ရော်နယ်ဒိုရဲ့လူစားဝင်ကနေ ရော်နယ်ဒိုရဲ့ပြိုင်ဘက်ဖြစ်လာသူတစ်ယောက်အကြောင်း

ခေါင်းစဉ်ကသာ ရော်နယ်ဒိုကို နွယ်ပြီး တင်လိုက်တာ။

တကယ်ပြောချင်တာက အိုဒီဂတ်အကြောင်း သီးသန့်ပါ။
အိုဒီဂတ်က အသက် ၁၆ နှစ်အရွယ်မှာ
ရီးရဲလ်အတွက် ပထမဆုံးပွဲထွက်အဖြစ်
ရော်နယ်ဒိုရဲ့နေရာမှာ လူစားဝင်ကစားခွင့်ရခဲ့တယ်။
အခုကြည့် ၇နှစ်အကြာ ၂၃ နှစ်အရွယ်မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရသွားပြီ။

ဒါက သူ့ရဲ့ကြိုးစားမှုပဲ။ ရီးရဲလ်ကို ရောက်လာတော့
မြင့်မားတဲ့ မျှော်လင့်ချက်တွေကြောင့်
အိုဒီဂတ် မြုပ်တော့မလိုဖြစ်သွားသေးတယ်။
အာဆင်နယ်ကို ရောက်လာတာ
အာကြီးအတွက်ရော ကစားသမားဖြစ်သူအတွက်ပါ

လုံးဝဂွတ်ရှယ်ဖြစ်သွားတယ်။
အာကြီးက အိုဇေးလ်ရဲ့နေရာအတွက်
Perfect Replacement ကို ယူရို ၃၅သန်းတည်းနဲ့ ရသွားတယ်။
ဒါတောင် အိုဒီဂတ်က ပထမဆုံး အငှားနဲ့ အရင်ရောက်လာတာ။
အာကြီးကလည်း လည်တယ်။

တစ်ခါတည်း အပြတ်မဝယ်ဘဲ အရင် စမ်းသုံးကြည့်သေးတယ်။
ရီးရဲလ်မှာတုန်းက အိုဒီဂတ် ကစားတာကို
သိပ်မကြည့်ဖြစ်ခဲ့တာ ဝန်ခံပါတယ်။
ဒါပေမဲ့ အာဆင်နယ် ရောက်လာချိန်မှာ
သူ့ပွဲအများစုကို သေချာလေးကြည့်ဖြစ်တယ်။

ဒါကလည်း အသင်းစွဲ၊ ပုဂ္ဂိုလ်စွဲ
အဲဒီအစွဲတွေကြောင့်မဟုတ်ဘူး။
သူကစားတာ ကြည့်ရင်း စိတ်က
ဘောလုံးအပေါ် စူးနစ်မှု ပိုလာလို့ပဲ။
အသက်က အခုမှ ၂၃ နှစ်ပဲ ရှိသေးတယ်၊

ကစားတဲ့ပုံစံက တကယ့်ဝါရင့်ကြီးလိုပဲ။
အိုဒီဂတ်နဲ့ပတ်သက်လို့ အကြိုက်ဆုံးက သွေးအေးတာပဲ။
အေးဆေး ဘောလုံးကိုင်ကစားတယ်။
အမြင်ရှိတယ်။ ပြီးတော့ ဘောလုံးကို
ရိုးရိုးရှင်းရှင်းလေးကစားတယ်။

အာဆင်နယ်တိုက်စစ်က သူ့ကို တည်ထားတာများတယ်။
သူက ဘယ်ညာတောင်ပံက ဆာကာတို့၊
စမစ်ရိုတို့၊ မာတင်နယ်လီတို့အတွက် လမ်းကြောင်းတွေ ခင်းပေးတယ်။
အနီးစပ်ဆုံး ယူနိုက်တက်နဲ့ပွဲမှာ အိုဒီဂတ်ကစားပုံကို
သေချာကြည့်ဖြစ်ရင် ခင်ဗျားလည်း သူ့ခြေစွမ်းအောက် ကျဆုံးသွားနိုင်တယ်။

