ရော်နယ်ဒိုရဲ့တောင်းဆိုမှုကြောင့် ထရိန်နင်စင်တာကို အဆင့်မြှင့်တင်နေတဲ့ ယူနိုက်တက်

သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ

ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့
ဖိအားပေးတောင်းဆိုမှုကြောင့်
ထရိန်နင်စင်တာရှိ အဆောက်အဦတွေကို
အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီမှာ

အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ
အမှတ်အနည်းဆုံးရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး
အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်။
ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံ ၂၄ ဂိုး
သွင်းယူနိုင်ခဲ့ပြီး The Mirror သတင်းဌာနရဲ့

ဖော်ပြချက်အရ သူဟာ ရာသီကြို
ခြေစမ်းပွဲတွေမတိုင်ခင်
ထရိန်နင်စင်တာရှိ အဆောက်အဦအချို့ရဲ့
အနေအထားအပေါ် မပျော်မရွှင်ဖြစ်နေတာ
တိုးတက်ခေတ်မီလာစေဖို့ အသင်းတာဝန်ရှိသူတွေဆီ

တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီသတင်းဌာနရဲ့ဖော်ပြချက်အရ
ထရိင်နင်စင်တာရှိ ရေကူးကန်မှာ
ကြွေပြားတွေက ချောင်နေ၊
ကျိုးပဲ့နေတာကြောင့် အန္တရာယ်ရှိနိုင်လို့

အသုံးပြုဖို့ စိတ်ဆန္ဒမရှိဘူးလို့ သိရပါတယ်။
အဲဒီရေကူးကန်ဟာ သူ ယူနိုက်တက်ကနေ
ပထမအကြိမ် ထွက်ခွာခဲ့တဲ့ ၂၀၀၉ ခုနှစ်က
အနေအထားကို ပြင်ဆင်မွမ်းမံခြင်းမရှိမှုအပေါ်
ယုံတောင်မယုံနိုင်ဘူးလို့ အသင်းတာဝန်ရှိသူတွေကို

အသိပေးခဲ့ကြောင်း သိရပါတယ်။
”ထရိန်နင်စင်တာက အခြေအနေတွေအပေါ်
ရော်နယ်ဒိုရဲ့ တောင်းဆိုချက်တွေက အရေးကြီးပါတယ်။
အရင်တုန်းကလည်း ကစားသမားဟောင်းတွေ
တစ်ခုခု ပြောခဲ့တာဖြစ်နိုင်ပေမယ့်

ဘာတစ်ခုမှမဖြစ်ခဲ့ပါဘူး။
တကယ်လို့ ရော်နယ်ဒိုသာ
တစ်ခုခုပြောရင် သူတို့ဘက်က
အလေးအနက်ထား လိုက်လုပ်ပေးပါတယ်”လို့
အတွင်းသိတစ်ဦးက ပြောပါတယ်။

The Telegraph သတင်းဌာနကလည်း
ယူနိုက်တက်ဟာ ကာရင်တန်လေ့ကျင့်ရေးစင်တာကို
ယခုနွေရာသီအတွင်း အဆင့်မြှင့်တင်ဖို့
ပေါင် ၅သန်းဝန်းကျင် သုံးစွဲထားတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီအတွင်း ထရိန်နင်စင်တာရှိ

အကျွေးအမွေးနေရာနဲ့ စားသောက်တဲ့နေရာတွေကို
ပြင်ဆင်မွမ်းမံပြီးဖြစ်ကာ ရာသီသစ်မတိုင်ခင်
ဂျင်မ်၊ ရေကူးကန်တွေကို အဆင့်မြှင့်တင်မှာဖြစ်သလို
ကွင်းသစ်တွေလည်း တည်ဆောက်မယ်လို့ သိရပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ႕ေတာင္းဆုိမႈေၾကာင့္ ထရိန္နင္စင္တာကို အဆင့္ျမႇင့္တင္ေနတဲ့ ယူႏုိက္တက္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္ဟာ
ၾကယ္ပြင့္တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕

ဖိအားေပးေတာင္းဆိုမႈေၾကာင့္
ထရိန္နင္စင္တာရွိ အေဆာက္အဦေတြကို
အဆင့္ျမႇင့္တင္မႈေတြ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။
ယူႏုိက္တက္ဟာ ယခုရာသီမွာ
အသင္းသမုိင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္မွာ

အမွတ္အနည္းဆုံးရာသီနဲ႔ ရင္ဆိုင္ခဲ့ရၿပီး
အသင္းကလည္း ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔လြဲေခ်ာ္ခဲ့ရပါတယ္။
ေရာ္နယ္ဒိုဟာ ၿပိဳင္ပြဲစုံ ၂၄ ဂိုး
သြင္းယူႏုိင္ခဲ့ၿပီး The Mirror သတင္းဌာနရဲ႕
ေဖာ္ျပခ်က္အရ သူဟာ ရာသီႀကိဳ

ေျခစမ္းပြဲေတြမတုိင္ခင္
ထရိန္နင္စင္တာရွိ အေဆာက္အဦအခ်ိဳ႕ရဲ႕
အေနအထားအေပၚ မေပ်ာ္မရႊင္ျဖစ္ေနတာ
တိုးတက္ေခတ္မီလာေစဖို႔ အသင္းတာ၀န္ရွိသူေတြဆီ
ေတာင္းဆိုခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ထရိင္နင္စင္တာရွိ ေရကူးကန္မွာ
ေၾကြျပားေတြက ေခ်ာင္ေန၊
က်ိဳးပဲ့ေနတာေၾကာင့္ အႏၱရာယ္ရွိႏိုင္လုိ႔
အသုံးျပဳဖို႔ စိတ္ဆႏၵမရွိဘူးလုိ႔ သိရပါတယ္။

အဲဒီေရကူးကန္ဟာ သူ ယူႏုိက္တက္ကေန
ပထမအႀကိမ္ ထြက္ခြာခဲ့တဲ့ ၂၀၀၉ ခုႏွစ္က
အေနအထားကို ျပင္ဆင္မြမ္းမံျခင္းမရွိမႈအေပၚ
ယုံေတာင္မယုံႏိုင္ဘူးလုိ႔ အသင္းတာ၀န္ရွိသူေတြကို
အသိေပးခဲ့ေၾကာင္း သိရပါတယ္။

”ထရိန္နင္စင္တာက အေျခအေနေတြအေပၚ
ေရာ္နယ္ဒိုရဲ႕ ေတာင္းဆုိခ်က္ေတြက အေရးႀကီးပါတယ္။
အရင္တုန္းကလည္း ကစားသမားေဟာင္းေတြ
တစ္ခုခု ေျပာခဲ့တာျဖစ္ႏုိင္ေပမယ့္
ဘာတစ္ခုမွမျဖစ္ခဲ့ပါဘူး။

တကယ္လုိ႔ ေရာ္နယ္ဒိုသာ
တစ္ခုခုေျပာရင္ သူတုိ႔ဘက္က
အေလးအနက္ထား လုိက္လုပ္ေပးပါတယ္”လုိ႔
အတြင္းသိတစ္ဦးက ေျပာပါတယ္။
The Telegraph သတင္းဌာနကလည္း

ယူႏုိက္တက္ဟာ ကာရင္တန္ေလ့က်င့္ေရးစင္တာကို
ယခုေႏြရာသီအတြင္း အဆင့္ျမႇင့္တင္ဖို႔
ေပါင္ ၅သန္း၀န္းက်င္ သုံးစြဲထားတယ္လုိ႔ သိရပါတယ္။
ယူႏုိက္တက္ဟာ ယခုရာသီအတြင္း ထရိန္နင္စင္တာရွိ
အေကၽြးအေမြးေနရာနဲ႔ စားေသာက္တဲ့ေနရာေတြကို

ျပင္ဆင္မြမ္းမံၿပီးျဖစ္ကာ ရာသီသစ္မတိုင္ခင္
ဂ်င္မ္၊ ေရကူးကန္ေတြကို အဆင့္ျမႇင့္တင္မွာျဖစ္သလုိ
ကြင္းသစ္ေတြလည္း တည္ေဆာက္မယ္လုိ႔ သိရပါတယ္။