
အင်စတာဂရမ်မှာ follower ၅၁၄ သန်းကျော်ရှိတဲ့ စီရော်နယ်ဒိုဟာ မနေ့က သူ့ရဲ့ အင်စတာ ဂရမ်စတိုရီကနေ
သူ လက်ရှိ ရင်ဆိုင်နေရတဲ့ ခံစားချက်တွေကို ဓါတ်ပုံတစ်ပုံတင်ပြီး ပရိသတ်တွေဆီကို ထုတ်ဖော်ပြလာခဲ့ပါတယ်။
ကာတာကမ္ဘာဖလားဟာ ရော်နယ်ဒိုအတွက် သူ့ရဲ့ နိုင်ငံကိုယ်စားပြု ကစားသမားဘဝ
နောက်ဆုံးအကြိမ် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဖြစ်နိုင်တာကြောင့် အစွမ်းကုန်ကြိုးစားခဲ့တာကို တွေ့မြင်ကြရမှာပါ။
ဒါပေမယ့်သူကိုယ်စားပြုနေတဲ့ ပေါ်တူဂီအသင်းဟာ မော်ရိုကိုအသင်းကို (၁-၀ ) ရလာဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့လိုက်ရပါပြီ။
ဒီကမ္ဘာဖလား ပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ ဆွစ်ဇာလန်နဲ့ မော်ရိုကိုပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကလည်း
သူ့ရဲ့ ကစားသမားဘဝမှာ စိတ်ပျက်စရာ မှတ်တမ်းဆိုးဖြစ်ခဲ့ပါတယ်။
မော်ရိုကိုနဲ့ပွဲစဉ်မှာဆိုရင် နည်းပြ ဖာနန်ဒို ဆန်းတို့စ်သာ ရော်နယ်ဒိုကို ပွဲထွက်ပါဝင်ခွင့်ပြုခဲ့မယ်ဆိုရင်
ပွဲရလဒ်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်လောက်တယ်လို့ယူဆနေကြတဲ့သူတွေများစွာရှိနေသလို ဆိုရှယ်မီဒီယာပေါ်မှာလည်း
ပေါ်တူဂီဂန္တဝင်ကစားသမား ဖီဂိုအပါအဝင် ပရိသတ်တွေက ဝေဖန်ရေးသားမှုတွေလုပ်ခဲ့ကြပါတယ်။
ရော်နယ်ဒိုဟာ ဂါနာနဲ့တွေ့ဆုံခဲ့တဲ့ အုပ်စုပွဲစဉ်တုန်းက ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တာကြောင့်
ကမ္ဘာ့ဖလား ( ၅ ) ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တဲ့ မှတ်တမ်းကောင်းကိုရရှိခဲ့ပေမယ့်
ရှုံးထွက်ပွဲစဉ်တွေမှာတော့ လူစားဝင်ကစားသမားအနေနဲ့သာ ပါဝင်ခွင့်ရခဲ့ပြီး ကစားသမားတစ်လျှောက်
ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်တွေမှာ ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုးကိုတော့ ချေဖျက်နိုင်ခြင်း မရှိခဲ့ပါဘူး။
သူဟာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ မော်ရိုကိုနဲ့ပွဲစဉ်အပြီးမှာ သူ့ကိုချစ်ခင်သူ၊ ဝေဖန်တိုက်ခိုက်ကြသူတွေဆီကို
စာအရှည်ရေးသားပြီး သူ့ရဲ့ခံစားမှုတွေနဲ့ နိုင်ငံအတွက် လုပ်ဆောင်ပေးခဲ့မှုတွေကို ခံစားချက်အပြည့်နဲ့ ရေးသားလာခဲ့သလို