အထင်ရှားဆုံးက ယူနိုက်တက်နောက်ခံလူ ဗာရန်းကို
ပေါင်ကြားထဲကနေ ထည့်လိုက်တာဖြစ်ပေမယ့်
ဆာကာရဲ့ပင်နယ်တီသွင်းဂိုးမှာ သူ့ရဲ့ပါဝင်မှုက
သေချာကြည့်ရင် ကျွတ်ဆင်ကြီး။
ဧရိယာထိပ်မှာ ဘောလုံးရတော့

အားလုံးက ဘယ်တောင်ပံက တက်လာမယ့်
အန်ကီတီးယားကိုပဲ အိုဒီဂတ်ပေးမယ်လို့
တွက်ခဲ့ပေမယ့် တကယ်တော့ ညာတောင်ပံကနေ
ဂိုးရှေ့ဝင်လာတဲ့ ဆာကာဆီ ကွက်တိခင်းပေးလိုက်တယ်။
အဲဒီကနေ ပင်နယ်တီရခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာ ဆာကာတို့ စမစ်ရိုတို့ မာတင်နယ်လီတို့
ထင်ရှားလာတာ မှန်ပေမယ့် အာဆင်နယ်မှာ
အကြိုက်ဆုံးက အိုဒီဂတ်ပဲ။
သွေးအေးတယ်၊ ဘောလုံးကစားနိုင်တယ်၊
အာတီတာ လိုချင်တဲ့ No 10 Role အတွက် ကွက်တိပဲ။

Zawgyi

ေရာ္နယ္ဒိုရဲ႕လူစား၀င္ကေန ေရာ္နယ္ဒိုရဲ႕ၿပိဳင္ဘက္ျဖစ္လာသူတစ္ေယာက္အေၾကာင္း
ေခါင္းစဥ္ကသာ ေရာ္နယ္ဒိုကို ႏြယ္ၿပီး တင္လုိက္တာ။

တကယ္ေျပာခ်င္တာက အုိဒီဂတ္အေၾကာင္း သီးသန္႔ပါ။
အိုဒီဂတ္က အသက္ ၁၆ ႏွစ္အရြယ္မွာ
ရီးရဲလ္အတြက္ ပထမဆုံးပြဲထြက္အျဖစ္
ေရာ္နယ္ဒိုရဲ႕ေနရာမွာ လူစား၀င္ကစားခြင့္ရခဲ့တယ္။
အခုၾကည့္ ၇ႏွစ္အၾကာ ၂၃ ႏွစ္အရြယ္မွာ ၿပိဳင္ဘက္အျဖစ္ ရင္ဆုိင္ခြင့္ရသြားၿပီ။

ဒါက သူ႕ရဲ႕ႀကိဳးစားမႈပဲ။ ရီးရဲလ္ကို ေရာက္လာေတာ့
ျမင့္မားတဲ့ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္
အုိဒီဂတ္ ျမဳပ္ေတာ့မလုိျဖစ္သြားေသးတယ္။
အာဆင္နယ္ကို ေရာက္လာတာ
အာႀကီးအတြက္ေရာ ကစားသမားျဖစ္သူအတြက္ပါ

လုံး၀ဂြတ္ရွယ္ျဖစ္သြားတယ္။
အာႀကီးက အိုေဇးလ္ရဲ႕ေနရာအတြက္
Perfect Replacement ကို ယူရို ၃၅သန္းတည္းနဲ႔ ရသြားတယ္။
ဒါေတာင္ အုိဒီဂတ္က ပထမဆုံး အငွားနဲ႔ အရင္ေရာက္လာတာ။
အာႀကီးကလည္း လည္တယ္။

