
ရော်နယ်ဒိုဟာ သူ့ရဲ့ စံပြ ကစားသမား တစ်ယောက် ဖြစ်ပြီး ငယ်စဉ်ကတည်းက
အားကျခဲ့ရတဲ့ ကစားသမားကြီးနဲ့ နိုင်ငံအသင်းမှာရော ယူနိုက်တက်အသင်းမှာပါ
အတူ တွဲကစားခွင့် ရတဲ့အတွက် သူ့ရဲ့ ကစားသမားဘဝ ပြီးပြည့်စုံခဲ့ပြီလို့
ပေါ်တူဂီ ညာနောက်ခံလူ ဒါးလော့က ပြောဆိုလိုက်ပါတယ်။
”ပွဲတစ်ပွဲ မစခင် ချဉ်းကပ်ပုံနဲ့ သူ့ကိုယ်သူ ပြင်ဆင်ပုံကတကယ့် ထိပ်တန်းပါပဲ။
ရော်နယ်ဒိုက လုံးဝကို နောက်တစ်ဆင့်မှာ ရှိနေတဲ့ ကစားသမားပါ။ရော်နယ်ဒို
အရင်တုန်းက ကစားနေတာကို ရုပ်သံက ကြည့်ခဲ့ရတယ်။ အခု သူကွင်းထဲ
ကစားနေတာကို နောက်ကနေ မြင်ရတာ လုံးဝကို ပြီးပြည့်စုံ သွားတယ်လို့ ခံစားရတယ်။”
”ရော်နယ်ဒိုက ကစားသမားတိုင်းကို စွမ်းဆောင်ရည်ကောင်းတွေ
ထုတ်ပြဖို့ တွန်းအား ဖြစ်စေတယ်။ သူပထမ အကြိမ် ယူနိုက်တက်မှာ
ရှိတုန်းက သူနဲ့ ဆုံဖူးတယ်။ သူ့ရဲ့ ကစားပုံရော လေ့ကျင့်တာပါ
ကျွန်တော် အတုယူ လေ့လာခဲ့ရတယ်။” ” ကျွန်တော် ရော်နယ်ဒိုအကြောင်း
အများကြီး ပြောဖူးပါတယ်။ သူက ကျွန်တော် အတုယူရတဲ့ စံပြ ကစားသမား
တစ်ယောက်ပါ။ အခု ရော်နယ်ဒိုနဲ့ လက်ရွေးစင် အသင်းမှာရော
ယူနိုက်တက်အသင်းမှာပါ အသင်းဖော် ဖြစ်ခွင့် ရတာ ဘယ်လောက် ကောင်းလိုက်လဲ။”
” မကွယ် မဝှက်တမ်း ပြောရရင်ရော်နယ်ဒိုနဲ့ တွဲကစားခွင့် ရတာ
ကျွန်တော့် ကစားသမား ဘဝတလျောက် ဂုဏ်ယူစရာ အကောင်းဆုံး
အခိုက်အတန့်ပဲ။ကျွန်တော် ငယ်ငယ်လေးကတည်းကသူကစားတာကို
အမြဲစောင့်ကြည့်ဖြစ်တယ်။ တခြားသူတွေလိုပဲ အင်တာနက်ကတစ်ဆင့်
သူကစားတဲ့ ပွဲစဉ်တွေကို ကြည့်ရှုလေ့လာ ဖြစ်တယ်။” ဆိုပြီး ဒါးလော့က ပြောဆိုပါတယ်။
zawgyi
ေရာ္နယ္ဒိုနဲ႔ တြဲကစားခြင့္ရတဲ့အတြက္ သူ႔ရဲ႕ ကစားသမားဘဝ ၿပီးျပည့္စုံခဲ့ၿပီလို႔ ဒါးေလာ့ ဆို
ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ စံျပ ကစားသမား တစ္ေယာက္ ျဖစ္ၿပီး ငယ္စဥ္ကတည္းက
အားက်ခဲ့ရတဲ့ ကစားသမားႀကီးနဲ႔ ႏိုင္ငံအသင္းမွာေရာ ယူႏိုက္တက္အသင္းမွာပါ
အတူ တြဲကစားခြင့္ ရတဲ့အတြက္ သူ႔ရဲ႕ ကစားသမားဘဝ ၿပီးျပည့္စုံခဲ့ၿပီလို႔
ေပၚတူဂီ ညာေနာက္ခံလူ ဒါးေလာ့က ေျပာဆိုလိုက္ပါတယ္။
”ပြဲတစ္ပြဲ မစခင္ ခ်ဥ္းကပ္ပုံနဲ႔ သူ႔ကိုယ္သူ ျပင္ဆင္ပုံကတကယ့္ ထိပ္တန္းပါပဲ။
ေရာ္နယ္ဒိုက လုံးဝကို ေနာက္တစ္ဆင့္မွာ ရွိေနတဲ့ ကစားသမားပါ။ေရာ္နယ္ဒို
အရင္တုန္းက ကစားေနတာကို ႐ုပ္သံက ၾကည့္ခဲ့ရတယ္။ အခု သူကြင္းထဲ
ကစားေနတာကို ေနာက္ကေန ျမင္ရတာ လုံးဝကို ၿပီးျပည့္စုံ သြားတယ္လို႔ ခံစားရတယ္။”
”ေရာ္နယ္ဒိုက ကစားသမားတိုင္းကို စြမ္းေဆာင္ရည္ေကာင္းေတြ
ထုတ္ျပဖို႔ တြန္းအား ျဖစ္ေစတယ္။ သူပထမ အႀကိမ္ ယူႏိုက္တက္မွာ
ရွိတုန္းက သူနဲ႔ ဆုံဖူးတယ္။ သူ႔ရဲ႕ ကစားပုံေရာ ေလ့က်င့္တာပါ
ကြၽန္ေတာ္ အတုယူ ေလ့လာခဲ့ရတယ္။” ” ကြၽန္ေတာ္ ေရာ္နယ္ဒိုအေၾကာင္း
အမ်ားႀကီး ေျပာဖူးပါတယ္။ သူက ကြၽန္ေတာ္ အတုယူရတဲ့ စံျပ ကစားသမား
တစ္ေယာက္ပါ။ အခု ေရာ္နယ္ဒိုနဲ႔ လက္ေ႐ြးစင္ အသင္းမွာေရာ
ယူႏိုက္တက္အသင္းမွာပါ အသင္းေဖာ္ ျဖစ္ခြင့္ ရတာ ဘယ္ေလာက္ ေကာင္းလိုက္လဲ။”
” မကြယ္ မဝွက္တမ္း ေျပာရရင္ေရာ္နယ္ဒိုနဲ႔ တြဲကစားခြင့္ ရတာ
ကြၽန္ေတာ့္ ကစားသမား ဘဝတေလ်ာက္ ဂုဏ္ယူစရာ အေကာင္းဆုံး
အခိုက္အတန႔္ပဲ။ကြၽန္ေတာ္ ငယ္ငယ္ေလးကတည္းကသူကစားတာကို
အၿမဲေစာင့္ၾကည့္ျဖစ္တယ္။ တျခားသူေတြလိုပဲ အင္တာနက္ကတစ္ဆင့္
သူကစားတဲ့ ပြဲစဥ္ေတြကို ၾကည့္ရႈေလ့လာ ျဖစ္တယ္။” ဆိုၿပီး ဒါးေလာ့က ေျပာဆိုပါတယ္။