





ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲထိပ်တိုက်တွေ့ဆုံမှုမတိုင်ခင်မှာ
ရော်နယ်ဒိုနဲ့ပက်သက်တဲ့ အမ်ဘာပီရဲ့စွဲလမ်းစိတ်ကို ပီအက်စ်ဂျီ





အသင်းဖော်ဟောင်းတစ်ဦးက ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။
ပီအက်စ်ဂျီမှာ ၃ နှစ်ကြာကစားခဲ့ပြီး လိုက်ပ်ဇစ်ကိုအငှားနဲ့
ပြောင်းရွှေ့ခဲ့တဲ့ ဒီယာလိုက မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ပတ်သတ်တဲ့





စကားစစ်ထိုးပွဲကြားက အမ်ဘာပီရဲ့အမြင်ကိုပြောဆိုခဲ့တာဖြစ်တယ်။
ပြင်သစ်ကြယ်ပွင့်အတွက်တော့ ရော်နယ်ဒိုဟာ ‘အရာရာတိုင်း’ ဖြစ်နေပြီး





အမ်ဘာပီဟာ သူ့ရဲ့ Idol နဲ့ပတ်သတ်တာကိုပြောရမယ်ဆိုရင်
တစ်နာရီလောက်အထိအတိုက်အခံလုပ်ပြလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
“ခရစ္စတီယာနိုရော်နယ်ဒိုဟာ အမ်ဘာပီအတွက်တော့ အရာအားလုံးပါပဲ။





တကယ်လို့ မင်းတို့ဘက်က မက်ဆီနဲ့ ရော်နယ်ဒိုအကြောင်း
ပြောမယ်ဆိုရင် အမ်ဘာပီက မင်းနဲ့တစ်နာရီလောက်ကြာအောင်





စကားစစ်ထိုးပါလိမ့်မယ်။ သူ့အတွက်တော့ ရော်နယ်ဒိုက
ထိခိုက်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး” လို့ ဒီယာလိုက
ဖွင့်ဟလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ အမ်ဘာပီဟာ





ပီအက်စ်ဂျီအသင်းဖော်မက်ဆီနဲ့ ကမ္ဘာ့ချန်ပီယံလုပွဲကစားဖို့
ရှိနေချိန်မှာ GOAT နဲ့ပက်သက်လို့ ပြင်သစ်ကြယ်ပွင့်ရဲ့သဘောထားကို





ဒီယာလိုကချပြလိုက်တာဖြစ်တယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
မက်ဆီနဲ့ အမ်ဘာပီက ၅ဂိုးစီသွင်းထားပြီး ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆု
(ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးအားကစားသမား) တွေအပြင်





ကမ္ဘာ့ဖလားချန်ပီယံဆုအတွက်ပါ အကြိတ်အနယ်ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။





zawgyi
ေရာ္နယ္ဒိုနဲ႔ပတ္သတ္ရင္ အမ္ဘာပီက တစ္နာရီေလာက္ထိုင္ျငင္းလိမ့္မယ္လို႔ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း ဖြင့္ဟ
ျပင္သစ္နဲ႔ အာဂ်င္တီးနားတို႔ ဗိုလ္လုပြဲထိပ္တိုက္ေတြ႕ဆုံမႈမတိုင္ခင္မွာ





ေရာ္နယ္ဒိုနဲ႔ပက္သက္တဲ့ အမ္ဘာပီရဲ႕စြဲလမ္းစိတ္ကို ပီအက္စ္ဂ်ီ
အသင္းေဖာ္ေဟာင္းတစ္ဦးက ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။





ပီအက္စ္ဂ်ီမွာ ၃ ႏွစ္ၾကာကစားခဲ့ၿပီး လိုက္ပ္ဇစ္ကိုအငွားနဲ႔
ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဒီယာလိုက မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႔ပတ္သတ္တဲ့
စကားစစ္ထိုးပြဲၾကားက အမ္ဘာပီရဲ႕အျမင္ကိုေျပာဆိုခဲ့တာျဖစ္တယ္။





ျပင္သစ္ၾကယ္ပြင့္အတြက္ေတာ့ ေရာ္နယ္ဒိုဟာ ‘အရာရာတိုင္း’ ျဖစ္ေနၿပီး
အမ္ဘာပီဟာ သူ႔ရဲ႕ Idol နဲ႔ပတ္သတ္တာကိုေျပာရမယ္ဆိုရင္





တစ္နာရီေလာက္အထိအတိုက္အခံလုပ္ျပလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။
“ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ အမ္ဘာပီအတြက္ေတာ့ အရာအားလုံးပါပဲ။
တကယ္လို႔ မင္းတို႔ဘက္က မက္ဆီနဲ႔ ေရာ္နယ္ဒိုအေၾကာင္း





ေျပာမယ္ဆိုရင္ အမ္ဘာပီက မင္းနဲ႔တစ္နာရီေလာက္ၾကာေအာင္
စကားစစ္ထိုးပါလိမ့္မယ္။ သူ႔အတြက္ေတာ့ ေရာ္နယ္ဒိုက





ထိခိုက္လို႔ရတဲ့အရာမ်ိဳးမဟုတ္ပါဘူး” လို႔ ဒီယာလိုက
ဖြင့္ဟလိုက္ပါတယ္။ တနဂၤေႏြေန႔မွာေတာ့ အမ္ဘာပီဟာ
ပီအက္စ္ဂ်ီအသင္းေဖာ္မက္ဆီနဲ႔ ကမာၻ႔ခ်န္ပီယံလုပြဲကစားဖို႔





ရွိေနခ်ိန္မွာ GOAT နဲ႔ပက္သက္လို႔ ျပင္သစ္ၾကယ္ပြင့္ရဲ႕သေဘာထားကို
ဒီယာလိုကခ်ျပလိုက္တာျဖစ္တယ္။ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့





မက္ဆီနဲ႔ အမ္ဘာပီက ၅ဂိုးစီသြင္းထားၿပီး ေ႐ႊဖိနပ္ဆု၊ ေ႐ႊေဘာလုံးဆု
(ၿပိဳင္ပြဲတစ္ေလွ်ာက္အေကာင္းဆုံးအားကစားသမား) ေတြအျပင္
ကမာၻ႔ဖလားခ်န္ပီယံဆုအတြက္ပါ အႀကိတ္အနယ္ယွဥ္ၿပိဳင္သြားရမွာျဖစ္တယ္။




