ရော်နယ်ဒိုရဲ့မှတ်ချက်တွေက တစ်ပတ်ပေါင် ၅သိန်းတန်စာချုပ်ကို တကယ်ပဲဖောက်ဖျက်ခဲ့တာလား

ယူနိုက်တက်တာဝန်ရှိသူတွေဟာ ရော်နယ်ဒိုကို အသင်းကနေထုတ်ပယ်ဖို့ အတွက်ရှေ့နေ တွေနဲ့တိုင်ပင်ဆွေးနွေးထားပြီးဖြစ်တယ်။ သစ္စာဖောက်တယ်ဆိုတဲ့ အင်တာဗျူးအတွက်

ပေါ်တူဂီကြယ်ပွင့်ကို အသင်းကချက်ချင်းထုတ်ပယ်နိုင်ပြီး စာချုပ်အရ ပေးရန်ကျန်ရှိတဲ့ ပေါင် ၁၆သန်းပမာဏကိုမပေးဖို့အတွက် သရဲနီတာဝန်ရှိသူတွေဘက်ကစီစဉ်ထားတယ်လို့

သတင်းထွက်လာပါတယ်။ ပြီခဲ့တဲ့သောကြာနေ့မှာ တန်ပြန်ခြေလှမ်းတွေအတွက် စတင်လိုက်တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အသင်းဘက်ကဖော်ပြမှာမဟုတ်ဘူးလို့သိရပါတယ်။

“မန်ချက်စတာယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့အင်တာဗျူးကိစ္စအတွက် သင့်လျော်တဲ့ခြေလှမ်းတွေစတင်နေပါပြီ။ အဆုံးမသတ်ခင်အချိန်အထိတော့ ဒီကိစ္စနဲ့ပတ်သတ်လို့

အသေးစိတ် ထုတ်ပြောသွားမှာမဟုတ်ပါဘူးလို့” ကြေညာချက်ထုတ်ပြန်ထားတာဖြစ်တယ်။ ဇန်နဝါရီမှာ ရော်နယ်ဒိုကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့အမြန်ဆုံးထွက်ခွာစေဖို့ ဆန္ဒရှိနေပြီး

အစားထိုးဖို့အတွက်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ အခြားတစ်ဖက်မှာတော့ ကစားသမားရဲ့အေးဂျင့်တွေဟာ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်လို့

Sportsmail ကဖော်ပြခဲ့ပါတယ်။ အသင်းဟောင်းဖြစ်တဲ့ စပို့တင်းကလည်း ရော်နယ်ဒိုကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး အေးဂျင့်ဂျော့မန်ဒက်စ်ဘက်ကတော့ လစာငွေလျှော့ယူပေးဖို့ကိစ္စကို

လုပ်ဆောင်ပေးဖို့လိုအပ်နေတာဖြစ်တယ်။ လက်ရှိမှာတော့ ပေါ်တူဂီကြယ်ပွင့်ရဲ့မှတ်ချက်တွေဟာ ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းတန်စာချုပ်ကိုဖောက်ဖျက်ခဲ့ခြင်းရှိ၊

မရှိကိုအဓိကစောင့်ကြည့်ရဖို့ရှိနေတာဖြစ်တယ်။

(Zawgyi)

ေရာ္နယ္ဒိုရဲ႕မွတ္ခ်က္ေတြက တစ္ပတ္ေပါင္ ၅သိန္းတန္စာခ်ဳပ္ကို တကယ္ပဲေဖာက္ဖ်က္ခဲ့တာလား

ယူႏိုက္တက္တာဝန္ရွိသူေတြဟာ ေရာ္နယ္ဒိုကိုအသင္းကေနထုတ္ပယ္ဖို႔အတြက္ေရွ႕ေန ေတြနဲ႔တိုင္ပင္ေဆြးေႏြးထားၿပီးျဖစ္တယ္။ သစၥာေဖာက္တယ္ဆိုတဲ့ အင္တာဗ်ဴးအတြက္

ေပၚတူဂီၾကယ္ပြင့္ကိုအသင္းကခ်က္ခ်င္းထုတ္ပယ္ႏိုင္ၿပီး စာခ်ဳပ္အရ ေပးရန္က်န္ရွိတဲ့ ေပါင္ ၁၆သန္းပမာဏကိုမေပးဖို႔အတြက္ သရဲနီတာဝန္ရွိသူေတြဘက္ကစီစဥ္ထားတယ္လို႔

သတင္းထြက္လာပါတယ္။ ၿပီခဲ့တဲ့ေသာၾကာေန႔မွာ တန္ျပန္ေျခလွမ္းေတြအတြက္စတင္လိုက္တာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အသင္းဘက္ကေဖာ္ျပမွာမဟုတ္ဘူးလို႔သိရပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္ဟာ ေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးကိစၥအတြက္ သင့္ေလ်ာ္တဲ့ေျခလွမ္းေတြစတင္ေနပါၿပီ။ အဆုံးမသတ္ခင္အခ်ိန္အထိေတာ့ ဒီကိစၥနဲ႔ပတ္သတ္လို႔

အေသးစိတ္ထုတ္ေျပာသြားမွာမဟုတ္ပါဘူးလို႔” ေၾကညာခ်က္ထုတ္ျပန္ထားတာျဖစ္တယ္။ ဇန္နဝါရီမွာ ေရာ္နယ္ဒိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔အျမန္ဆုံးထြက္ခြာေစဖို႔

ဆႏၵရွိေနၿပီး အစားထိုးဖို႔အတြက္လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။ အျခားတစ္ဖက္မွာေတာ့ ကစားသမားရဲ႕ေအးဂ်င့္ေတြဟာ ဂ်ာမန္ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္တာဝန္ရွိသူေတြနဲ႔ေတြ႕ဆုံခဲ့တယ္လို႔

Sportsmail ကေဖာ္ျပခဲ့ပါတယ္။ အသင္းေဟာင္းျဖစ္တဲ့ စပို႔တင္းကလည္း ေရာ္နယ္ဒိုကိုေခၚယူဖို႔စိတ္ဝင္စားေနၿပီး ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ဘက္ကေတာ့ လစာေငြေလွ်ာ့ယူေပးဖို႔

ကိစၥကိုလုပ္ေဆာင္ေပးဖို႔လိုအပ္ေနတာျဖစ္တယ္။ လက္ရွိမွာေတာ့ ေပၚတူဂီၾကယ္ပြင့္ရဲ႕မွတ္ခ်က္ေတြဟာ ယူႏိုက္တက္နဲ႔ခ်ဳပ္ဆိုထားတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းတန္စာခ်ဳပ္ကိုေဖာက္ဖ်က္ခဲ့ျခင္းရွိ၊

မရွိကိုအဓိကေစာင့္ၾကည့္ရဖို႔ရွိေနတာျဖစ္တယ္။