အခုတစ်ခါမှာလည်း သူ့ရဲ့ အင်စတာ ဂရမ်စတိုရီမှာ သူ လက်ရှိ ရင်ဆိုင်နေရတဲ့ ခံစားချက်တွေကို စာသား(၃)တန်းပါတဲ့ ဓါတ်ပုံတစ်ပုံနဲ့ အသိပေးလာခဲ့ပါတယ်။
“ အမှန်တရား ( ၃ ) ခု ၊ နာကျင်မှု ၊ မသေချာမှု နှင့် မရပ်မနား အလုပ်ကြိုးစားမှု။ ( 3 Aspects of reality, Pain, Uncertainty and Constant work”
သူဖော်ပြထားတဲ့ ဓါတ်ပုံထဲမှာ နာကျင်မှုဆိုတာက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်
တစ်ခုတည်းသော လိုအပ်ချက်ဖြစ်တဲ့ ကမ္ဘာ့ဖလားကို နောက်ဆုံးအနေနဲ့ လက်လွတ်လိုက်ရတာကိုဆိုလိုတာဖြစ်နိုင်ပြီး
မသချောမှုဆိုတာက သူအနေနဲ့ ကစားသမားဘဝ ရှေ့ဆက်သင့်မသင့်ဆိုတာဝေခွဲရခက်နေတာကိုဆိုလိုတာလို့ယူဆမိပါတယ်။
နောက်ဆုံးစာသားဖြစ်တဲ့ မရပ်မနားအလုပ်ကြိုးစားမှုဆိုတာကိုတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ထုံးစံအတိုင်း ဘယ်လောက်ပဲ ရှုံးနိမ့်မှုတွေကြုံတွေ့ရသည်ဖြစ်စေ
လာမယ့် အနာဂတ်အတွက် ဆက်လက်ကြိုးစားနေအုံးမယ်လို့ ဆိုလိုတာဖြစ်နိုင်ပါတယ်။
ဆြာသမားက ရှင်းအောင်တစ်ခါတည်းမရေးဘူး…အဓိပ္ပွာယ်တွေအမျိုးမျိုးထွက်ပြီးတွေးနေရအောင်လုပ်သွားတာ…
zawgyi
ေရာ္နယ္ဒိုဖြင့္ဟလာတဲ့ သူ ရင္ဆိုင္ေနရတဲ့ ျဖစ္ရပ္မွန္အေၾကာင္းအရာ ( ၃ ) ခု
အင္စတာဂရမ္မွာ follower ၅၁၄ သန္းေက်ာ္ရွိတဲ့ စီေရာ္နယ္ဒိုဟာ မေန႔က သူ႔ရဲ႕ အင္စတာ ဂရမ္စတိုရီကေန
သူ လက္ရွိ ရင္ဆိုင္ေနရတဲ့ ခံစားခ်က္ေတြကို ဓါတ္ပုံတစ္ပုံတင္ၿပီး ပရိသတ္ေတြဆီကို ထုတ္ေဖာ္ျပလာခဲ့ပါတယ္။
ကာတာကမာၻဖလားဟာ ေရာ္နယ္ဒိုအတြက္ သူ႔ရဲ႕ ႏိုင္ငံကိုယ္စားျပဳ ကစားသမားဘဝ
ေနာက္ဆုံးအႀကိမ္ ယွဥ္ၿပိဳင္တဲ့ ၿပိဳင္ပြဲျဖစ္ႏိုင္တာေၾကာင့္ အစြမ္းကုန္ႀကိဳးစားခဲ့တာကို ေတြ႕ျမင္ၾကရမွာပါ။
ဒါေပမယ့္သူကိုယ္စားျပဳေနတဲ့ ေပၚတူဂီအသင္းဟာ ေမာ္႐ိုကိုအသင္းကို (၁-၀ ) ရလာဒ္နဲ႔ အေရးနိမ့္ခဲ့ၿပီး ကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့လိုက္ရပါၿပီ။
ဒီကမာၻဖလား ၿပိဳင္ပြဲမွာ ေရာ္နယ္ဒိုဟာ ဆြစ္ဇာလန္နဲ႔ ေမာ္႐ိုကိုပြဲစဥ္ေတြမွာ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာကလည္း
သူ႔ရဲ႕ ကစားသမားဘဝမွာ စိတ္ပ်က္စရာ မွတ္တမ္းဆိုးျဖစ္ခဲ့ပါတယ္။
ေမာ္႐ိုကိုနဲ႔ပြဲစဥ္မွာဆိုရင္ နည္းျပ ဖာနန္ဒို ဆန္းတို႔စ္သာ ေရာ္နယ္ဒိုကို ပြဲထြက္ပါဝင္ခြင့္ျပဳခဲ့မယ္ဆိုရင္
