
ရော်နယ်ဒိုတစ်ယောက် ဆော်ဒီကလပ်ကိုပြောင်းရွှေ့တာနဲ့ပက်သတ်လို့





ငွေမက်တယ်၊ စိန်ခေါ်မှုတွေကိုရှောင်ပြေးတယ်ဆိုပြီး
မျိုးစုံဝေဖန်နေကြတာတွေရှိပါတယ်။ ဒီလိုအချိန်မှာ သူ့ဘက်က





ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးသူဆိုလို့ ဖာဒီနန်လောက်သာရှိခဲ့ပြီး
ရွန်နေး၊ ဘက်ဟမ်း၊ လမ်းပတ်နဲ့ ဂျရတ်တို့ မေဂျာလိဂ်
သွားကစားခဲ့တာတွေနဲ့ နှိုင်းယှဉ်ပြီးထောက်ပြခဲ့ပါတယ်။





ဆိုလိုချင်တာက ဘောလုံးသမားတစ်ယောက်ရဲ့သက်တမ်းက
တိုတောင်းပါတယ်။ ပရော်ဖက်ရှင်နယ်ဆိုတဲ့သဘောဟာ





အသက်မွေးဝမ်းကျောင်းတစ်ခုကိုဆိုလိုတာဖြစ်ပြီး သူတို့ကို
ကျောထောက်နောက်ခံပြုထားတဲ့ မိသားစုတွေရှိတယ်။
ကစားသမားဘဝကနားတဲ့အခါ ရှေ့ဆက်သွားရမယ့်





အနာဂတ်တွေရှိတယ်။ ဒါတွေထားပါ…ဖာဒီနန်ပြောသလိုပဲ
သူတို့အားလုံး ဒီအခွင့်အရေးနဲ့ထိုက်တန်ကြတယ်။





ဒါမျိုးလူတိုင်းမရဘူး၊ ရော်နယ်ဒိုရဲ့လုပ်ခလစာက အိပ်မက်တောင်
ထည့်မက်လို့မရတဲ့အနေအထားဖြစ်တယ်။ မက်ဆီဟာ အသက်
၃၃နှစ်မှာ လီဂူး-၁ ကိုပြောင်းခဲ့တယ်။ ပြင်သစ်လိဂ်က ဥရောပထိပ်တန်း





ပြိုင်ပွဲတွေထဲမှာ အဆင့်အနိမ့်ဆုံးလို့ဆိုရမှာဖြစ်ပေမဲ့ ဘာစီလိုနာ
အခြေအနေမဟန်တော့ချိန်မှာ မက်ဆီက ကောင်းမွန်တဲ့အနာဂတ်





တစ်ခုကိုရှာဖွေခဲ့တယ်။ နောက်တစ်ယောက်ကတော့ လတ်တလော
ကွယ်လွန်သွားခဲ့တဲ့ ဘရာဇီးဂန္တဝင်ပီလီဖြစ်တယ်။ ပုလဲနက်ကြီးဟာ
၁၉၅၆ ကနေ ၁၉၇၄ အထိ ဆန်းတို့စ်တစ်သင်းတည်းမှာကစားပေမဲ့





သူ့ရဲ့ကစားသမားဘဝနောက်ဆုံး ၂နှစ်မှာ အမေရိကကိုခြေဆန့်ခဲ့သလို
နယူးယော့ခ်ကော့စ်မို့စ်အသင်းမှာ သွားရောက်ကစားပြီး





၁၉၇၇ မှာ ကစားသမားဘဝကနေအနားယူခဲ့ပါတယ်။
ပီလီဟာ သူ့ရဲ့အတွေ့အကြုံကို အမေရိကမှာမျှဝေပေးခဲ့သလို
ရသင့်ရထိုက်တဲ့ငွေကြေးကိုပိုင်ဆိုင်ခဲ့တာပါ။ မာရာဒိုနာလည်း ဒီလိုပါပဲ။





နာပိုလီနဲ့အတူလျှမ်းလျှမ်းတောက်ပြီးတဲ့နောက် ၁၉၉၂ မှာ ဆီဗီလာကို
ပြောင်းရွှေ့ခဲ့သလို စပိန်ကလပ်အတွက် တစ်ရာသီကစားအပြီး





