းဟာ နာမည္ေက်ာ္





ၾကယ္ပြင့္ေတြကိုဆက္တိုက္ေခၚယူဖို႔ေျခလွမ္းျပင္ေနသလို
လက္ရွိမွာေတာ့ ပီအက္စ္ဂ်ီဂိုးသမားနာဗက္စ္ဟာ ေဆာ္ဒီကလပ္ကို
ေရာက္လာဖို႔အလြန္နီးစပ္ေနၿပီျဖစ္တယ္။ အယ္လ္နက္ဆာအသင္းရဲ႕





ပထမဂိုးသမား ေအာ့စ္ပီနာဟာ ဒဏ္ရာေၾကာင့္ ၆ ပတ္အနားယူ
ရေတာ့မွာျဖစ္တဲ့အတြက္ ဒီေနရာမွာ နာဗက္စ္နဲ႔အစားထိုးေတာ့မွာပါ။





အယ္လ္နက္ဆာအသင္းဟာ နာဗက္စ္ကိုရာသီကုန္အထိ
အငွားစာခ်ဳပ္နဲ႔ေခၚယူဖို႔အတြက္ ယူ႐ို ၄သန္း သုံးစြဲသြားမယ္လို႔
သိရပါတယ္။ ၂၀၁၉ မွာ ရီးရဲလ္ကို ေကာ္တိုရစ္ေရာက္လာခဲ့တဲ့ေနာက္





ေကာ္စတာရီကာဂိုးသမားဟာ ပီအက္စ္ဂ်ီကိုေျပာင္းေ႐ႊ႕ခဲ့သလို
လက္ရွိမွာလည္း ပါရီကလပ္ဟာ ေရရွည္ပစ္မွတ္အတြက္ဒြန္နာရမ္မာကို





ေခၚယူလိုက္တဲ့ေနာက္ နာဗက္စ္ဟာ ဒုတိယဦးစားေပးဂိုးသမား
ျဖစ္လာခဲ့ပါတယ္။ နာဗက္စ္ဟာ ေရာ္နယ္ဒိုနဲ႔အတူ ရီးရဲလ္အသင္းမွာ
အတူရွိေနခ်ိန္အတြင္း ခ်န္ပီယံလိဂ္ဆုဖလား ၃ႀကိမ္နဲ႔





လာလီဂါဆုဖလား တစ္ႀကိမ္ပိုင္ဆိုင္ခဲ့သူျဖစ္တယ္။
ေရာ္နယ္ဒိုအသင္းကေနထြက္ခြာခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ႐ုရွားကလပ္





CSKA ကိုအေရးနိမ့္ခဲ့တဲ့ေနာက္ နာဗက္စ္က ေပၚတူဂီတိုက္စစ္မႉးရဲ႕
အေရးပါပုံကိုလူသိရွင္ၾကားေျပာဆိုခဲ့ဖူးသူျဖစ္တယ္။
“ေရာ္နယ္ဒိုဟာ အေကာင္းဆုံးအခ်ိန္မွာ ရီးရဲလ္က





ထြက္သြားခဲ့တယ္။ ေနထိုးတာကို လက္နဲ႔အုပ္ေနလို႔မရပါဘူး။
သူရွိေနတုန္းက ဂိုးေတြအမ်ားႀကီးရခဲ့ေပမဲ့ ဒါေတြကအတိတ္မွာ





က်န္ခဲ့ၿပီ” လို႔ နာဗက္စ္က ေျပာဆိုခဲ့ဖူးပါတယ္။