
ဒီနှစ်သင်းရဲ့အဆင့်အတန်းကတော့ ကွာဟချက်တော်တော်လေးကြီးမားသွားပါပြီ။
တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဆင့်ကို အမီလိုက်နိုင်ဖို့
မန်စီးတီးအသင်း နှစ်ပေါင်းများစွာ အချိန်ယူကြိုးစားခဲ့ရသလို
အခုအချိန်မှာလည်း မန်စီးတီးအသင်းနဲ့ Level တူဖြစ်ဖို့
မန်ချက်စတာယူနိုက်တက်တို့ ပြန်လည်တည်ဆောက်မှဖြစ်ပါလိမ့်မယ်။
ရန်နစ်ခ်က ၀ါရင့်ကစားသမားစီရော်နယ်လ်ဒိုကို အသင်းလူစာရင်းမှာ
လုံးဝချန်လှပ်ခဲ့ပြီး တိုက်စစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေ့ါဘာတို့နှစ်ဦးကို
False 9 နဲ့ Attacking Midfield နေရာတွေမှာ
အပြောင်းအလဲလုပ်ကစားစေခဲ့တယ်။
မန်စီးတီးအသင်းကလည်း ထုံးစံအတိုင်း တိုက်စစ်မှူးစစ်စစ်မပါတာကြောင့်
ဒီပွဲက တိုက်စစ်မှူးမပါဘဲ ရင်ဆိုင်ကြတဲ့ပွဲလို့သတ်မှတ်ရမယ်။
ဒီနှစ်သင်းရဲ့တိုက်စစ်ကို အဓိကဦးဆောင်ကြတဲ့
ဒီဘရိုင်းနားနဲ့ဘရူနိုဖာနန်ဒကစ်တို့ ဘယ်သူပိုကောင်းလဲဆိုတာ
အခုပွဲမှာ အကောင်းဆုံးအဖြေထွက်ခဲ့ပြီး ဒီဘရိုင်းနားကို
ယူနိုက်တက်ခံစစ်က ဘယ်လိုမှမထိန်းချုပ်နိုင်ဘူး။
ဒီကြားထဲ ဘစ်ဆာကာဟာ ဘာနာဒိုဆေးလ်ဗားကို Control မလုပ်နိုင်ခဲ့လို့
မန်စီးတီးအသင်း ယူနိုက်တက် ညာခြမ်းကနေ အဓိကထိုးဖောက်ခဲ့ပြီး
ယူနိုက်တက်ခံစစ်က မက်ဂွိုင်းယားကတော့ ထုံးစံအတိုင်း
လေးတိလေးကန်နဲ့ စိတ်ပျက်စရာတော်တော်ကောင်းခဲ့တယ်။
အဖွင့်ဂိုးကို ပွဲအစ(၅)မိနစ်မှာပဲပေးလိုက်ရပြီး ယူနိုက်တက်ခံစစ်ရဲ့
ဖရိုဖရဲကာကွယ်မှုကနေ ဘာနာဒိုဆေးလ်ဗားပေးလိုက်တာကို
ဒီဘရိုင်းနားက အနီးကပ်ပိတ်သွင်းခဲ့တာပါ။
ဒီလိုမျိုး ‘ဒါဘီပွဲ’မှာ ဂိုးတစ်ဂိုးကို လွယ်လွယ်ကူကူခွင့်ပြုလိုက်တာက
တော်တော်ဆိုးရွားလွန်းတယ်။ ပေ့ါဘာနဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ
တိုက်စစ်မှာအတွဲအဖက်မမိတဲ့အပြင် အီလန်ဂါကလည်း ခြေစွမ်းမပြနိုင်ခဲ့ဘူး။
ကွင်းလယ်မှာ ဖရက်ဒ်က Box To Box ကစားပေမယ့် Counter တွေ
ပြန်မိရင် အချိန်မီ Recover မလုပ်နိုင်ဘဲ တွမ်မီနေးဟာ
နဂိုတည်းက Ball Winner ကွင်းလယ်လူမဟုတ်ပြန်တာကြောင့်
ယူနိုက်တက်ကွင်းလယ်မှာ Space တွေဖြစ်ခဲ့တဲ့အပြင်
မန်စီးတီးတိုက်စစ်ကို ဟန့်တားနိုင်မယ့်သူ မရှိဖြစ်ခဲ့တယ်။
အဲဒီ အားနည်းချက်ကို ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်တို့
ကောင်းကောင်းအသုံးချခဲ့ပြီး မန်စီးတီးတိုက်စစ်တစ်ခုလုံးမှာ
သူတို့(၃)ယောက်ပဲကစားသလိုဖြစ်နေတာတောင် ယူနိုက်တက် ခံစစ်မထိန်းနိုင်ခဲ့ဘူး။
