ရော်နယ်ဒိုနဲ့ ပေါင် ၁၇သန်း တန်လျှို့ဝှက်စာချုပ်တွေ့ရှိခဲ့တဲ့အတွက် ဂျူဗင်တပ်အသင်း တိုင်ပတ်ပြန်ပြီ

ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီဖြစ်တဲ့ ဂျူဗင်တပ်အသင်းအတွက်တော့

ကံဆိုးမသွားရာမိုး လိုက်လို့ရွာဆိုသလိုပဲ ရော်နယ်ဒိုကိစ္စကြောင့်တိုင်ပတ်နေရပြန်ပါပြီ။

အီတလီကလပ်က သူတို့ကစားသမားတွေဟာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကာလအတွင်း

လုပ်ခလစာကို ၄လစာလျှော့ပေါ့ယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ဂျူဗင်တပ်ဟာ သူတို့ရဲ့ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို

ကပ်ရောဂါကာလအတွင်း ပေါင် ၁၇သန်းပေးမယ်လို့ လျှို့ဝှက်သဘော တူပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ စုံစမ်းစစ်ဆေးသူတွေဟာ ဂျူဗင်တပ်နဲ့ ရော်နယ်ဒိုတို့ရဲ့ လျှို့ဝှက်စာချုပ်စာတမ်းတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါပြီ။

နောက်ဆက်တွဲအနေနဲ့တော့ အီတလီကလပ်ဟာ “အကောင့်တု” တွေအတွက်စုံစမ်း စစ်ဆေးခံနေရပါတယ်။

ဥက္ကဠအက်ဂ်နယ်လီ၊ ဒု-ဥက္ကဠနက်ဗက်အပါအဝင် ဂျူဗင်တပ်အသင်းထိပ်တန်းအကြီးအကဲ ၁၆ယောက်ဟာ

တူရင်အစိုးရရှေ့နေအဖွဲ့ ရဲ့စုံစမ်းစစ်ဆေးခြင်းကိုခံနေရပါပြီ။

အီတလီဘဏ္ဍာရေးရဲတပ်ဖွဲ့ Guardia Di Finanza အနေနဲ့ ၃နှစ်တာကာလအတွင်း

ကလပ်နဲ့ကစားသမားတွေအကြား ကိုယ် ပိုင်စာရွက်စာတမ်းနဲ့ သဘောတူညီချက်တွေကိုမွှေနှောက်ရှာဖွေနေပြီဖြစ်တယ်။

အီတလီထုတ်သတင်းစာတွေရဲ့ဖော်ပြချက်အရတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဂျူဗင်တပ်နဲ့ ရော်နယ်ဒိုတို့ လက်မှတ်ထိုးထားတဲ့လျှို့ဝှက်စာရွက်စာတမ်းတွေကို

အသင်းဒါရိုက်တာအချို့ရဲ့လေလှိုင်းဆက်သွယ်မှုကတစ်ဆင့်ခြေရာခံနိုင်ခဲ့ပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ တူရင်အစိုးရအဖွဲ့ဝင်တွေဘက်က ထွက်ဆိုချက်တောင်းတဲ့နေရာမှာ ရော်နယ်ဒိုက

စကားပြောဆိုဖို့ငြင်းဆန်ခဲ့တယ်လို့ အီတလီသတင်းစာ La Stampa ကဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်တို့က တော့ ဗူးလေးပေါ်ဖရုံဆင့်ဖြစ်နေရပါပြီ။

zawgyi

ေရာ္နယ္ဒိုနဲ႔ ေပါင္ ၁၇သန္း တန္လွ်ိဳ႕ဝွက္စာခ်ဳပ္ေတြ႕ရွိခဲ့တဲ့အတြက္ ဂ်ဴဗင္တပ္အသင္း တိုင္ပတ္ျပန္ၿပီ

ခ်န္ပီယံလိဂ္ကထြက္ခဲ့ရၿပီျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းအတြက္ေတာ့

ကံဆိုးမသြားရာမိုး လိုက္လို႔႐ြာဆိုသလိုပဲ ေရာ္နယ္ဒိုကိစၥေၾကာင့္တိုင္ပတ္ေနရျပန္ပါၿပီ။

အီတလီကလပ္က သူတို႔ကစားသမားေတြဟာ ကမာၻလုံးဆိုင္ရာကပ္ေရာဂါကာလအတြင္း

လုပ္ခလစာကို ၄လစာေလွ်ာ့ေပါ့ယူခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒါေပမဲ့ အျခားတစ္ဖက္မွာေတာ့ ဂ်ဴဗင္တပ္ဟာ သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမား ေရာ္နယ္ဒိုကို

ကပ္ေရာဂါကာလအတြင္း ေပါင္ ၁၇သန္းေပးမယ္လို႔ လွ်ိဳ႕ဝွက္သေဘာ တူေပးခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ စုံစမ္းစစ္ေဆးသူေတြဟာ ဂ်ဴဗင္တပ္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ လွ်ိဳ႕ဝွက္စာခ်ဳပ္စာတမ္းေတြကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ပါၿပီ။

ေနာက္ဆက္တြဲအေနနဲ႔ေတာ့ အီတလီကလပ္ဟာ “အေကာင့္တု” ေတြအတြက္စုံစမ္း စစ္ေဆးခံေနရပါတယ္။

ဥကၠဠအက္ဂ္နယ္လီ၊ ဒု-ဥကၠဠနက္ဗက္အပါအဝင္ ဂ်ဴဗင္တပ္အသင္းထိပ္တန္းအႀကီးအကဲ ၁၆ေယာက္ဟာ

တူရင္အစိုးရေရွ႕ေနအဖြဲ႕ ရဲ႕စုံစမ္းစစ္ေဆးျခင္းကိုခံေနရပါၿပီ။

အီတလီဘ႑ာေရးရဲတပ္ဖြဲ႕ Guardia Di Finanza အေနနဲ႔ ၃ႏွစ္တာကာလအတြင္း

ကလပ္နဲ႔ကစားသမားေတြအၾကား ကိုယ္ ပိုင္စာ႐ြက္စာတမ္းနဲ႔ သေဘာတူညီခ်က္ေတြကိုေမႊေႏွာက္ရွာေဖြေနၿပီျဖစ္တယ္။

အီတလီထုတ္သတင္းစာေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာ ဂ်ဴဗင္တပ္နဲ႔ ေရာ္နယ္ဒိုတို႔ လက္မွတ္ထိုးထားတဲ့လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းေတြကို

အသင္းဒါ႐ိုက္တာအခ်ိဳ႕ရဲ႕ေလလႈိင္းဆက္သြယ္မႈကတစ္ဆင့္ေျခရာခံႏိုင္ခဲ့ၿပီလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့တနလၤာေန႔မွာေတာ့ တူရင္အစိုးရအဖြဲ႕ဝင္ေတြဘက္က ထြက္ဆိုခ်က္ေတာင္းတဲ့ေနရာမွာ ေရာ္နယ္ဒိုက

စကားေျပာဆိုဖို႔ျငင္းဆန္ခဲ့တယ္လို႔ အီတလီသတင္းစာ La Stampa ကေဖာ္ျပခဲ့ပါတယ္။

ေရာ္နယ္ဒိုနဲ႔ ဂ်ဴဗင္တပ္တို႔က ေတာ့ ဗူးေလးေပၚဖ႐ုံဆင့္ျဖစ္ေနရပါၿပီ။