တစ္ခါတည္း အျပတ္မ၀ယ္ဘဲ အရင္ စမ္းသုံးၾကည့္ေသးတယ္။
ရီးရဲလ္မွာတုန္းက အုိဒီဂတ္ ကစားတာကို
သိပ္မၾကည့္ျဖစ္ခဲ့တာ ၀န္ခံပါတယ္။
ဒါေပမဲ့ အာဆင္နယ္ ေရာက္လာခ်ိန္မွာ
သူ႕ပြဲအမ်ားစုကို ေသခ်ာေလးၾကည့္ျဖစ္တယ္။

ဒါကလည္း အသင္းစြဲ၊ ပုဂၢိဳလ္စြဲ
အဲဒီအစြဲေတြေၾကာင့္မဟုတ္ဘူး။
သူကစားတာ ၾကည့္ရင္း စိတ္က
ေဘာလုံးအေပၚ စူးနစ္မႈ ပိုလာလုိ႔ပဲ။
အသက္က အခုမွ ၂၃ ႏွစ္ပဲ ရွိေသးတယ္၊

ကစားတဲ့ပုံစံက တကယ့္၀ါရင့္ႀကီးလုိပဲ။
အိုဒီဂတ္နဲ႔ပတ္သက္လုိ႔ အႀကိဳက္ဆုံးက ေသြးေအးတာပဲ။
ေအးေဆး ေဘာလုံးကိုင္ကစားတယ္။
အျမင္ရွိတယ္။ ၿပီးေတာ့ ေဘာလုံးကို
ရုိးရုိးရွင္းရွင္းေလးကစားတယ္။

အာဆင္နယ္တိုက္စစ္က သူ႕ကို တည္ထားတာမ်ားတယ္။
သူက ဘယ္ညာေတာင္ပံက ဆာကာတုိ႔၊
စမစ္ရိုတုိ႔၊ မာတင္နယ္လီတို႔အတြက္ လမ္းေၾကာင္းေတြ ခင္းေပးတယ္။
အနီးစပ္ဆုံး ယူႏုိက္တက္နဲ႔ပြဲမွာ အိုဒီဂတ္ကစားပုံကို
ေသခ်ာၾကည့္ျဖစ္ရင္ ခင္ဗ်ားလည္း သူ႕ေျခစြမ္းေအာက္ က်ဆုံးသြားႏုိင္တယ္။

အထင္ရွားဆုံးက ယူႏိုက္တက္ေနာက္ခံလူ ဗာရန္းကို
ေပါင္ၾကားထဲကေန ထည့္လုိက္တာျဖစ္ေပမယ့္
ဆာကာရဲ႕ပင္နယ္တီသြင္းဂိုးမွာ သူ႕ရဲ႕ပါ၀င္မႈက
ေသခ်ာၾကည့္ရင္ ကၽြတ္ဆင္ႀကီး။
ဧရိယာထိပ္မွာ ေဘာလုံးရေတာ့

အားလုံးက ဘယ္ေတာင္ပံက တက္လာမယ့္
အန္ကီတီးယားကိုပဲ အိုဒီဂတ္ေပးမယ္လုိ႔
တြက္ခဲ့ေပမယ့္ တကယ္ေတာ့ ညာေတာင္ပံကေန
ဂိုးေရွ႕၀င္လာတဲ့ ဆာကာဆီ ကြက္တိခင္းေပးလုိက္တယ္။
အဲဒီကေန ပင္နယ္တီရခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာ ဆာကာတုိ႔ စမစ္ရိုတို႔ မာတင္နယ္လီတို႔
ထင္ရွားလာတာ မွန္ေပမယ့္ အာဆင္နယ္မွာ
အႀကိဳက္ဆုံးက အိုဒီဂတ္ပဲ။
ေသြးေအးတယ္၊ ေဘာလုံးကစားႏုိင္တယ္၊
အာတီတာ လုိခ်င္တဲ့ No 10 Role အတြက္ ကြက္တိပဲ။