(၂၂)မိနစ်မှာ ယူနိုက်တက်ချေပဂိုးရခဲ့ပြီး Counter ကနေ
ပေ့ါဘာ ထိုးပေးလိုက်တာက ဆန်ချိုက လှလှပပကန်ပြီးတော့
သူ့ငယ်ဘဝအသင်းဟောင်းဘက်ကို ဂိုးသွင်းယူခဲ့ပါတယ်။
ယူနိုက်တက်ပေးလိုက်ရတဲ့ ဒုတိယဂိုးကတော့ လင်ဒီလော့ဖ်ရဲ့
မပါးနပ်တဲ့ဖျက်ထုတ်မှုကနေ စတင်ခဲ့တာဖြစ်ပြီး
ဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတဲ့အနေအထားကနေ ဒီဘရိုင်းနားကပဲ သွင်းခဲ့တာပါ။
ဒုတိယပိုင်းကတော့ မန်စီးတီးတို့အတွက်ဖြစ်ခဲ့ပြီး
ယူနိုက်တက် ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှ မရခဲ့ဘဲ (၆၈)မိနစ်မှာ
ဒီဘရိုင်းနားရဲ့ထောင့်ကန်ဘောကနေ မာရက်ဇ်က လှလှပပကန်သွင်းယူခဲ့သလို
ပွဲပြီးခါနီးမှာ ဂိုးထပ်သွင်းခဲ့တဲ့အတွက် မန်စီးတီးအသင်းက
မြို့ခံပြိုင်ဘက်ကို (၄-၁)ဂိုးနဲ့အနိုင်ယူပြီးတော့
‘မန်ချက်စတာဟာ မိုးပြာရောင်ဖြစ်နေဆဲ’ဆိုတာ ပြသခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်တစ်ပတ်ကျရင်
စပါးအသင်းနဲ့ပွဲကျပ် ဆက်ကစားရမှာဖြစ်တဲ့အပြင်
အာဆင်နယ်နိုင်ပွဲရခဲ့လို့ အဆင့်(၄)နေရာက ဖယ်ပေးလိုက်ရတာကြောင့်
ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကတော့ တဖြည်းဖြည်းမှေးမှိန်လာပါပြီ။
zawgyi
မန္ခ်က္စတာဟာ မိုးျပာေရာင္ျဖစ္ေနဆဲဆိုတာ ျပသခဲ့တဲ့ မန္စီးတီး
ဒီႏွစ္သင္းရဲ႕အဆင့္အတန္းကေတာ့ ကြာဟခ်က္ေတာ္ေတာ္ေလးႀကီးမားသြားပါၿပီ။
တစ္ခ်ိန္က မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕အဆင့္ကို အမီလိုက္ႏိုင္ဖို႔
မန္စီးတီးအသင္း ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူႀကိဳးစားခဲ့ရသလို
အခုအခ်ိန္မွာလည္း မန္စီးတီးအသင္းနဲ႔ Level တူျဖစ္ဖို႔
မန္ခ်က္စတာယူႏိုက္တက္တို႔ ျပန္လည္တည္ေဆာက္မွျဖစ္ပါလိမ့္မယ္။
ရန္နစ္ခ္က ၀ါရင့္ကစားသမားစီေရာ္နယ္လ္ဒိုကို အသင္းလူစာရင္းမွာ
လုံးဝခ်န္လွပ္ခဲ့ၿပီး တိုက္စစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပ့ါဘာတို႔ႏွစ္ဦးကို
False 9 နဲ႔ Attacking Midfield ေနရာေတြမွာ
အေျပာင္းအလဲလုပ္ကစားေစခဲ့တယ္။
မန္စီးတီးအသင္းကလည္း ထုံးစံအတိုင္း တိုက္စစ္မႉးစစ္စစ္မပါတာေၾကာင့္
ဒီပြဲက တိုက္စစ္မႉးမပါဘဲ ရင္ဆိုင္ၾကတဲ့ပြဲလို႔သတ္မွတ္ရမယ္။
ဒီႏွစ္သင္းရဲ႕တိုက္စစ္ကို အဓိကဦးေဆာင္ၾကတဲ့
ဒီဘ႐ိုင္းနားနဲ႔ဘ႐ူႏိုဖာနန္ဒကစ္တို႔ ဘယ္သူပိုေကာင္းလဲဆိုတာ
အခုပြဲမွာ အေကာင္းဆုံးအေျဖထြက္ခဲ့ၿပီး ဒီဘ႐ိုင္းနားကို
ယူႏိုက္တက္ခံစစ္က ဘယ္လိုမွမထိန္းခ်ဳပ္ႏိုင္ဘူး။
ဒီၾကားထဲ ဘစ္ဆာကာဟာ ဘာနာဒိုေဆးလ္ဗားကို Control မလုပ္ႏိုင္ခဲ့လို႔
