










ဒီနေ့ည မန်စီတီးကွင်းမှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲမှာ





မန်ယူအတွက် ရော်နယ်ဒို ကစားပေးနိုင်မှာ မဟုတ်တော့ဘူးလို့
နောက်ဆုံးရ သတင်းတွေအရ သိရပါတယ်။





ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် မန်စီးတီးပွဲကို လွဲချော်သွားတာဖြစ်တယ်လို့
ဖော်ပြကြပေမယ့် ဘယ်လို ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ ဖော်ပြခြင်း မရှိပါဘူး။
ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲစုံ ၃၀ ပွဲကစားပြီး





၁၅ ဂိုးသွင်ထားကာ မန်ယူအတွက် ဂိုးအများဆုံးသွင်းထားသူလည်းဖြစ်ပါတယ်။





အခု ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ရော်နယ်ဒိုဟာ ခြေစွမ်းပြနိုင်ဖို့
ရုန်းကန်နေရပြီး စုစုပေါင်း ၁ ဂိုးသာသွင်းပေးနိုင်ခဲ့ပါတယ်။
မန်ယူအတွက် ကာလအတန်ကြာ မကစားပေးနိုင်ခဲ့တဲ့





ကာဗာနီကလည်း ဒဏ်ရာကနေ ပြန်လည် မသက်သာသေးလို့
မန်ယူလူစာရင်းမှာ မပါဝင်နိုင်ဘူးလို့ သိရပါတယ်။





ရော်နယ်ဒို မပါနိုင်ခြင်းဟာ နည်းပြရန်းနစ်ခ်နဲ့ မန်ယူအတွက်
ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့သလို ကာဗာနီပါ မကစားနိုင်တာကလည်း





ပိုဆိုးသွားစေခဲ့ပြီး မန်ယူတိုက်စစ်မှာ ရက်ရှ်ဖို့ဒ်ကိုပဲအားကိုးရတော့မယ့်
သဘောသက်ရောက်သွားစေခဲ့ပါတယ်။





ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီ ၂၂ က ဝက်စ်ဟမ်းကို ၁-၀ နဲ့
အနိုင်ရခဲ့တဲ့ပွဲအပြီးနောက်ပိုင်းကတည်းက မန်ယူအတွက် ဂိုးမသွင်းနိုင်တော့ပါဘူး။
ရန်းနစ်ခ်ကတော့ ၂၄ နှစ် ရှိဟရက်ရှ်ဖို့ဒ်ဟာ ခေတ်သစ်တိုက်စစ်မှုးကောင်းဖြစ်နိုင်တဲ့





အရည်အသွေးတွေရှိတဲ့ ပါရမီရှင် ကစားသမားလို့ ချီးကျူးထားပါတယ်။









