ရော်နယ်ဒိုပြိုလဲချိန်မှာ မက်ဆီဟာကမ္ဘာပေါ်မှာအချစ်ရဆုံးဘောလုံးသမား အဖြစ်ရှိနေသေးတယ်

အဂျက်စီယိုနဲ့ လီဂူး-၁ပွဲစဉ်မှာ အကောင်းဆုံးသွင်းဂိုးတစ်ဂိုးနဲ့မိတ်ဆက်ပေးခဲ့သလို အမ်ဘာပီရဲ့သွင်းဂိုးတွေကိုဖန်တီးပေးခဲ့တဲ့ မက်ဆီကိုတော့ ပရိသတ်တွေက နွေးထွေးတဲ့နှလုံးသားပိုင်ရှင်လို့ ချီးကျူးခဲ့ကြပါတယ်။

ဒီပွဲမှာ လူငယ်ပရိသတ် ၃ယောက်အထိကွင်းထဲကျူးကျော်ဝင်ရောက်ခဲ့တာက စိတ်ရှုပ်စရာဖြစ်ပေမဲ့ ပွဲနဲ့မသက်ဆိုင်တဲ့ အခိုက်အတန့်မှာ GOAT ကြီးမက်ဆီက ချာတိတ်လေးတွေကို အလိုလိုက်အကြိုက်ဆောင်ပေးခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ ကွင်းထဲဝင် လာပြီး အပြေးအလွှား selfie ရိုက်ကာ ပြန်ပြေးသွားခဲ့တာပါ။

နောက်ထပ်နှစ်ယောက်ကိုတော့ မက်ဆီကသူ့အနားမှာ တခဏတာ ဘ၀အမောပြေစေခဲ့ပြီး ဆန္ဒတွေဖြည့်ဆည်းပေးသွားခဲ့ပါတယ်။

ကြည်နူးစရာ မြင်ကွင်းနဲ့ပတ်သတ်လို့ တွစ်တာကီးဘုတ် စစ်သည်တွေက “ကမ္ဘာပေါ်မှာ အချစ်ရဆုံးသောဘောလုံးသမား” ၊ “သူကအလွန်နှိမ့် ချတတ်သူပါ။

ဒုတိယတစ်ယောက် ပွေ့ဖက်လိုက်တဲ့အချိန်မှာ သူအရမ်းကိုအံ့အားသင့်နေခဲ့ပါတယ်” ၊ “ဒါတွေကပဲ သူ့ကို GOAT ဖြစ်စေတာပါ” အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ငယ်မူပြန်ပြီး ခြေစွမ်းကောင်းပြသနေသလို ပရိသတ်တွေနဲ့ပိုပြီးနွေးထွေးမှုရှိလာခဲ့သူ တစ်ယောက်ဖြစ်နေပါတယ်။

ပရော်ဖက်ရှင်နယ်ဘ၀နေဝင်ချိန်နီးလာတာနဲ့ အမျှပြိုင်ဘက်ကြီး ရော်နယ်ဒိုအလဲလဲအကွဲကွဲဖြစ်နေပေမဲ့ မက်ဆီကတော့ ပရိသတ် တွေနဲ့အတူကြည်နူးစရာအခိုက်အတန့်တွေကို ပုံဖော်နေနိုင်ဆဲလို့ ဆိုရုံမှတစ်ပါး…..

(Zawgyi)

ေရာ္နယ္ဒိုၿပိဳလဲခ်ိန္မွာ မက္ဆီဟာကမာၻေပၚမွာအခ်စ္ရဆုံးေဘာလုံးသမား အျဖစ္ရွိေနေသးတယ္

အဂ်က္စီယိုနဲ႔ လီဂူး-၁ပြဲစဥ္မွာ အေကာင္းဆုံးသြင္းဂိုးတစ္ဂိုးနဲ႔မိတ္ဆက္ေပးခဲ့သလို အမ္ဘာပီရဲ႕သြင္းဂိုးေတြကိုဖန္တီးေပးခဲ့တဲ့ မက္ဆီကိုေတာ့ ပရိသတ္ေတြက ေႏြးေထြးတဲ့ႏွလုံးသားပိုင္ရွင္လို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ဒီပြဲမွာ လူငယ္ပရိသတ္ ၃ေယာက္အထိကြင္းထဲက်ဴးေက်ာ္ဝင္ေရာက္ခဲ့တာက စိတ္ရႈပ္စရာျဖစ္ေပမဲ့ ပြဲနဲ႔မသက္ဆိုင္တဲ့အခိုက္အတန႔္မွာ GOAT ႀကီးမက္ဆီက ခ်ာတိတ္ေလးေတြကို အလိုလိုက္အႀကိဳက္ေဆာင္ေပးခဲ့ပါတယ္။

ပထမတစ္ေယာက္ကေတာ့ ကြင္းထဲဝင္ လာၿပီး အေျပးအလႊား selfie ႐ိုက္ကာျပန္ေျပးသြားခဲ့တာပါ။

ေနာက္ထပ္ႏွစ္ေယာက္ ကိုေတာ့ မက္ဆီကသူ႔အနားမွာ တခဏတာဘ၀အေမာေျပေစခဲ့ၿပီး ဆႏၵေတြျဖည့္ ဆည္းေပးသြားခဲ့ပါတယ္။

ၾကည္ႏူးစရာျမင္ကြင္းနဲ႔ပတ္သတ္လို႔ တြစ္တာကီးဘုတ္ စစ္သည္ေတြက “ကမာၻေပၚမွာ အခ်စ္ရဆုံးေသာေဘာလုံးသမား” ၊ “သူကအလြန္ႏွိမ့္ ခ်တတ္သူပါ။

ဒုတိယတစ္ေယာက္ေပြ႕ဖက္လိုက္တဲ့အခ်ိန္မွာ သူအရမ္းကိုအံ့အားသင့္ေနခဲ့ပါတယ္” ၊ “ဒါေတြကပဲ သူ႔ကို GOAT ျဖစ္ေစတာပါ” အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ငယ္မူျပန္ၿပီးေျခစြမ္းေကာင္းျပသေနသလို ပရိသတ္ေတြနဲ႔ပိုၿပီးေႏြးေထြးမႈရွိလာခဲ့သူ တစ္ေယာက္ျဖစ္ေနပါတယ္။

ပေရာ္ဖက္ရွင္နယ္ဘ၀ေနဝင္ခ်ိန္နီးလာတာနဲ႔ အမွ်ၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒိုအလဲလဲအကြဲကြဲျဖစ္ေနေပမဲ့ မက္ဆီကေတာ့ ပရိသတ္ ေတြနဲ႔အတူၾကည္ႏူးစရာအခိုက္အတန႔္ေတြကို ပုံေဖာ္ေနႏိုင္ဆဲလို႔ ဆို႐ုံမွတစ္ပါး…။