ရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ မပြီးဆုံးနိုင်တဲ့ အငြင်းအခုန်

ခေတ်သစ်ဘောလုံးလောကမှာ စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူအကောင်းဆုံးလဲဆိုတဲ့

မပြီးဆုံးနိုင်တဲ့ အငြင်းအခုန်မှာ သူ့တို့နှစ်ယောက်စလုံးနဲ့ အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့

ပီကေးက သူ့အမြင့်ကို ဖွင့်ဟလိုက်ပါတယ်။

အဲဒီစပိန်နောက်ခံလူက မက်ဆီကို အသာပေးလိုက်ပြီး

သူဟာ လူသားမဟုတ်ကြောင်း ပြောခဲ့တာပါ။

ပီကေးဟာ မက်ဆီနဲ့အတူ ဘာစီလိုနာမှာ ဆုဖလားအောင်မြင်မှုတွေရတဲ့

ရာသီပေါင်းများစွာဖြတ်သန်းခဲ့သူမို့ သူ့ရဲ့ဘက်လိုက်မှုကို ခွင့်လွှတ်ပေးလို့ရနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီစပိန်သားဟာ ၂၀၀၈ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တဲ့

မန်ယူအသင်းမှာ စီရော်နယ်ဒိုနဲ့အတူ ပါဝင်ခဲ့တာပါ။

စီရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက်ရဲ့ကွဲပြားခြားနားမှုကို ပီကေးက အခုလိုပြောခဲ့တာပါ။

”ကမ္ဘာပေါ်မှာတင်မဟုတ်ဘဲ ဘောလုံးသမိုင်းမှာပါ

အကောင်းဆုံးနှစ်ယောက်အကြောင်းကို ကျွန်တော်တို့ ပြောနေတာပါ။

ဘယ်သူ့မှာမှ မရှိတဲ့ အရည်အချင်းအချို့ မက်ဆီမှာ ရှိတယ်လို့

ကျွန်တော်အမြဲပြောခဲ့ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက

သူ့ခြေထောက်ထဲက ဘောလုံးနဲ့ ဘောလုံးကိုထိန်းချုပ်တဲ့ သူ့အမြန်နှုန်းပါ။

ဘောလုံးက သူ့ခြေထောက်ကနေ ၂ မီတာထက် ပိုဝေးမသွားဘဲ

အဲဒီမှာ အမြဲရှိနေပါတယ်။ ဒါကြောင့် သူ့ကိုဖမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး။

ဒါမျိုးကို ဘယ်သူ့ဆီကမှ ကျွန်တော့်မတွေ့ဖူးဘူး”လို့ ပီကေးက ဆိုခဲ့တာပါ။

ဆက်လက်ပြီး ပီကေးက”စီရော်နယ်ဒိုကတော့ ကွဲပြားခြားနားတဲ့

ပလေယာတစ်ယောက်ပါ။ သူတို့နှစ်ယောက်က အရမ်းကို ကွဲပြားပါတယ်။

စီရော်နယ်ဒိုက အရပ်ရှည်တယ်၊ ကြံ့ခိုင်တယ်၊ တကယ့်ကို ပြိုင်ဆိုင်နိုင်စွမ်းရှိတယ်။

သူက ဘာမဆိုလုပ်နိုင်သူပါ။ ခေါင်းတိုက်၊ ဖရီးကစ်၊ ပင်နယ်တီ ဘယ်နည်းလမ်းနဲ့မဆို

ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော

မက်ဆီဟာ လူသားမဟုတ်ပါဘူး။ စီရော်နယ်ဒိုကတော့ လူသားတွေထဲက

အကောင်းဆုံးပါ”လို့ ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာတော့ စီရော်နယ်ဒိုက တစ်ကျော့ပြန်မန်ယူမှာ ကယ်တင်ရှင်ဖြစ်နေပြီး

အထူးသဖြင့် ချန်ပီယံလိဂ်မှာ သူ့ဂိုးတွေနဲ့ အသင်းကို ဆွဲတင်ပေးနိုင်ခဲ့တာပါ။

မက်ဆီကတော့ ပီအက်စ်ဂျီမှာ ထင်သလောက် မစွမ်းဆောင်နိုင်သေးဘဲ

လီဂူးမှာ အခုထိ ၁ ဂိုးသာသွင်းနိုင်ထားပေမယ့်

ချန်ပီယံလိဂ်မှာတော့ ၆ ပွဲမှာ ၅ ဂိုးသွင်းထားပါတယ်။

zawgyi

ေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့ မၿပီးဆုံးႏိုင္တဲ့ အျငင္းအခုန္

