





တောင်ကိုရီးယားနဲ့ပွဲစဉ်မတိုင်ခင်လေ့ကျင့်ရေးမှာ ရော်နယ်ဒိုကခေါင်းတိုက်
ပေးပို့မှုစကေးကို ထုတ်ပြခဲ့ပြီးနောက် အွန်လိုင်းပရိသတ်တွေအတော်လေး





သဘောကျခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ အသက် ၃၇နှစ်အရွယ်
ကစားသမားဟာ ဘောလုံးကိုဒူးနဲ့တော့တင်လိုက်ပြီး ခေါင်းတိုက်ရာမှာ
တစ်ဖက်ကိုပေးပို့မလိုနဲ့ လမ်းကြောင်းပြောင်းပြီး မထင်တဲ့ဘက်ကို





ပေးပို့သွားခဲ့တာဖြစ်တယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ
ကစားဖော်တစ်ဦးကိုလက်ညှိုးထိုးပြီး မျောသွားတယ်မဟုတ်လားပုံစံနဲ့





အရွှန်းဖောက်ခဲ့သလို မှော်ဆန်တဲ့အခိုက်အတန့်ကို ပရိသတ်တွေက
သဘောကျခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ရဲ့ ခေါင်းစဉ်ကိုတော့ “အတုအယောင်
ခေါင်းတိုက်ပေးပို့ချက်ကို အမှန်တကယ်တော်လှန်ခြင်း” လို့





ပေးထားတာဖြစ်တယ်။ ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တစ်ယောက်က
“ငါ့ Time Line မှာ ဒီဗီဒီယိုပေါ်လာတိုင်းကြည့်ဖြစ်တယ်။





ဖိန့်ပြပြီးခေါင်းတိုက်တယ်ဆိုတာ သတိမထားမိဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒုတိယတစ်ယောက်ကတော့ “ဒီလိုမျိုးခေါင်းတိုက်ပေးပို့ချက်နဲ့
လှည့်စားတာမမြင်ဖူးပါဘူး။ ကောင်းပါတယ်” လို့ ချီးကျူးခဲ့သလို





တတိယတစ်ယောက်က “ဒီလိုလုပ်ဆောင်ချက်မျိုးကိုတီထွင်နိုင်တဲ့
ကစားသမားကို မင်းတို့မုန်းကြလား” လို့ ရေးသားခဲ့ပါတယ်။





စတုတ္ထတစ်ယောက်ကတော့ “ဒါမျိုးကကြည့်ရတာလွယ်ပေမဲ့
လုပ်ဖို့တော့ခက်တယ်” လို့ တုံ့ပြန်ခဲ့တာဖြစ်တယ်။
အချို့သောပရိသတ်တွေကတော့ ဒီလိုဖိန့်ပြပေးပို့မှုမျိုးဟာ တကယ့်





ပွဲစဉ်တွေထဲမှာအသုံးဝင်နိုင်တယ်လို့ မှတ်ချက်ပေးချီးကျူးခဲ့ကြပါတယ်။





zawgyi
ေရာ္နယ္ဒိုရဲ႕ေလ့က်င့္ေရးကြင္းက ဖိန႔္ျပေခါင္းတိုက္ေပးပို႔မႈစေကးကို အြန္လိုင္း ပရိသတ္ေတြသေဘာက်ေန
ေတာင္ကိုရီးယားနဲ႔ပြဲစဥ္မတိုင္ခင္ေလ့က်င့္ေရးမွာ ေရာ္နယ္ဒိုကေခါင္းတိုက္





ေပးပို႔မႈစေကးကို ထုတ္ျပခဲ့ၿပီးေနာက္ အြန္လိုင္းပရိသတ္ေတြအေတာ္ေလး
သေဘာက်ခဲ့ပါတယ္။ ဗီဒီယိုဖိုင္ထဲမွာေတာ့ အသက္ ၃၇ႏွစ္အ႐ြယ္





ကစားသမားဟာ ေဘာလုံးကိုဒူးနဲ႔ေတာ့တင္လိုက္ၿပီး ေခါင္းတိုက္ရာမွာ
တစ္ဖက္ကိုေပးပို႔မလိုနဲ႔ လမ္းေၾကာင္းေျပာင္းၿပီး မထင္တဲ့ဘက္ကို
ေပးပို႔သြားခဲ့တာျဖစ္တယ္။ ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ





ကစားေဖာ္တစ္ဦးကိုလက္ညႇိဳးထိုးၿပီး ေမ်ာသြားတယ္မဟုတ္လားပုံစံနဲ႔
အ႐ႊန္းေဖာက္ခဲ့သလို ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ပရိသတ္ေတြက





သေဘာက်ခဲ့ပါတယ္။ ဒီဗီဒီယိုဖိုင္ရဲ႕ ေခါင္းစဥ္ကိုေတာ့ “အတုအေယာင္
ေခါင္းတိုက္ေပးပို႔ခ်က္ကို အမွန္တကယ္ေတာ္လွန္ျခင္း” လို႔
ေပးထားတာျဖစ္တယ္။ ဒီပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္တစ္ေယာက္က





“ငါ့ Time Line မွာ ဒီဗီဒီယိုေပၚလာတိုင္းၾကည့္ျဖစ္တယ္။
ဖိန႔္ျပၿပီးေခါင္းတိုက္တယ္ဆိုတာ သတိမထားမိဘူး” လို႔ တုံ႔ျပန္ခဲ့ပါတယ္။





ဒုတိယတစ္ေယာက္ကေတာ့ “ဒီလိုမ်ိဳးေခါင္းတိုက္ေပးပို႔ခ်က္နဲ႔
လွည့္စားတာမျမင္ဖူးပါဘူး။ ေကာင္းပါတယ္” လို႔ ခ်ီးက်ဴးခဲ့သလို
တတိယတစ္ေယာက္က “ဒီလိုလုပ္ေဆာင္ခ်က္မ်ိဳးကိုတီထြင္ႏိုင္တဲ့





ကစားသမားကို မင္းတို႔မုန္းၾကလား” လို႔ ေရးသားခဲ့ပါတယ္။
စတုတၳတစ္ေယာက္ကေတာ့ “ဒါမ်ိဳးကၾကည့္ရတာလြယ္ေပမဲ့





လုပ္ဖို႔ေတာ့ခက္တယ္” လို႔ တုံ႔ျပန္ခဲ့တာျဖစ္တယ္။
အခ်ိဳ႕ေသာပရိသတ္ေတြကေတာ့ ဒီလိုဖိန႔္ျပေပးပို႔မႈမ်ိဳးဟာ တကယ့္
ပြဲစဥ္ေတြထဲမွာအသုံးဝင္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးခ်ီးက်ဴးခဲ့ၾကပါတယ္။




