
ယူနိုက်တက် အကယ်ဒမီအသင်းမှာ ထူးချွန်တဲ့ ခြေစွမ်းပြမှုတွေကို
လုပ်ဆောင်လာတဲ့ ဂါနာချိုဟာ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ အတွက်
အာဂျင်တီးနားနည်းပြ စကာလိုနီရဲ့ပဏာမလူစာရင်းမှာ ပါဝင်ဖို့
ပထမဆုံးအကြိမ် ဆင့်ခေါ်ခြင်းခံလာရပါပြီ။
စပိန်နိုင်ငံမက်ဒရစ်မြို့မှာမွေးဖွါးခဲ့ပြီးစပိန်လူငယ်လက်ရွေးစင်အသင်းတွေမှာသာ
အဆက်မပြတ်ကစားခဲ့တဲ့ဂါနာချိုဟာသူ့ရဲ့
ကစားသမားဘဝအတွက်အံ့ဩဖွယ် အခွင့်အရေး ရလိုက်တာပါ။
ယူနိုက်တက်လူငယ်ကစားသမား ဂါနာချိုကတော့
တောင်ပံကစားသမား လီယွန်နယ်မက်ဆီ၊ အိန်ဂျယ်ဒီမာရီယာ၊
ဒိုင်ဘာလာတို့နဲ့အတူကစားခွင့်ရရှိမှာဖြစ်ပြီး ဗင်နီဇွဲလားနဲ့ အီကွေဒေါတို့နဲ့
ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဘယ်တောင်ပံအားသန်ကစားသမားလေးကို၂၀၂၀ခုနှစ်တုန်းက
ယူနိုက်တက်အသင်းဟာစပိန်ကလပ်အသင်းအက်သလက်တီကို
မက်ဒရစ်အသင်းရဲ့လူငယ်အကယ်ဒမီထံကနေအရခေါ်နိုင်ခဲ့တာပါ။
ဂါနာချိုကိုခေါ်ယူနိုင်ဖို့အတွက်ယူနိုက်တက်တို့ဟာဒေါ့မွန်အသင်းနဲ့
စပိန်ဘီလူးရီးရဲလ်အသင်းတို့ကိုဖြတ်ကျော်ခဲ့ရတာပါ။
အသက် (၁၇) နှစ်သာရှိသေးတဲ့ ကစားသမား ဂါနာချိုကတော့
FA Youth Cup ပြိုင်ပွဲမှာ ယူနိုက်တက်အကယ်ဒမီရဲ့ ခြေစွမ်းအပြအဆုံး
လူငယ်ကစားသမားများအဖြစ် မှတ်တမ်းတင်ထားခံရပြီး
ရော်နယ်ဒိုနဲ့ကစားပုံ တူတယ်လို့ ခိုင်းနှိုင်းထားခြင်းခံရသူလည်းဖြစ်ပါတယ်။
ဂါနာချိုဟာ ယူ-၁၈ အက်ဖ်အေလူငယ်ဖလားပြိုင်ပွဲ
တောက်လျှောက်ခြေစွမ်းတွေပြသခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ပဌ္စမအဆင့် တုန်းက
အဲဗာတန်အသင်းကို မိနစ် (၉၀)မှာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သလို
လက်စတာစီးတီးလူငယ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့
ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ သွင်းဂိုး (၂)ဂိုးလုံးကို
ဂါနာချိုတစ်ယောက်ထဲက သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ရဲ့
လူငယ်အကယ်ဒမီမှာ ဝေးကွာနေတာကြာပြီဖြစ်တဲ့ ယူ-၁၈
အက်ဖ်အေလူငယ်ဖလား ချန်ပီယံ ပြန်ဖြစ်လာဖို့ အိပ်မက်ဟာလည်း
ဂါနာချိုရဲ့ သွင်းဂိုးကြောင့် ဆက်လက်ရှင်သန်စေခဲ့ပါတယ်။
ဗိုလ်လုပွဲခရီးစဉ်ကိုဆက်လက်တက်လှမ်းနိုင်ဖို့ကတော့
မတ်လ (၁၀)ရက်နေ့မှာ ဝုဒ်လူငယ် အသင်းနဲ့ အိုးထရက်ဖိုဒ်မှာကစားမယ့်
ဆီမီးဖိုင်နယ်ပွဲကို အနိုင်ရရှိသွားဖို့သာလိုပါတော့တယ်။
zawgyi
ေရာ္နယ္ဒိုနဲ႔ ကစားခြင့္မရေသးေပမယ့္ မက္ဆီနဲ႔ ကစားခြင့္ရေတာ့မယ့္ ဂါနာခ်ိဳ