ေခတ္သစ္ေဘာလုံးေလာကမွာ စီေရာ္နယ္ဒိုနဲ႔မက္ဆီ ဘယ္သူအေကာင္းဆုံးလဲဆိုတဲ့

မၿပီးဆုံးႏိုင္တဲ့ အျငင္းအခုန္မွာ သူ႔တို႔ႏွစ္ေယာက္စလုံးနဲ႔ အသင္းေဖာ္ျဖစ္ခဲ့ဖူးတဲ့

ပီေကးက သူ႔အျမင့္ကို ဖြင့္ဟလိုက္ပါတယ္။

အဲဒီစပိန္ေနာက္ခံလူက မက္ဆီကို အသာေပးလိုက္ၿပီး

သူဟာ လူသားမဟုတ္ေၾကာင္း ေျပာခဲ့တာပါ။

ပီေကးဟာ မက္ဆီနဲ႔အတူ ဘာစီလိုနာမွာ ဆုဖလားေအာင္ျမင္မႈေတြရတဲ့

ရာသီေပါင္းမ်ားစြာျဖတ္သန္းခဲ့သူမို႔ သူ႔ရဲ႕ဘက္လိုက္မႈကို ခြင့္လႊတ္ေပးလို႔ရႏိုင္ပါတယ္။

ဒါေပမဲ့ အဲဒီစပိန္သားဟာ ၂၀၀၈ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တဲ့

မန္ယူအသင္းမွာ စီေရာ္နယ္ဒိုနဲ႔အတူ ပါဝင္ခဲ့တာပါ။

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ႏွစ္ေယာက္ရဲ႕ကြဲျပားျခားနားမႈကို ပီေကးက အခုလိုေျပာခဲ့တာပါ။

”ကမာၻေပၚမွာတင္မဟုတ္ဘဲ ေဘာလုံးသမိုင္းမွာပါ

အေကာင္းဆုံးႏွစ္ေယာက္အေၾကာင္းကို ကြၽန္ေတာ္တို႔ ေျပာေနတာပါ။

ဘယ္သူ႔မွာမွ မရွိတဲ့ အရည္အခ်င္းအခ်ိဳ႕ မက္ဆီမွာ ရွိတယ္လို႔

ကြၽန္ေတာ္အၿမဲေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ဆိုလိုခ်င္တာက

သူ႔ေျခေထာက္ထဲက ေဘာလုံးနဲ႔ ေဘာလုံးကိုထိန္းခ်ဳပ္တဲ့ သူ႔အျမန္ႏႈန္းပါ။

ေဘာလုံးက သူ႔ေျခေထာက္ကေန ၂ မီတာထက္ ပိုေဝးမသြားဘဲ

အဲဒီမွာ အၿမဲရွိေနပါတယ္။ ဒါေၾကာင့္ သူ႔ကိုဖမ္းႏိုင္ဖို႔ မျဖစ္ႏိုင္ဘူး။

ဒါမ်ိဳးကို ဘယ္သူ႔ဆီကမွ ကြၽန္ေတာ့္မေတြ႕ဖူးဘူး”လို႔ ပီေကးက ဆိုခဲ့တာပါ။

ဆက္လက္ၿပီး ပီေကးက”စီေရာ္နယ္ဒိုကေတာ့ ကြဲျပားျခားနားတဲ့

ပေလယာတစ္ေယာက္ပါ။ သူတို႔ႏွစ္ေယာက္က အရမ္းကို ကြဲျပားပါတယ္။

စီေရာ္နယ္ဒိုက အရပ္ရွည္တယ္၊ ႀကံ့ခိုင္တယ္၊ တကယ့္ကို ၿပိဳင္ဆိုင္ႏိုင္စြမ္းရွိတယ္။

သူက ဘာမဆိုလုပ္ႏိုင္သူပါ။ ေခါင္းတိုက္၊ ဖရီးကစ္၊ ပင္နယ္တီ ဘယ္နည္းလမ္းနဲ႔မဆို

ဂိုးသြင္းႏိုင္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ကေတာ

မက္ဆီဟာ လူသားမဟုတ္ပါဘူး။ စီေရာ္နယ္ဒိုကေတာ့ လူသားေတြထဲက

အေကာင္းဆုံးပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီရာသီမွာေတာ့ စီေရာ္နယ္ဒိုက တစ္ေက်ာ့ျပန္မန္ယူမွာ ကယ္တင္ရွင္ျဖစ္ေနၿပီး

အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ သူ႔ဂိုးေတြနဲ႔ အသင္းကို ဆြဲတင္ေပးႏိုင္ခဲ့တာပါ။

မက္ဆီကေတာ့ ပီအက္စ္ဂ်ီမွာ ထင္သေလာက္ မစြမ္းေဆာင္ႏိုင္ေသးဘဲ

လီဂူးမွာ အခုထိ ၁ ဂိုးသာသြင္းႏိုင္ထားေပမယ့္

ခ်န္ပီယံလိဂ္မွာေတာ့ ၆ ပြဲမွာ ၅ ဂိုးသြင္းထားပါတယ္။