
ရော်နယ်ဒို ဥရောပကနေထွက်ခွာသွားခဲ့တာကြောင့် သူနဲ့ပက်သတ်တဲ့





အကြောင်းအရာတွေနဲ့အဆက်မပြတ်ဖို့အတွက် ဒူဘိုင်းမဂ္ဂဇင်း
တစ်စောင်က စတင်လှုပ်ရှားပေးနေပါပြီ။ ဆော်ဒီနိုင်ငံက ပေါ်တူဂီ





စူပါစတားရဲ့နေ့စဉ်ဘဝနေထိုင်မှု၊ ကွင်းတွင်းခြေစွမ်းတွေကို
တစ်ကမ္ဘာလုံးသိရဖို့လုပ်ဆောင်သွားမှာဖြစ်တယ်။ ဘလွန်းဒီအော်
၅ကြိမ်ရှင်ဟာ အယ်လ်နက်ဆာအသင်းကို တစ်နှစ်လုပ်ခ





ပေါင် ၁၇၃ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်သလို သဘောတူညီချက်အရ
ဆော်ဒီနိုင်ငံရဲ့ ၂၀၃၀ ကမ္ဘာ့ဖလားသံတမန်အဖြစ်ပါ





ပူးတွဲဆောင်ရွက်ရမှာဖြစ်သလို ရလဒ်အနေနဲ့ လစာရဲ့နှစ်ဆအထိ
ရလိမ့်မယ်လို့ ယူဆရပါတယ်။ ရော်နယ်ဒို အရှေ့အလယ်ပိုင်းကို
ရောက်လာခဲ့တဲ့နောက် အယ်လ်နက်ဆာအသင်းနဲ့





ဆော်ဒီပရိုလိဂ်ကို လူစိတ်ဝင်စားမှုမြင့်တက်လာတာကြောင့်
အာရေဗျစီးပွားရေးလုပ်ငန်းတစ်ခုက ပေါ်တူဂီသားရဲ့





လုပ်ဆောင်သမျှနောက်ကိုလိုက်ဖို့အတွက် သတင်းထောက်
တစ်ယောက်အလိုရှိနေတာဖြစ်တယ်။ အပတ်စဉ်ထုတ်ဝေနေတဲ့
မဂ္ဂဇင်းတစ်ခုဟာ သတင်းထောက်နေရာအတွက် တိုက်ရိုက်





ထုတ်လွှင့်ပြီးဝန်ထမ်းခေါ်ခဲ့ရာမှာ ၂၄နာရီအတွင်း
ကမ္ဘာတစ်ဝှမ်းက လျှောက်ထားသူ ၁၀၀၀ ကျော်အထိ





လက်ခံရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့
အင်္ဂလိပ်နဲ့ အာရဗီ(ရေးနိုင်၊ ပြောနိုင်)နှစ်မျိုးကျွမ်းကျင်ရမှာဖြစ်တယ်။
မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ မက်သရူးအမ်လော့က





“ကျွန်တော်တို့ရဲ့စီးပွားရေးက အရှေ့အလယ်ပိုင်းရဲ့အကြီးမားဆုံး
အကြောင်းအရာတွေကိုဖုံးဖိပေးထားဖို့ ကတိပြုပါတယ်၊





ရော်နယ်ဒို ဆော်ဒီရောက်လာတဲ့ ကိစ္စထက်ပိုတာဘာမှမရှိပါဘူး။
အာရေဗျပင်လယ်ကွေ့နဲ့ အရှေ့အလယ်ပိုင်းက ဘောလုံးစတား
တစ်ယောက်ရဲ့လှုပ်ရှားမှုကို ထင်သာမြင်သာဖြစ်စေဖို့အတွက်





တက်ကြွတဲ့လူငယ်သတင်းထောက်တစ်ယောက်ကိုရှာဖွေနေတာပါ။
ကျွန်တော်တို့ဟာ သူ့ရဲ့မိသားစုနဲ့အတူ အသက်မွေးဝမ်းကျောင်းသစ်





တစ်ခုစတင်ရာမှာ ရော်နယ်ဒိုရဲ့အံ့အားသင့်ဖို့ကောင်းတဲ့
ဘဝကိုပြသချင်ပါတယ်။ ယဉ်ကျေးမှုနဲ့လိုက်လျောညီထွေအောင်
ဘယ်လိုနေတယ်၊ သူ့အတွက်ဘယ်လိုအတွေ့အကြုံတွေရတယ်၊





ကွင်းထဲကခြေစွမ်းဘယ်လိုရှိတယ်ဆိုတာတွေကို သိရဖို့အတွက်
စာဖတ်သူတွေကို အင်္ဂလိပ်နဲ့ အာရဗီနှစ်ဘာသာခွဲပြီး





တစ်ပတ်ကို တစ်ကြိမ်နှုန်းတင်ဆက်ပေးဖို့ပါ” လို့ ပြောဆိုထားပါတယ်။
zawgyi
ေရာ္နယ္ဒိုရဲ႕သတင္းေထာက္ျဖစ္လာဖို႔အတြက္ ကမာၻတစ္ဝွမ္းကလူတိုင္းမွာ အခြင့္အေရးရွိေနၿပီ





