ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဘာများပြောနိုင်ဦးမှာလဲဆိုပြီး အကြံဉာဏ်တောင်းလိုက်တဲ့ ပေါ်တူဂီနည်းပြ ဆန်းတို့စ်

နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကို

ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့
အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ပတ်သက်လို့
ဘာပြောရမှန်းတောင် မသိတော့ပါဘူးလို့
ပြောသွားပါတယ်။
ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒိုဟာ

ကြာသပတေးနေ့က စပိန်နဲ့
သရေကျခဲ့တဲ့ပွဲမှာ ပွဲထွက်စာရင်းကနေ
ချန်လှပ်ခံခဲ့ရပေမယ့် ဒီပွဲမှာတော့
အိမ်ရှင်အသင်းကို ဦးဆောင်လာပြီး
ကိုယ်တိုင် ၂ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အဲဒီပွဲအပြီးမှာ ဖာနန်ဒိုဆန်းတို့စ်က
မိမိအနေနဲ့ ဘောလုံးသမိုင်းတစ်လျှောက်
အကြီးကျယ်ဆုံးကစားသမားတစ်ဦးအကြောင်း
ခွဲခြမ်းစိတ်ဖြာဖို့ စကားလုံးတွေမရှိဘူးလို့ ပြောပါတယ်။
”သူနဲ့ပတ်သက်လို့ ဘာပြောရမှန်းတောင်မသိပါဘူး။

သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်
ဆိုတာပဲ ကျွန်တော် ထပ်ပြောရမယ်ထင်ပါတယ်။
ကျွန်တော် ဘာများပြောနိုင်မှာလဲ။
အားလုံးက ပြောပြီးသားတွေလေ။
ကျွန်တော်ဟာ ထရိန်နင်မှာ လေ့ကျင့်သလို

အသင်းက ကွင်းထဲမှာ ကစားတဲ့အခါ
ပျော်ရွှင်ကျေနပ်ရတဲ့ နည်းပြါ”လို့
ဆန်းတို့စ်က ပြောပါတယ်။
ပွဲအနေအထားနဲ့ပတ်သက်လို့
ဆန်းတို့စ်က ”ပွဲအစမိနစ်အနည်းငယ်အကြာမှာ

ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပြီး
ဒုတိယပိုင်းမှာ ပြေးအား
နည်းနည်းကျသွားပေမယ့် ကစားသမားတွေက
စက်တွေမှမဟုတ်တာ။ ပြီးတော့ ကျွန်တော်တို့
နောက်ထပ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်က

အခွင့်အရေးတချို့ဖန်တီးနိုင်ခဲ့ပေမယ့်
ကျွန်တော်တို့အသင်းက အမြဲတမ်း
မှန်ကန်တဲ့အဖြေ ရှာနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

Zawgyi

ေရာ္နယ္ဒိုနဲ႔ပတ္သက္လို႔ ဘာမ်ားေျပာႏိုင္ဦးမွာလဲဆိုၿပီး အၾကံဉာဏ္ေတာင္းလိုက္တဲ့ ေပၚတူဂီနည္းျပ ဆန္းတို႔စ္
ေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ ဆြစ္ဇာလန္ကို
ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းယူခဲ့တဲ့
အသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုနဲ႔ပတ္သက္လို႔

ဘာေျပာရမွန္းေတာင္ မသိေတာ့ပါဘူးလို႔
ေျပာသြားပါတယ္။
ဝါရင့္တိုက္စစ္မွဴး ေရာ္နယ္ဒိုဟာ
ၾကာသပေတးေန႔က စပိန္နဲ႔
သေရက်ခဲ့တဲ့ပြဲမွာ ပြဲထြက္စာရင္းကေန

ခ်န္လွပ္ခံခဲ့ရေပမယ့္ ဒီပြဲမွာေတာ့
အိမ္ရွင္အသင္းကို ဦးေဆာင္လာၿပီး
ကိုယ္တိုင္ ၂ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
အဲဒီပြဲအၿပီးမွာ ဖာနန္ဒိုဆန္းတို႔စ္က
မိမိအေနနဲ႔ ေဘာလုံးသမိုင္းတစ္ေလွ်ာက္

အႀကီးက်ယ္ဆုံးကစားသမားတစ္ဦးအေၾကာင္း
ခြဲျခမ္းစိတ္ျဖာဖို႔ စကားလုံးေတြမရွိဘူးလို႔ ေျပာပါတယ္။
”သူနဲ႔ပတ္သက္လို႔ ဘာေျပာရမွန္းေတာင္မသိပါဘူး။
သူဟာ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္တယ္
ဆိုတာပဲ ကၽြန္ေတာ္ ထပ္ေျပာရမယ္ထင္ပါတယ္။

ကၽြန္ေတာ္ ဘာမ်ားေျပာႏိုင္မွာလဲ။
အားလုံးက ေျပာၿပီးသားေတြေလ။
ကၽြန္ေတာ္ဟာ ထရိန္နင္မွာ ေလ့က်င့္သလို
အသင္းက ကြင္းထဲမွာ ကစားတဲ့အခါ
ေပ်ာ္ရႊင္ေက်နပ္ရတဲ့ နည္းျပါ”လို႔

ဆန္းတို႔စ္က ေျပာပါတယ္။
ပြဲအေနအထားနဲ႔ပတ္သက္လို႔
ဆန္းတို႔စ္က ”ပြဲအစမိနစ္အနည္းငယ္အၾကာမွာ
ပဲြကို ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး
ဒုတိယပိုင္းမွာ ေျပးအား

နည္းနည္းက်သြားေပမယ့္ ကစားသမားေတြက
စက္ေတြမွမဟုတ္တာ။ ၿပီးေတာ့ ကၽြန္ေတာ္တို႔
ေနာက္ထပ္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဆြစ္ဇာလန္က
အခြင့္အေရးတခ်ိဳ႕ဖန္တီးႏိုင္ခဲ့ေပမယ့္
ကၽြန္ေတာ္တို႔အသင္းက အၿမဲတမ္း

မွန္ကန္တဲ့အေျဖ ရွာႏိုင္ခဲ့ပါတယ္”လို႔ ေျပာပါတယ္။