
အယ်လ်နက်ဆာပရိသတ်တွေကတော့ Ettifaq နဲ့ပရိုလိဂ်ပွဲစဉ်မှာ





ကွင်းအတွင်းမီးကျည်တွေကိုင်ဆောင်ခဲ့သလို ‘Siu’ မိုးကြိုးပစ်သံကို
ရွတ်ဆိုခြင်းနဲ့အတူ သူတို့ရဲ့သူရဲကောင်း ရော်နယ်ဒိုကိုကြိုဆို





သွားခဲ့ကြတယ်လို့ The Sun သတင်းစာကဖော်ပြသွားခဲ့ပါတယ်။
ပွဲမစခင်မှာ အယ်လ်နက်ဆာပရိသတ်တွေက တံတောင်ဆစ်
ဒဏ်ရာကြောင့် ၆လ နားရတော့မယ့် ဂိုးသမားအော့စ်ပီနာကို





ထောက်ခံတဲ့အနေအနဲ့ ပူဖောင်းတွေလွှတ်တင်ခဲ့ပါသေးတယ်။
ဒါ့အပြင် အားကစားကွင်းနဲ့နေရာတစ်ခုမှာ ရော်နယ်ဒိုနဲ့ပက်သတ်လို့





စပိန်ဘာသာစကားနဲ့ “vamos” လို့စာတမ်းတွေကိုင်ဆောင်ပြီး
အင်္ဂလိပ်လို “come on” လို့ အားပေးမှုတွေပြုလုပ်သွားခဲ့ကြပါတယ်။
ဘလွန်းဒီအော် ၅ကြိမ်ရှင်ဟာ ဒီပွဲမှာ အယ်လ်နက်ဆာ





အသင်းခေါင်းဆောင်အဖြစ်ပွဲထွက်ပါဝင်ခဲ့ပြီးသွင်းဂိုးမရခဲ့ပေမဲ့
နိုင်ပွဲရခဲ့တာကြောင့် ဒုတိယနေရာက အယ်လ်ဟီလာအသင်းကို





တစ်မှတ်အသာ တစ်ပွဲလျော့အနေအထားနဲ့အမှတ်ပေးဇယားကို
ဆက်လက်ဦးဆောင်ခွင့်ရခဲ့တာဖြစ်တယ်။ အယ်လ်နက်ဆာအတွက်
တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ဘရာဇီးကြယ်ပွင့် တာလစ်ကာက





ပွဲချိန် ၃၁ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ပရိသတ်တွေဟာ
ရော်နယ်ဒိုရဲ့ပွဲဦးထွက်အတွက် အကောင်းဆုံးပြင်ဆင်ခဲ့ကြသလို





အော့စ်ပီနာကိုပါအသိအမှတ်ပြုပေးခဲ့ပြီး သူတို့ကစားသမားတွေကို
ဘယ်လောက်အထိချစ်ခင်ကြောင်းကို လုပ်ရပ်နဲ့သက်သေပြခဲ့တာ
ဖြစ်တယ်။ ရော်နယ်ဒိုကတော့ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ဂိုးသမား





နာဗက်စ်နဲ့ထိခိုက်မိထားသလို Ettifaq နဲ့ပွဲမှာလည်း
သူ့ရဲ့မျက်လုံးအောက်နားမှာအညိုကွက်ကြီး မပျောက်သေးတာတွေ့ခဲ့ရပါတယ်။





zawgyi
ေရာ္နယ္ဒိုရဲ႕ပြဲဦးထြက္မွာ မီးက်ည္ေတြကိုင္ၿပီး ‘Siu’ မိုးႀကိဳးပစ္သံကို႐ြတ္ဆိုျခင္းနဲ႔ အယ္လ္နက္ဆာပရိသတ္ေတြအျပည့္အဝေထာက္ခံေပးခဲ့
အယ္လ္နက္ဆာပရိသတ္ေတြကေတာ့ Ettifaq နဲ႔ပ႐ိုလိဂ္ပြဲစဥ္မွာ





ကြင္းအတြင္းမီးက်ည္ေတြကိုင္ေဆာင္ခဲ့သလို ‘Siu’ မိုးႀကိဳးပစ္သံကို
႐ြတ္ဆိုျခင္းနဲ႔အတူ သူတို႔ရဲ႕သူရဲေကာင္း ေရာ္နယ္ဒိုကိုႀကိဳဆို





သြားခဲ့ၾကတယ္လို႔ The Sun သတင္းစာကေဖာ္ျပသြားခဲ့ပါတယ္။
ပြဲမစခင္မွာ အယ္လ္နက္ဆာပရိသတ္ေတြက တံေတာင္ဆစ္
ဒဏ္ရာေၾကာင့္ ၆လ နားရေတာ့မယ့္ ဂိုးသမားေအာ့စ္ပီနာကို





ေထာက္ခံတဲ့အေနအနဲ႔ ပူေဖာင္းေတြလႊတ္တင္ခဲ့ပါေသးတယ္။
ဒါ့အျပင္ အားကစားကြင္းနဲ႔ေနရာတစ္ခုမွာ ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔





စပိန္ဘာသာစကားနဲ႔ “vamos” လို႔စာတမ္းေတြကိုင္ေဆာင္ၿပီး
အဂၤလိပ္လို “come on” လို႔ အားေပးမႈေတြျပဳလုပ္သြားခဲ့ၾကပါတယ္။
ဘလြန္းဒီေအာ္ ၅ႀကိမ္ရွင္ဟာ ဒီပြဲမွာ အယ္လ္နက္ဆာ





အသင္းေခါင္းေဆာင္အျဖစ္ပြဲထြက္ပါဝင္ခဲ့ၿပီးသြင္းဂိုးမရခဲ့ေပမဲ့
ႏိုင္ပြဲရခဲ့တာေၾကာင့္ ဒုတိယေနရာက အယ္လ္ဟီလာအသင္းကို





တစ္မွတ္အသာ တစ္ပြဲေလ်ာ့အေနအထားနဲ႔အမွတ္ေပးဇယားကို
ဆက္လက္ဦးေဆာင္ခြင့္ရခဲ့တာျဖစ္တယ္။ အယ္လ္နက္ဆာအတြက္
တစ္လုံးတည္းေသာအႏိုင္ဂိုးကိုေတာ့ ဘရာဇီးၾကယ္ပြင့္ တာလစ္ကာက





ပြဲခ်ိန္ ၃၁ မိနစ္မွာ သြင္းယူေပးခဲ့တာပါ။ ပရိသတ္ေတြဟာ
ေရာ္နယ္ဒိုရဲ႕ပြဲဦးထြက္အတြက္ အေကာင္းဆုံးျပင္ဆင္ခဲ့ၾကသလို





ေအာ့စ္ပီနာကိုပါအသိအမွတ္ျပဳေပးခဲ့ၿပီး သူတို႔ကစားသမားေတြကို
ဘယ္ေလာက္အထိခ်စ္ခင္ေၾကာင္းကို လုပ္ရပ္နဲ႔သက္ေသျပခဲ့တာ
ျဖစ္တယ္။ ေရာ္နယ္ဒိုကေတာ့ ပီအက္စ္ဂ်ီနဲ႔ပြဲစဥ္မွာ ဂိုးသမား





နာဗက္စ္နဲ႔ထိခိုက္မိထားသလို Ettifaq နဲ႔ပြဲမွာလည္း
သူ႔ရဲ႕မ်က္လုံးေအာက္နားမွာအညိဳကြက္ႀကီး မေပ်ာက္ေသးတာေတြ႕ခဲ့ရပါတယ္။