ေရာ္နယ္ဒို ဥေရာပကေနထြက္ခြာသြားခဲ့တာေၾကာင့္ သူနဲ႔ပက္သတ္တဲ့
အေၾကာင္းအရာေတြနဲ႔အဆက္မျပတ္ဖို႔အတြက္ ဒူဘိုင္းမဂၢဇင္း





တစ္ေစာင္က စတင္လႈပ္ရွားေပးေနပါၿပီ။ ေဆာ္ဒီႏိုင္ငံက ေပၚတူဂီ
စူပါစတားရဲ႕ေန႔စဥ္ဘဝေနထိုင္မႈ၊ ကြင္းတြင္းေျခစြမ္းေတြကို
တစ္ကမာၻလုံးသိရဖို႔လုပ္ေဆာင္သြားမွာျဖစ္တယ္။ ဘလြန္းဒီေအာ္





၅ႀကိမ္ရွင္ဟာ အယ္လ္နက္ဆာအသင္းကို တစ္ႏွစ္လုပ္ခ
ေပါင္ ၁၇၃ သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္သလို သေဘာတူညီခ်က္အရ





ေဆာ္ဒီႏိုင္ငံရဲ႕ ၂၀၃၀ ကမာၻ႔ဖလားသံတမန္အျဖစ္ပါ
ပူးတြဲေဆာင္႐ြက္ရမွာျဖစ္သလို ရလဒ္အေနနဲ႔ လစာရဲ႕ႏွစ္ဆအထိ
ရလိမ့္မယ္လို႔ ယူဆရပါတယ္။ ေရာ္နယ္ဒို အေရွ႕အလယ္ပိုင္းကို





ေရာက္လာခဲ့တဲ့ေနာက္ အယ္လ္နက္ဆာအသင္းနဲ႔
ေဆာ္ဒီပ႐ိုလိဂ္ကို လူစိတ္ဝင္စားမႈျမင့္တက္လာတာေၾကာင့္





အာေရဗ်စီးပြားေရးလုပ္ငန္းတစ္ခုက ေပၚတူဂီသားရဲ႕
လုပ္ေဆာင္သမွ်ေနာက္ကိုလိုက္ဖို႔အတြက္ သတင္းေထာက္
တစ္ေယာက္အလိုရွိေနတာျဖစ္တယ္။ အပတ္စဥ္ထုတ္ေဝေနတဲ့





မဂၢဇင္းတစ္ခုဟာ သတင္းေထာက္ေနရာအတြက္ တိုက္႐ိုက္
ထုတ္လႊင့္ၿပီးဝန္ထမ္းေခၚခဲ့ရာမွာ ၂၄နာရီအတြင္း





ကမာၻတစ္ဝွမ္းက ေလွ်ာက္ထားသူ ၁၀၀၀ ေက်ာ္အထိ
လက္ခံရရွိခဲ့ပါတယ္။ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ကေတာ့
အဂၤလိပ္နဲ႔ အာရဗီ(ေရးႏိုင္၊ ေျပာႏိုင္)ႏွစ္မ်ိဳးကြၽမ္းက်င္ရမွာျဖစ္တယ္။





မဂၢဇင္းရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္တဲ့ မက္သ႐ူးအမ္ေလာ့က
“ကြၽန္ေတာ္တို႔ရဲ႕စီးပြားေရးက အေရွ႕အလယ္ပိုင္းရဲ႕အႀကီးမားဆုံး





အေၾကာင္းအရာေတြကိုဖုံးဖိေပးထားဖို႔ ကတိျပဳပါတယ္၊
ေရာ္နယ္ဒို ေဆာ္ဒီေရာက္လာတဲ့ ကိစၥထက္ပိုတာဘာမွမရွိပါဘူး။
အာေရဗ်ပင္လယ္ေကြ႕နဲ႔ အေရွ႕အလယ္ပိုင္းက ေဘာလုံးစတား





တစ္ေယာက္ရဲ႕လႈပ္ရွားမႈကို ထင္သာျမင္သာျဖစ္ေစဖို႔အတြက္
တက္ႂကြတဲ့လူငယ္သတင္းေထာက္တစ္ေယာက္ကိုရွာေဖြေနတာပါ။





ကြၽန္ေတာ္တို႔ဟာ သူ႔ရဲ႕မိသားစုနဲ႔အတူ အသက္ေမြးဝမ္းေက်ာင္းသစ္
တစ္ခုစတင္ရာမွာ ေရာ္နယ္ဒိုရဲ႕အံ့အားသင့္ဖို႔ေကာင္းတဲ့
ဘဝကိုျပသခ်င္ပါတယ္။ ယဥ္ေက်းမႈနဲ႔လိုက္ေလ်ာညီေထြေအာင္





ဘယ္လိုေနတယ္၊ သူ႔အတြက္ဘယ္လိုအေတြ႕အႀကဳံေတြရတယ္၊
ကြင္းထဲကေျခစြမ္းဘယ္လိုရွိတယ္ဆိုတာေတြကို သိရဖို႔အတြက္





စာဖတ္သူေတြကို အဂၤလိပ္နဲ႔ အာရဗီႏွစ္ဘာသာခြဲၿပီး
တစ္ပတ္ကို တစ္ႀကိမ္ႏႈန္းတင္ဆက္ေပးဖို႔ပါ” လို႔ ေျပာဆိုထားပါတယ္။