ယူႏိုက္တက္ အကယ္ဒမီအသင္းမွာ ထူးခြၽန္တဲ့ ေျခစြမ္းျပမႈေတြကို
လုပ္ေဆာင္လာတဲ့ ဂါနာခ်ိဳဟာ လာမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြ အတြက္
အာဂ်င္တီးနားနည္းျပ စကာလိုနီရဲ႕ပဏာမလူစာရင္းမွာ ပါဝင္ဖို႔
ပထမဆုံးအႀကိမ္ ဆင့္ေခၚျခင္းခံလာရပါၿပီ။
စပိန္ႏိုင္ငံမက္ဒရစ္ၿမိဳ႕မွာေမြးဖြါးခဲ့ၿပီးစပိန္လူငယ္လက္ေ႐ြးစင္အသင္းေတြမွာသာ
အဆက္မျပတ္ကစားခဲ့တဲ့ဂါနာခ်ိဳဟာသူ႔ရဲ႕
ကစားသမားဘဝအတြက္အံ့ဩဖြယ္ အခြင့္အေရး ရလိုက္တာပါ။
ယူႏိုက္တက္လူငယ္ကစားသမား ဂါနာခ်ိဳကေတာ့
ေတာင္ပံကစားသမား လီယြန္နယ္မက္ဆီ၊ အိန္ဂ်ယ္ဒီမာရီယာ၊
ဒိုင္ဘာလာတို႔နဲ႔အတူကစားခြင့္ရရွိမွာျဖစ္ၿပီး ဗင္နီဇြဲလားနဲ႔ အီေကြေဒါတို႔နဲ႔
ကစားမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲအတြက္ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။
ဘယ္ေတာင္ပံအားသန္ကစားသမားေလးကို၂၀၂၀ခုႏွစ္တုန္းက
ယူႏိုက္တက္အသင္းဟာစပိန္ကလပ္အသင္းအက္သလက္တီကို
မက္ဒရစ္အသင္းရဲ႕လူငယ္အကယ္ဒမီထံကေနအရေခၚႏိုင္ခဲ့တာပါ။
ဂါနာခ်ိဳကိုေခၚယူႏိုင္ဖို႔အတြက္ယူႏိုက္တက္တို႔ဟာေဒါ့မြန္အသင္းနဲ႔
စပိန္ဘီလူးရီးရဲလ္အသင္းတို႔ကိုျဖတ္ေက်ာ္ခဲ့ရတာပါ။
အသက္ (၁၇) ႏွစ္သာရွိေသးတဲ့ ကစားသမား ဂါနာခ်ိဳကေတာ့
FA Youth Cup ၿပိဳင္ပြဲမွာ ယူႏိုက္တက္အကယ္ဒမီရဲ႕ ေျခစြမ္းအျပအဆုံး
လူငယ္ကစားသမားမ်ားအျဖစ္ မွတ္တမ္းတင္ထားခံရၿပီး
ေရာ္နယ္ဒိုနဲ႔ကစားပုံ တူတယ္လို႔ ခိုင္းႏႈိင္းထားျခင္းခံရသူလည္းျဖစ္ပါတယ္။
ဂါနာခ်ိဳဟာ ယူ-၁၈ အက္ဖ္ေအလူငယ္ဖလားၿပိဳင္ပြဲ
ေတာက္ေလွ်ာက္ေျခစြမ္းေတြျပသခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ႕ ပဌၥမအဆင့္ တုန္းက
အဲဗာတန္အသင္းကို မိနစ္ (၉၀)မွာ သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့သလို
လက္စတာစီးတီးလူငယ္အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့
ကြာတားဖိုင္နယ္ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕ သြင္းဂိုး (၂)ဂိုးလုံးကို
ဂါနာခ်ိဳတစ္ေယာက္ထဲက သြင္းယူေပးခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕
လူငယ္အကယ္ဒမီမွာ ေဝးကြာေနတာၾကာၿပီျဖစ္တဲ့ ယူ-၁၈
အက္ဖ္ေအလူငယ္ဖလား ခ်န္ပီယံ ျပန္ျဖစ္လာဖို႔ အိပ္မက္ဟာလည္း
ဂါနာခ်ိဳရဲ႕ သြင္းဂိုးေၾကာင့္ ဆက္လက္ရွင္သန္ေစခဲ့ပါတယ္။
ဗိုလ္လုပြဲခရီးစဥ္ကိုဆက္လက္တက္လွမ္းႏိုင္ဖို႔ကေတာ့
မတ္လ (၁၀)ရက္ေန႔မွာ ဝုဒ္လူငယ္ အသင္းနဲ႔ အိုးထရက္ဖိုဒ္မွာကစားမယ့္
ဆီမီးဖိုင္နယ္ပြဲကို အႏိုင္ရရွိသြားဖို႔သာလိုပါေတာ့တယ္။