မန္စီးတီးအသင္း ယူႏိုက္တက္ ညာျခမ္းကေန အဓိကထိုးေဖာက္ခဲ့ၿပီး
ယူႏိုက္တက္ခံစစ္က မက္ဂြိဳင္းယားကေတာ့ ထုံးစံအတိုင္း
ေလးတိေလးကန္နဲ႔ စိတ္ပ်က္စရာေတာ္ေတာ္ေကာင္းခဲ့တယ္။
အဖြင့္ဂိုးကို ပြဲအစ(၅)မိနစ္မွာပဲေပးလိုက္ရၿပီး ယူႏိုက္တက္ခံစစ္ရဲ႕
ဖ႐ိုဖရဲကာကြယ္မႈကေန ဘာနာဒိုေဆးလ္ဗားေပးလိုက္တာကို
ဒီဘ႐ိုင္းနားက အနီးကပ္ပိတ္သြင္းခဲ့တာပါ။
ဒီလိုမ်ိဳး ‘ဒါဘီပြဲ’မွာ ဂိုးတစ္ဂိုးကို လြယ္လြယ္ကူကူခြင့္ျပဳလိုက္တာက
ေတာ္ေတာ္ဆိုး႐ြားလြန္းတယ္။ ေပ့ါဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ
တိုက္စစ္မွာအတြဲအဖက္မမိတဲ့အျပင္ အီလန္ဂါကလည္း ေျခစြမ္းမျပႏိုင္ခဲ့ဘူး။
ကြင္းလယ္မွာ ဖရက္ဒ္က Box To Box ကစားေပမယ့္ Counter ေတြ
ျပန္မိရင္ အခ်ိန္မီ Recover မလုပ္ႏိုင္ဘဲ တြမ္မီေနးဟာ
နဂိုတည္းက Ball Winner ကြင္းလယ္လူမဟုတ္ျပန္တာေၾကာင့္
ယူႏိုက္တက္ကြင္းလယ္မွာ Space ေတြျဖစ္ခဲ့တဲ့အျပင္
မန္စီးတီးတိုက္စစ္ကို ဟန႔္တားႏိုင္မယ့္သူ မရွိျဖစ္ခဲ့တယ္။
အဲဒီ အားနည္းခ်က္ကို ဒီဘ႐ိုင္းနား၊ ဘာနာဒိုေဆးလ္ဗား၊ ဖိုဒန္တို႔
ေကာင္းေကာင္းအသုံးခ်ခဲ့ၿပီး မန္စီးတီးတိုက္စစ္တစ္ခုလုံးမွာ
သူတို႔(၃)ေယာက္ပဲကစားသလိုျဖစ္ေနတာေတာင္ ယူႏိုက္တက္ ခံစစ္မထိန္းႏိုင္ခဲ့ဘူး။
(၂၂)မိနစ္မွာ ယူႏိုက္တက္ေခ်ပဂိုးရခဲ့ၿပီး Counter ကေန
ေပ့ါဘာ ထိုးေပးလိုက္တာက ဆန္ခ်ိဳက လွလွပပကန္ၿပီးေတာ့
သူ႔ငယ္ဘဝအသင္းေဟာင္းဘက္ကို ဂိုးသြင္းယူခဲ့ပါတယ္။
ယူႏိုက္တက္ေပးလိုက္ရတဲ့ ဒုတိယဂိုးကေတာ့ လင္ဒီေလာ့ဖ္ရဲ႕
မပါးနပ္တဲ့ဖ်က္ထုတ္မႈကေန စတင္ခဲ့တာျဖစ္ၿပီး
ဂိုးေရွ႕မွာ ရႈပ္ယွက္ခတ္ေနတဲ့အေနအထားကေန ဒီဘ႐ိုင္းနားကပဲ သြင္းခဲ့တာပါ။
ဒုတိယပိုင္းကေတာ့ မန္စီးတီးတို႔အတြက္ျဖစ္ခဲ့ၿပီး
ယူႏိုက္တက္ ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္မွ မရခဲ့ဘဲ (၆၈)မိနစ္မွာ
ဒီဘ႐ိုင္းနားရဲ႕ေထာင့္ကန္ေဘာကေန မာရက္ဇ္က လွလွပပကန္သြင္းယူခဲ့သလို
ပြဲၿပီးခါနီးမွာ ဂိုးထပ္သြင္းခဲ့တဲ့အတြက္ မန္စီးတီးအသင္းက
ၿမိဳ႕ခံၿပိဳင္ဘက္ကို (၄-၁)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့
‘မန္ခ်က္စတာဟာ မိုးျပာေရာင္ျဖစ္ေနဆဲ’ဆိုတာ ျပသခဲ့ပါတယ္။
ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္တစ္ပတ္က်ရင္
စပါးအသင္းနဲ႔ပြဲက်ပ္ ဆက္ကစားရမွာျဖစ္တဲ့အျပင္
အာဆင္နယ္ႏိုင္ပြဲရခဲ့လို႔ အဆင့္(၄)ေနရာက ဖယ္ေပးလိုက္ရတာေၾကာင့္
ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္ကေတာ့ တျဖည္းျဖည္းေမွးမွိန္လာပါၿပီ။