ရော်နယ်ဒိုရခဲ့တာတွေ ထပ်တူရနေတဲ့ ဗလာဟိုဗစ်

ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ဗလာဟိုဗစ်ဟာ ဒိုလေးရဲ့ ကျောနံပါတ်၊

ဒိုလေးနေခဲ့တဲ့ အိမ်စတာတွေကို ရယူနိုင်ခဲ့ပါတယ်။

စော်နဲ့တွဲတဲ့ အပိုင်းမှာလည်း ဒိုလေးလိုပဲ အလန်းစားစော်တစ်ပွေနဲ့ တွဲနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးဗလာဟိုဗစ်ဟာ

Miss Italy ကာရိုလိုင်းစထရာမားနှင့်ချစ်ကြိုက်နေကြောင်းသိရပါတယ်။

ကာရိုလိုင်းစထရာမားဟာ အီတာလျှံမီဂန်ဖောက်စ်လို့

အမည်ပေးခြင်းခံထားရသူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိမော်ဒယ်ဟာ အင်စတာဂရမ်မှာ

Follower သုံးသိန်းကျော်ပိုင်ဆိုင်ထားသူဖြစ် ပါတယ်။

စထရာမားဟာ၂၀၁၉ခုနှစ်က Miss Italy ဘွဲ့ကိုရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဗလာဟိုဗစ်ဟာ ဗီရိုနာကို၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ

ဂျူဗင်တပ်စ်အတွက်ပထမဆုံးပွဲကစားရာမှာဂိုးစတင်သွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာအဲဒီနောက်ပိုင်းသုံးပွဲဆက်ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

ဗလာဟိုဗစ်တစ်ယောက် ဂိုးပေါက်ပျောက်ဆုံးတဲ့

အချိန် (၃၃၉)မိနစ်ကြာမြင့်လာသဖြင့် ဝေဖန်ခံနေရပါတယ်။

zawgyi















