ရော်နယ်ဒိုရောက်လာကတည်းက သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်နေ့ရက်တွေကို လက်ချိုးရေတွက်ခဲ့တယ်လို့ ကာဗာနီ ဖွင့်ဟ

ကာဗာနီရဲ့မှတ်ချက်တစ်ခုကိုကြည့်ခြင်းအားဖြင့် နည်းပြတန်ဟတ်ဟာ

ရော်နယ်ဒိုနဲ့လမ်းခွဲဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲဆိုတဲ့ အဖြေတစ်ခုထုတ်နိုင်လောက်တဲ့

အနေအထားကိုရရှိခဲ့ပါတယ်။ တကယ်တော့ အိုးလ်ထရက်ဖို့ဒ်ကို

တန်ဟတ်ရောက်လာချိန်မှာ အမိုက်စားခေါ်ယူမှုလို့ ဘယ်သူမှမထင်ခဲ့ပါဘူး။

သူ့အတွက်တော့ ပေါ်တူဂီစူပါစတားနဲ့ အချင်းများခဲ့တဲ့ နောက်ဆက်တွဲအဖြစ်

ကလပ်ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းရဲ့အလေးထားမှုကိုခံလာရတာဖြစ်တယ်။

ရော်နယ်ဒိုပြန်ရောက်လာချိန်မှာ ပထမဆုံးခံစားလိုက်ရတာက ကာဗာနီဖြစ်ပြီး

ကျောနံပါတ် ၇ ကို လွှဲပြောင်းပေးလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့

ကာဗာနီဟာ သူ့ရဲ့အိုးလ်ထရက်ဖို့ဒ်နေ့ရက်တွေကို လက်ချိုးရေတွက်ခဲ့ပြီး

ရော်နယ်ဒိုကလည်း နည်းပြကိုပွဲထွက်ခွင့်ပေးဖို့အတင်းအကြပ်တောင်းဆိုခဲ့ပုံရပါတယ်။

“အဲ့ဒီရက်ပိုင်းအတွင်း ဘောလုံးနဲ့ပက်သတ်လို့ တစ်ခုခုနားလည်သလိုဖြစ်ခဲ့တဲ့နောက်

ကျွန်တော့်ရဲ့အကို(အေးဂျင့်)ကို ဆက်သွယ်ခဲ့ပြီး ငါ တစ်ပတ်လောက်

စောသိခဲ့ရင် ကလပ်အသစ်ရှာခိုင်းမိခဲ့မှာလို့ ပြောခဲ့တယ်။ ခရစ္စတီယာနိုနဲ့

တွဲမကစားချင်လို့ မဟုတ်ဘူး။ သူ့လိုပရော်ဖက်ရှင်နယ်ပီသသူနဲ့ သိခွင့်ရခဲ့သလို

ရော်နယ်ဒိုရဲ့ပစ်မှတ်တိုင်းဟာ အားကစားသမားတစ်ယောက်အတွက်ပြီးပြည့်စုံစေပါတယ်။

ဒါပေမယ့် လက်ရှိဘောလုံးမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကျွန်တော်သိနေတယ်။

ဒါကြောင့် အကိုနဲ့စကားပြောခဲ့သလို အခြေအနေကိုနားလည်သဘောပေါက်ခဲ့တယ်။

ယူနိုက်တက်အတွက် မကစားနိုင်လို့မဟုတ်ဘူး၊ အခြေအနေတွေမတူတော့လို့ပါ။

ရုတ်တရက်ကြီးဖြစ်လာလို့ မခံစားလိုက်ရပါဘူး။ ငါတို့ကစားမယ်၊ တတ်နိုင်သလောက်

အကောင်းဆုံးလုပ်မယ်လို့ပဲတွေးလိုက်ပါတယ်” လို့ ကာဗာနီက ဖွင့်ဟခဲ့တာဖြစ်တယ်။

zawgyi

ေရာ္နယ္ဒိုေရာက္လာကတည္းက သူ႔ရဲ႕အိုးလ္ထရက္ဖို႔ဒ္ေန႔ရက္ေတြကို လက္ခ်ိဳးေရတြက္ခဲ့တယ္လို႔ ကာဗာနီ ဖြင့္ဟ