ပြဲရလဒ္ဟာ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲသြားႏိုင္ေလာက္တယ္လို႔ယူဆေနၾကတဲ့သူေတြမ်ားစြာရွိေနသလို ဆိုရွယ္မီဒီယာေပၚမွာလည္း
ေပၚတူဂီဂႏၲဝင္ကစားသမား ဖီဂိုအပါအဝင္ ပရိသတ္ေတြက ေဝဖန္ေရးသားမႈေတြလုပ္ခဲ့ၾကပါတယ္။
ေရာ္နယ္ဒိုဟာ ဂါနာနဲ႔ေတြ႕ဆုံခဲ့တဲ့ အုပ္စုပြဲစဥ္တုန္းက ပင္နယ္တီကေန သြင္းဂိုးတစ္ဂိုးရယူႏိုင္ခဲ့တာေၾကာင့္
ကမာၻ႔ဖလား ( ၅ ) ႀကိမ္ဆက္ ဂိုးသြင္းယူႏိုင္တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့တဲ့ မွတ္တမ္းေကာင္းကိုရရွိခဲ့ေပမယ့္
ရႈံးထြက္ပြဲစဥ္ေတြမွာေတာ့ လူစားဝင္ကစားသမားအေနနဲ႔သာ ပါဝင္ခြင့္ရခဲ့ၿပီး ကစားသမားတစ္ေလွ်ာက္
ကမာၻ႔ဖလား ရႈံးထြက္ပြဲစဥ္ေတြမွာ ဂိုးမသြင္းႏိုင္တဲ့ မွတ္တမ္းဆိုးကိုေတာ့ ေခ်ဖ်က္ႏိုင္ျခင္း မရွိခဲ့ပါဘူး။
သူဟာ ၿပိဳင္ပြဲကေနထြက္ခြာခဲ့ရတဲ့ ေမာ္႐ိုကိုနဲ႔ပြဲစဥ္အၿပီးမွာ သူ႔ကိုခ်စ္ခင္သူ၊ ေဝဖန္တိုက္ခိုက္ၾကသူေတြဆီကို
စာအရွည္ေရးသားၿပီး သူ႔ရဲ႕ခံစားမႈေတြနဲ႔ ႏိုင္ငံအတြက္ လုပ္ေဆာင္ေပးခဲ့မႈေတြကို ခံစားခ်က္အျပည့္နဲ႔ ေရးသားလာခဲ့သလို
အခုတစ္ခါမွာလည္း သူ႔ရဲ႕ အင္စတာ ဂရမ္စတိုရီမွာ သူ လက္ရွိ ရင္ဆိုင္ေနရတဲ့ ခံစားခ်က္ေတြကို စာသား(၃)တန္းပါတဲ့ ဓါတ္ပုံတစ္ပုံနဲ႔ အသိေပးလာခဲ့ပါတယ္။
“ အမွန္တရား ( ၃ ) ခု ၊ နာက်င္မႈ ၊ မေသခ်ာမႈ ႏွင့္ မရပ္မနား အလုပ္ႀကိဳးစားမႈ။ ( 3 Aspects of reality, Pain, Uncertainty and Constant work”
သူေဖာ္ျပထားတဲ့ ဓါတ္ပုံထဲမွာ နာက်င္မႈဆိုတာက သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္
တစ္ခုတည္းေသာ လိုအပ္ခ်က္ျဖစ္တဲ့ ကမာၻ႔ဖလားကို ေနာက္ဆုံးအေနနဲ႔ လက္လြတ္လိုက္ရတာကိုဆိုလိုတာျဖစ္ႏိုင္ၿပီး
မသေခ်ာမႈဆိုတာက သူအေနနဲ႔ ကစားသမားဘဝ ေရွ႕ဆက္သင့္မသင့္ဆိုတာေဝခြဲရခက္ေနတာကိုဆိုလိုတာလို႔ယူဆမိပါတယ္။
ေနာက္ဆုံးစာသားျဖစ္တဲ့ မရပ္မနားအလုပ္ႀကိဳးစားမႈဆိုတာကိုေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ထုံးစံအတိုင္း ဘယ္ေလာက္ပဲ ရႈံးနိမ့္မႈေတြႀကဳံေတြ႕ရသည္ျဖစ္ေစ
လာမယ့္ အနာဂတ္အတြက္ ဆက္လက္ႀကိဳးစားေနအုံးမယ္လို႔ ဆိုလိုတာျဖစ္ႏိုင္ပါတယ္။
ၾဆာသမားက ရွင္းေအာင္တစ္ခါတည္းမေရးဘူး…အဓိပၸြာယ္ေတြအမ်ိဳးမ်ိဳးထြက္ၿပီးေတြးေနရေအာင္လုပ္သြားတာ…