အသက် ၃၃နှစ် အရွယ်မှာ အာဂျင်တီးနားကိုပြန်လာခဲ့ပါတယ်။
ဥရောပမှာကစားသမားဘဝအဆုံးမသတ်ဘဲ ခြေစွမ်းကျဆင်းသွားချိန်မှာ
အမိမြေပြန်ရောက်လာမယ့် ကစားသမားဘဝကို နယူးဝဲလ်အိုးလ်ဘွိုင်း၊





ဘိုကာဂျူနီယာတို့နဲ့အတူ ၄ နှစ်လောက်အသက်ဆက်ပြီး
ငွေရှာသွားခဲ့ပါတယ်။ ဒါတွေကိုပြန်သုံးသပ်ကြည့်ရင်တော့





ဂန္တဝင်တွေအားလုံးဟာခြေစွမ်းကျသွားပေမဲ့ သူတို့ရဲ့အတိတ်က
အရိပ်တွေကြောင့် နောက်ဆုံးမှာအခွင့်အရေးလေးတွေရခဲ့ကြတာ
တွေ့ရပါတယ်။ အခု ရော်နယ်ဒိုက အယ်လ်နက်ဆာနဲ့ပွဲထွက်တော့မယ်





အရှေ့အလယ်ပိုင်းမှာ ရုန်းကန်ပြီး ဘောလုံးလောက ကနေ
စောစောစီးစီးပျောက်ကွယ်မသွားဖို့အတွက်ပဲ ဆုတောင်းပေးရမှာပါ။





zawgyi
ေရာ္နယ္ဒိုမွမဟုတ္ပါဘူး…ဒိတ္ဒိတ္ႀကဲဂႏၲဝင္ေတြလည္း ၿပိဳင္ဆိုင္မႈနည္းတဲ့ ရပ္ဝန္းမွာကိုယ္စီအဆုံးသတ္ခဲ့တာပဲ
ေရာ္နယ္ဒိုတစ္ေယာက္ ေဆာ္ဒီကလပ္ကိုေျပာင္းေ႐ႊ႕တာနဲ႔ပက္သတ္လို႔





ေငြမက္တယ္၊ စိန္ေခၚမႈေတြကိုေရွာင္ေျပးတယ္ဆိုၿပီး
မ်ိဳးစုံေဝဖန္ေနၾကတာေတြရွိပါတယ္။ ဒီလိုအခ်ိန္မွာ သူ႔ဘက္က





ေျပာင္ေျပာင္တင္းတင္း ကာကြယ္ေပးသူဆိုလို႔ ဖာဒီနန္ေလာက္သာရွိခဲ့ၿပီး
႐ြန္ေနး၊ ဘက္ဟမ္း၊ လမ္းပတ္နဲ႔ ဂ်ရတ္တို႔ ေမဂ်ာလိဂ္
သြားကစားခဲ့တာေတြနဲ႔ ႏႈိင္းယွဥ္ၿပီးေထာက္ျပခဲ့ပါတယ္။





ဆိုလိုခ်င္တာက ေဘာလုံးသမားတစ္ေယာက္ရဲ႕သက္တမ္းက
တိုေတာင္းပါတယ္။ ပေရာ္ဖက္ရွင္နယ္ဆိုတဲ့သေဘာဟာ





အသက္ေမြးဝမ္းေက်ာင္းတစ္ခုကိုဆိုလိုတာျဖစ္ၿပီး သူတို႔ကို
ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ မိသားစုေတြရွိတယ္။
ကစားသမားဘဝကနားတဲ့အခါ ေရွ႕ဆက္သြားရမယ့္





အနာဂတ္ေတြရွိတယ္။ ဒါေတြထားပါ…ဖာဒီနန္ေျပာသလိုပဲ
သူတို႔အားလုံး ဒီအခြင့္အေရးနဲ႔ထိုက္တန္ၾကတယ္။





