ရော်နယ်ဒိုမရှိတော့ရင် မန်ယူပိုဆိုးသွားမှာပေါ့လို့ သရဲနီဟောင်း ဖာဒီနန် သတိပေး

ဘောလုံးသမားတစ်ယောက်အတွက် အဆိုးဆုံး အဖြစ်က အရန်ခုံမှာထိုင်ပြီး ကွင်းထဲကို ဝင်လာရတာပဲဖြစ်တယ်လို့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီ နန်က ပြောဆိုလိုက်ပြီး သရဲနီတွေအနေနဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်ဒိုကို

အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ရင် ပိုဆိုးသွားလိမ့်မယ်လို့ မှတ်ချက်ပြု လိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ချန်ပီယံ လိဂ်ပြိုင်ပွဲ ကစားလိုတာကြောင့် မန်ယူကို စွန့်ခွာပြီး အခြားအသင်းတစ်သင်း ဆီကို

ပြောင်းရွှေ့လိုနေတာပါ။ ထိုင်းနဲ့ သြစတြေးလျတို့မှာ သွားကစားခဲ့တဲ့ မန်ယူအသင်း ရာသီကြို ခြေစမ်းပွဲတွေမှာ ကြံ့ခိုင်မှု ပြဿနာကြောင့် ပါဝင် ကစားနိုင်ခြင်း မရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့

ပွဲစဉ်မှာ တော့ အရန်ခုံကထလာပြီး ပွဲချိန် ၃၇ မိနစ်ကြာ ကစားခွင့်ရခဲ့ပါတယ်။ ဒီပေါ် တူဂီလက်ရွေးစင် တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်မှုတွေ အမျုးမျုး ရှိနေကြပေမယ့် ဖာဒီနန်ကြီးကတော့ ရော်နယ်ဒိုလို

ဝါရင့်တိုက်စစ်မှူးမျုးကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်မယ်ဆိုရင် မန်ယူရဲ့ အခြေအနေဟာ အခုထက်ပိုပြီး ဆိုးသွားဖို့ပဲ ရှိတယ်လို့ ဟောကိန်းထုတ်လိုက်ပြီး နည်းပြ အဲရစ်တန်ဟက်ကလည်း

အမှားတစ်ခု ကျူးလွန်လိုက်တာပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ‘’ ကစားသမားတစ်ယောက်အတွက် အဆိုးဆုံး လုပ်ရတာက အရန်ခုံ မှာထိုင်နေပြီး ကွင်းထဲကို ဝင်လာရတာပါပဲ။ သူ့ကို စသုံးလိုက်။ မင်း ၄၅ မိနစ်

ကစားရမှာဖြစ်ပြီး မင်းလုပ်ချင်တာလုပ်လို့ ပြောလိုက်။ သူ ၄၅ မိနစ် ကစားခွင့် ရပါလိမ့်မယ်။ ပွဲချိန်တစ်လျှောက်လုံး သူ့ကိုယ်သူ တွက်ဆဖို့ လုံလောက်တဲ့ အတွေ့အကြုံ သူ့မှာရှိပါတယ်။

ဒီလိုလူမျုးကို ယုံကြည်မှုပေးရမှာပါ။ မန်ယူက အခုအချိန်မှာ သူ့ကို ထွက်သွားခွင့် ပေးလို့ကို မရနေပါဘူး။ ၂၄ ဂိုးဆိုတဲ့ အရေ အတွက်ကို ဘယ်နေရာမှာ သွားရှာမလဲ။ စကားတွေ

လျှောက်ပြောမနေနဲ့။ ဘယ်မှာမှ ရှာလို့ မရပါဘူး” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

(zawgyi)

ေဘာလုံးသမားတစ္ေယာက္အတြက္ အဆိုးဆုံး အျဖစ္က အရန္ခုံမွာထိုင္ၿပီး ကြင္းထဲကို ဝင္လာရတာပဲျဖစ္တယ္လို႔ မန္ယူေနာက္ခံလူေဟာင္း ရီယိုဖာဒီ နန္က ေျပာဆိုလိုက္ၿပီး သရဲနီေတြအေနနဲ႔ ဝါရင့္တိုက္စစ္မႉး စီေရာ္နယ္ဒိုကို အသင္းကေန ထြက္ခြာခြင့္ေပးလိုက္ရင္

ပိုဆိုးသြားလိမ့္မယ္လို႔ မွတ္ခ်က္ျပဳ လိုက္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲ ကစားလိုတာေၾကာင့္ မန္ယူကို စြန႔္ခြာၿပီး အျခားအသင္းတစ္သင္း ဆီကို ေျပာင္းေ႐ႊ႕လိုေနတာပါ။ ထိုင္းနဲ႔ ၾသစေၾတးလ်တို႔မွာ

သြားကစားခဲ့တဲ့ မန္ယူအသင္း ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ ပါဝင္ ကစားႏိုင္ျခင္း မရွိခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ ေတာ့ အရန္ခုံကထလာၿပီး ပြဲခ်ိန္ ၃၇ မိနစ္ၾကာ ကစားခြင့္ရခဲ့ပါတယ္။

ဒီေပၚ တူဂီလက္ေ႐ြးစင္ တိုက္စစ္မႉးနဲ႔ ပတ္သက္ၿပီး ေဝဖန္သုံးသပ္မႈေတြ အမ်ဳးမ်ဳး ရွိေနၾကေပမယ့္ ဖာဒီနန္ႀကီးကေတာ့ ေရာ္နယ္ဒိုလို ဝါရင့္တိုက္စစ္မႉးမ်ဳးကို အသင္းကေန ထြက္ခြာခြင့္ ေပးလိုက္မယ္ဆိုရင္ မန္ယူရဲ႕ အေျခအေနဟာ အခုထက္ပိုၿပီး

ဆိုးသြားဖို႔ပဲ ရွိတယ္လို႔ ေဟာကိန္းထုတ္လိုက္ၿပီး နည္းျပ အဲရစ္တန္ဟက္ကလည္း အမွားတစ္ခု က်ဴးလြန္လိုက္တာပဲ ျဖစ္လိမ့္မယ္လို႔ ေျပာပါတယ္။ ‘’ ကစားသမားတစ္ေယာက္အတြက္ အဆိုးဆုံး လုပ္ရတာက အရန္ခုံ မွာထိုင္ေနၿပီး ကြင္းထဲကို ဝင္လာရတာပါပဲ။

သူ႔ကို စသုံးလိုက္။ မင္း ၄၅ မိနစ္ ကစားရမွာျဖစ္ၿပီး မင္းလုပ္ခ်င္တာလုပ္လို႔ ေျပာလိုက္။ သူ ၄၅ မိနစ္ ကစားခြင့္ ရပါလိမ့္မယ္။ ပြဲခ်ိန္တစ္ေလွ်ာက္လုံး သူ႔ကိုယ္သူ တြက္ဆဖို႔ လုံေလာက္တဲ့ အေတြ႕အႀကဳံ သူ႔မွာရွိပါတယ္။

ဒီလိုလူမ်ဳးကို ယုံၾကည္မႈေပးရမွာပါ။ မန္ယူက အခုအခ်ိန္မွာ သူ႔ကို ထြက္သြားခြင့္ ေပးလို႔ကို မရေနပါဘူး။ ၂၄ ဂိုးဆိုတဲ့ အေရ အတြက္ကို ဘယ္ေနရာမွာ သြားရွာမလဲ။ စကားေတြ ေလွ်ာက္ေျပာမေနနဲ႔။

ဘယ္မွာမွ ရွာလို႔ မရပါဘူး” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မန္ယူအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၂၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ပါတယ္။