ကာဗာနီရဲ႕မွတ္ခ်က္တစ္ခုကိုၾကည့္ျခင္းအားျဖင့္ နည္းျပတန္ဟတ္ဟာ

ေရာ္နယ္ဒိုနဲ႔လမ္းခြဲဖို႔ဘာေၾကာင့္ဆုံးျဖတ္ခဲ့သလဲဆိုတဲ့ အေျဖတစ္ခုထုတ္ႏိုင္ေလာက္တဲ့

အေနအထားကိုရရွိခဲ့ပါတယ္။ တကယ္ေတာ့ အိုးလ္ထရက္ဖို႔ဒ္ကို

တန္ဟတ္ေရာက္လာခ်ိန္မွာ အမိုက္စားေခၚယူမႈလို႔ ဘယ္သူမွမထင္ခဲ့ပါဘူး။

သူ႔အတြက္ေတာ့ ေပၚတူဂီစူပါစတားနဲ႔ အခ်င္းမ်ားခဲ့တဲ့ ေနာက္ဆက္တြဲအျဖစ္

ကလပ္ပတ္ဝန္းက်င္မွာရွိတဲ့ လူတိုင္းရဲ႕အေလးထားမႈကိုခံလာရတာျဖစ္တယ္။

ေရာ္နယ္ဒိုျပန္ေရာက္လာခ်ိန္မွာ ပထမဆုံးခံစားလိုက္ရတာက ကာဗာနီျဖစ္ၿပီး

ေက်ာနံပါတ္ ၇ ကို လႊဲေျပာင္းေပးလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့

ကာဗာနီဟာ သူ႔ရဲ႕အိုးလ္ထရက္ဖို႔ဒ္ေန႔ရက္ေတြကို လက္ခ်ိဳးေရတြက္ခဲ့ၿပီး

ေရာ္နယ္ဒိုကလည္း နည္းျပကိုပြဲထြက္ခြင့္ေပးဖို႔အတင္းအၾကပ္ေတာင္းဆိုခဲ့ပုံရပါတယ္။

“အဲ့ဒီရက္ပိုင္းအတြင္း ေဘာလုံးနဲ႔ပက္သတ္လို႔ တစ္ခုခုနားလည္သလိုျဖစ္ခဲ့တဲ့ေနာက္

ကြၽန္ေတာ့္ရဲ႕အကို(ေအးဂ်င့္)ကို ဆက္သြယ္ခဲ့ၿပီး ငါ တစ္ပတ္ေလာက္

ေစာသိခဲ့ရင္ ကလပ္အသစ္ရွာခိုင္းမိခဲ့မွာလို႔ ေျပာခဲ့တယ္။ ခရစၥတီယာႏိုနဲ႔

တြဲမကစားခ်င္လို႔ မဟုတ္ဘူး။ သူ႔လိုပေရာ္ဖက္ရွင္နယ္ပီသသူနဲ႔ သိခြင့္ရခဲ့သလို

ေရာ္နယ္ဒိုရဲ႕ပစ္မွတ္တိုင္းဟာ အားကစားသမားတစ္ေယာက္အတြက္ၿပီးျပည့္စုံေစပါတယ္။

ဒါေပမယ့္ လက္ရွိေဘာလုံးမွာ ဘာေတြျဖစ္ပ်က္ေနသလဲဆိုတာ ကြၽန္ေတာ္သိေနတယ္။

ဒါေၾကာင့္ အကိုနဲ႔စကားေျပာခဲ့သလို အေျခအေနကိုနားလည္သေဘာေပါက္ခဲ့တယ္။

ယူႏိုက္တက္အတြက္ မကစားႏိုင္လို႔မဟုတ္ဘူး၊ အေျခအေနေတြမတူေတာ့လို႔ပါ။

႐ုတ္တရက္ႀကီးျဖစ္လာလို႔ မခံစားလိုက္ရပါဘူး။ ငါတို႔ကစားမယ္၊ တတ္ႏိုင္သေလာက္

အေကာင္းဆုံးလုပ္မယ္လို႔ပဲေတြးလိုက္ပါတယ္” လို႔ ကာဗာနီက ဖြင့္ဟခဲ့တာျဖစ္တယ္။