ဒါမ်ိဳးလူတိုင္းမရဘူး၊ ေရာ္နယ္ဒိုရဲ႕လုပ္ခလစာက အိပ္မက္ေတာင္
ထည့္မက္လို႔မရတဲ့အေနအထားျဖစ္တယ္။ မက္ဆီဟာ အသက္
၃၃ႏွစ္မွာ လီဂူး-၁ ကိုေျပာင္းခဲ့တယ္။ ျပင္သစ္လိဂ္က ဥေရာပထိပ္တန္း





ၿပိဳင္ပြဲေတြထဲမွာ အဆင့္အနိမ့္ဆုံးလို႔ဆိုရမွာျဖစ္ေပမဲ့ ဘာစီလိုနာ
အေျခအေနမဟန္ေတာ့ခ်ိန္မွာ မက္ဆီက ေကာင္းမြန္တဲ့အနာဂတ္





တစ္ခုကိုရွာေဖြခဲ့တယ္။ ေနာက္တစ္ေယာက္ကေတာ့ လတ္တေလာ
ကြယ္လြန္သြားခဲ့တဲ့ ဘရာဇီးဂႏၲဝင္ပီလီျဖစ္တယ္။ ပုလဲနက္ႀကီးဟာ
၁၉၅၆ ကေန ၁၉၇၄ အထိ ဆန္းတို႔စ္တစ္သင္းတည္းမွာကစားေပမဲ့





သူ႔ရဲ႕ကစားသမားဘဝေနာက္ဆုံး ၂ႏွစ္မွာ အေမရိကကိုေျခဆန႔္ခဲ့သလို
နယူးေယာ့ခ္ေကာ့စ္မို႔စ္အသင္းမွာ သြားေရာက္ကစားၿပီး





၁၉၇၇ မွာ ကစားသမားဘဝကေနအနားယူခဲ့ပါတယ္။
ပီလီဟာ သူ႔ရဲ႕အေတြ႕အႀကဳံကို အေမရိကမွာမွ်ေဝေပးခဲ့သလို
ရသင့္ရထိုက္တဲ့ေငြေၾကးကိုပိုင္ဆိုင္ခဲ့တာပါ။ မာရာဒိုနာလည္း ဒီလိုပါပဲ။





နာပိုလီနဲ႔အတူလွ်မ္းလွ်မ္းေတာက္ၿပီးတဲ့ေနာက္ ၁၉၉၂ မွာ ဆီဗီလာကို
ေျပာင္းေ႐ႊ႕ခဲ့သလို စပိန္ကလပ္အတြက္ တစ္ရာသီကစားအၿပီး





အသက္ ၃၃ႏွစ္ အ႐ြယ္မွာ အာဂ်င္တီးနားကိုျပန္လာခဲ့ပါတယ္။
ဥေရာပမွာကစားသမားဘဝအဆုံးမသတ္ဘဲ ေျခစြမ္းက်ဆင္းသြားခ်ိန္မွာ
အမိေျမျပန္ေရာက္လာမယ့္ ကစားသမားဘဝကို နယူးဝဲလ္အိုးလ္ဘြိဳင္း၊





ဘိုကာဂ်ဴနီယာတို႔နဲ႔အတူ ၄ ႏွစ္ေလာက္အသက္ဆက္ၿပီး
ေငြရွာသြားခဲ့ပါတယ္။ ဒါေတြကိုျပန္သုံးသပ္ၾကည့္ရင္ေတာ့





ဂႏၲဝင္ေတြအားလုံးဟာေျခစြမ္းက်သြားေပမဲ့ သူတို႔ရဲ႕အတိတ္က
အရိပ္ေတြေၾကာင့္ ေနာက္ဆုံးမွာအခြင့္အေရးေလးေတြရခဲ့ၾကတာ
ေတြ႕ရပါတယ္။ အခု ေရာ္နယ္ဒိုက အယ္လ္နက္ဆာနဲ႔ပြဲထြက္ေတာ့မယ္





အေရွ႕အလယ္ပိုင္းမွာ ႐ုန္းကန္ၿပီး ေဘာလုံးေလာက ကေန
ေစာေစာစီးစီးေပ်ာက္ကြယ္မသြားဖို႔အတြက္ပဲ ဆုေတာင္းေပးရမွာပါ။