
အိုင်ယာလန်အသင်းနဲ့ ပွဲအပြီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင်
ရော်နယ်ဒိုရဲ့ဂျာစီကို ရယူဖို့ ကွင်းထဲ ပြေးဝင်ခဲ့တဲ့ သမီးလေးကို
ဒဏ်ကြေးတပ်ရိုက်မှာမဟုတ်ဘူးလို့ အိုင်ယာလန်
ဘောလုံးအဖွဲ့ချုပ်က အတည်ပြုပါတယ်။
ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့စဉ်က
အဗစ်ဗာအားကစားကွင်းထဲ
ကျူးကျော်ဝင်ရောက်ခဲ့တဲ့အက်ဒီဆန်ဝှီလန် အတွက်
ဒဏ်ကြေး ပေါင် ၂၅၀၀ ကို သူမရဲ့ဖခင်က ပေးဆောင်ခဲ့ရတယ် လို့
ဖော်ပြခဲ့ကြပါတယ်။ရှဲလ်ဘုန်းအသင်းရဲ့ အသက်၁၃အောက်
ဘောလုံးအသင်းမှာကစားနေတဲ့ အက်ဒီဆန်ဝှီလန် အတွက်တော့
အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ
အချိုပေါ်သကာလောင်းဆိုသလိုဖြစ်စေခဲ့ပါတယ်။
အိုင်ယာလန်နဲ့ ပေါ်တူဂီတို့ပွဲမှာ လုံခြုံရေးတွေကို ကျော်ဖြတ်ကာ
ကွင်းအတွင်းပြေးဝင်ပြီး ရော်နယ်ဒိုဆီက ဂျာစီကို လက်ဆောင်ရရှိခဲ့တဲ့
အသက် ၁၁ နှစ်အရွယ် အက်ဒီဆန်ဝှီလန်အတွက်တော့
ဒီအဖြစ်တွေဟာ သူမရဲ့ဘဝမှာ မေ့လို့ရတော့မှာမဟုတ်ပါဘူး။
အက်ဒီဆန်ဝှီလန်ဟာ အသက်မပြည့်သေးတဲ့ ၁၁နှစ်
ရွယ်သာရှိသေးလို့တာ အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့
စာနာပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ တကယ်လို့ သူမသာ
အရွယ်ရောက်ပြီးသူဖြစ်ခဲ့မယ်ဆိုရင် ဒဏ်ငွေပေးဆောင်ရမယ့်အပြင်
ဘောလုံးပွဲဝင်ရောက်ကြည့်ခွင့် ပိတ်ပင်ခံရတာမျိုးလို
ပြင်းထန်တဲ့ပြစ်ဒဏ်တွေပါခံရနိုင်ပါတယ်။
အခုအချိန်မှာလည်း အက်ဒီဆန်ဝှီလန်ကတော့ ကလေးပီပီ
သူမရဲ့ ကွင်းတွင်း စွန့်စားခန်းတွေကိုပဲ တွေးနေအုံးမှာသေချာပါတယ်။
RTE ရေဒီယိုဝမ်းရဲ့ မော်နင်းအိုင်ယာလန်အစီအစဉ်မှာလည်း
သူမဟာ ကွင်းအတွင်းကအဖြစ်အပျက်တွေကိုလည်း
အသေးစိတ်ဖွင့်ဟခဲ့ပါသေးတယ်။ FM104နဲ့အင်တာဗျူး
အစီအစဉ် မှာလည်း အက်ဒီဆန်က သူမဖခင်အနေနဲ့ ဒဏ်ကြေး
ပေးဆောင်ရမယ်ဆိုရင်လည်း ပီတိဖြစ်နေဦးမှာပါဆိုပြီး ပြောခဲ့ပါတယ်။
ယောင်္ကျားလေး ပရိသတ်တွေ ကွင်းထဲ ဝင်ရောက်လာပြီး
သူတို့ သဘောကျတဲ့ ကစားသမားတွေနဲ့ ဓါတ်ပုံတွဲရိုက်တာ၊
ဂျာစီတောင်းခံတာတွေက မြင်နေတွေ့နေကြ ဖြစ်ရပ်တစ်ခုလိုဖြစ်နေပေမယ့်
အခုလို အသက်မပြည့်သေးတဲ့ မိန်းကလေး ပရိသတ်တစ်ယောက်က
ကွင်းလုံခြုံရေးတွေကို ဖြတ်ကျော်ပြီး ရော်နယ်ဒို နဲ့ စကားပြောခွင့်ရခဲ့ကာ
ဂျာစီလက်ဆောင်ပါရရှိတဲ့အထိ သူမရဲ့ အိပ်မက်ကို
အကောင်အထည်ဖော်သွားနိုင်ခဲ့တာကတော့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
zawgyi
ေရာ္နယ္ဒိုရဲ႕ဂ်ာစီကို ရယူဖို႔ ကြင္းထဲ ေျပးဝင္ခဲ့တဲ့ သမီးေလးကိုဒဏ္ေၾကးတပ္႐ိုက္မွာမဟုတ္ဘူးလို႔ အိုင္ယာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳ
အိုင္ယာလန္အသင္းနဲ႔ ပြဲအၿပီးမွာ ေပၚတူဂီအသင္းေခါင္းေဆာင္
ေရာ္နယ္ဒိုရဲ႕ဂ်ာစီကို ရယူဖို႔ ကြင္းထဲ ေျပးဝင္ခဲ့တဲ့ သမီးေလးကို
ဒဏ္ေၾကးတပ္႐ိုက္မွာမဟုတ္ဘူးလို႔ အိုင္ယာလန္
ေဘာလုံးအဖြဲ႕ခ်ဳပ္က အတည္ျပဳပါတယ္။
ကနဦး သတင္းေတြ ထြက္ေပၚလာခဲ့စဥ္က
အဗစ္ဗာအားကစားကြင္းထဲ
က်ဴးေက်ာ္ဝင္ေရာက္ခဲ့တဲ့အက္ဒီဆန္ဝွီလန္ အတြက္
ဒဏ္ေၾကး ေပါင္ ၂၅၀၀ ကို သူမရဲ႕ဖခင္က ေပးေဆာင္ခဲ့ရတယ္ လို႔
ေဖာ္ျပခဲ့ၾကပါတယ္။ရွဲလ္ဘုန္းအသင္းရဲ႕ အသက္၁၃ေအာက္
ေဘာလုံးအသင္းမွာကစားေနတဲ့ အက္ဒီဆန္ဝွီလန္ အတြက္ေတာ့
အိုင္ယာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ
အခ်ိဳေပၚသကာေလာင္းဆိုသလိုျဖစ္ေစခဲ့ပါတယ္။
အိုင္ယာလန္နဲ႔ ေပၚတူဂီတို႔ပြဲမွာ လုံၿခဳံေရးေတြကို ေက်ာ္ျဖတ္ကာ
ကြင္းအတြင္းေျပးဝင္ၿပီး ေရာ္နယ္ဒိုဆီက ဂ်ာစီကို လက္ေဆာင္ရရွိခဲ့တဲ့
အသက္ ၁၁ ႏွစ္အ႐ြယ္ အက္ဒီဆန္ဝွီလန္အတြက္ေတာ့
ဒီအျဖစ္ေတြဟာ သူမရဲ႕ဘဝမွာ ေမ့လို႔ရေတာ့မွာမဟုတ္ပါဘူး။
အက္ဒီဆန္ဝွီလန္ဟာ အသက္မျပည့္ေသးတဲ့ ၁၁ႏွစ္
႐ြယ္သာရွိေသးလို႔တာ အိုင္ယာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕
စာနာေပးမႈကိုရရွိခဲ့တာျဖစ္ပါတယ္။ တကယ္လို႔ သူမသာ
အ႐ြယ္ေရာက္ၿပီးသူျဖစ္ခဲ့မယ္ဆိုရင္ ဒဏ္ေငြေပးေဆာင္ရမယ့္အျပင္
ေဘာလုံးပြဲဝင္ေရာက္ၾကည့္ခြင့္ ပိတ္ပင္ခံရတာမ်ိဳးလို
ျပင္းထန္တဲ့ျပစ္ဒဏ္ေတြပါခံရႏိုင္ပါတယ္။
အခုအခ်ိန္မွာလည္း အက္ဒီဆန္ဝွီလန္ကေတာ့ ကေလးပီပီ
သူမရဲ႕ ကြင္းတြင္း စြန႔္စားခန္းေတြကိုပဲ ေတြးေနအုံးမွာေသခ်ာပါတယ္။
RTE ေရဒီယိုဝမ္းရဲ႕ ေမာ္နင္းအိုင္ယာလန္အစီအစဥ္မွာလည္း
သူမဟာ ကြင္းအတြင္းကအျဖစ္အပ်က္ေတြကိုလည္း
အေသးစိတ္ဖြင့္ဟခဲ့ပါေသးတယ္။ FM104နဲ႔အင္တာဗ်ဴး
အစီအစဥ္ မွာလည္း အက္ဒီဆန္က သူမဖခင္အေနနဲ႔ ဒဏ္ေၾကး
ေပးေဆာင္ရမယ္ဆိုရင္လည္း ပီတိျဖစ္ေနဦးမွာပါဆိုၿပီး ေျပာခဲ့ပါတယ္။
ေယာက်ၤားေလး ပရိသတ္ေတြ ကြင္းထဲ ဝင္ေရာက္လာၿပီး
သူတို႔ သေဘာက်တဲ့ ကစားသမားေတြနဲ႔ ဓါတ္ပုံတြဲ႐ိုက္တာ၊
ဂ်ာစီေတာင္းခံတာေတြက ျမင္ေနေတြ႕ေနၾက ျဖစ္ရပ္တစ္ခုလိုျဖစ္ေနေပမယ့္
အခုလို အသက္မျပည့္ေသးတဲ့ မိန္းကေလး ပရိသတ္တစ္ေယာက္က
ကြင္းလုံၿခဳံေရးေတြကို ျဖတ္ေက်ာ္ၿပီး ေရာ္နယ္ဒို နဲ႔ စကားေျပာခြင့္ရခဲ့ကာ
ဂ်ာစီလက္ေဆာင္ပါရရွိတဲ့အထိ သူမရဲ႕ အိပ္မက္ကို
အေကာင္အထည္ေဖာ္သြားႏိုင္ခဲ့တာကေတာ့ ထူးျခားတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။