ရော်နယ်ဒိုနဲ့တွေ့မှ ပြောင်းလဲသွားခဲ့ရတဲ့ ဂျော်ဂျီနာရဲ့ဘဝ

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကခရစ္စတီယာနိုရော်နယ်ဒိုနှင့်မဆုံစည်းမီတုန်းက

သူမဟာပစ္စည်းသိုလှောင်ခန်းတစ်ခုကိုတစ်လပေါင်၂၅၀ပေးပြီး

ငှားရမ်းနေထိုင်ခဲ့ရကြောင်း သူမရဲ့လာမယ့် Netflix

မှတ်တမ်းစီးရီးတွင်ပြောကြားသွားပါတယ်။

အသက်၂၇နှစ်ရှိအာဂျင်တီးနားသူဟာအပူပေးစက်၊အဲယားကွန်းတို့အတွက်

ငွေမပေးနိုင်မှုနဲ့အတူ ဆောင်းရာသီမှာအအေးဒဏ်ကိုခံခဲ့ရသလို

နွေရာသီမှာလည်းအပူဒဏ်ကိုလိမ့်ခံခဲ့ရပါတယ်။

ဂျော်ဂျီနာဟာဆယ်ကျော်သက်အရွယ်မှာဘဲမက်ဒရစ်သို့

တကိုယ်တည်းရောက်လာခဲ့တာဖြစ်ပြီး

ဆိုင်မှာအကူအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။

သူမဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံချိန်မှာတော့

ဘဝကြီးကအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတော့တယ်။

သူမက “မက်ဒရစ်ကိုရောက်တုန်းကတော်တော်ဆိုးရွားခဲ့တယ်။

ဈေးတန်တဲ့အခန်းလိုက်ရှာရတယ်။

တစ်လပေါင်၂၅၀တန်လောက်ပေါ့။နောက်ဆုံးအခန်းတစ်ခန်းရတယ်။

ပစ္စည်းထားတဲ့အခန်းတစ်ခန်းပါ။

ဆောင်းရာသီဆိုအေးသလားမအေးနဲ့။

နွေရာသီကျတော့လည်းမီးမြိုက်ထားသလိုပဲ။

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ဆုံတွေ့ချိန်မှာတော့

ကျွန်မဘဝပြောင်းလဲသွားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ယူနိုက်တက်စူပါစတားဟာ ရီးရဲလ်မက်ဒရစ်တွင်ကစားစဉ်တုန်းက

မက်ဒရစ်ရှိ Gucci ဆိုင်မှာ တစ်နာရီလျှင်၁၀ပေါင်နှုန်းဖြင့်

အလုပ်လုပ်နေတဲ့ဂျော်ဂျီနာနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျော်ဂျီနာရဲ့မှတ်တမ်းစီးရီးကိုလာမယ့်သူမရဲ့၂၈နှစ်ပြည့်မွေးနေ့ဖြစ်တဲ့

ဇန်နဝါရီလ၂၇ရက်နေ့မှာစတင်ထုတ်လွှင့်သွားပါမယ်။

zawgyi

ေရာ္နယ္ဒိုနဲ႔ေတြ႕မွ ေျပာင္းလဲသြားခဲ့ရတဲ့ ေဂ်ာ္ဂ်ီနာရဲ႕ဘဝ

ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မဆုံစည္းမီတုန္းက

သူမဟာပစၥည္းသိုေလွာင္ခန္းတစ္ခုကိုတစ္လေပါင္၂၅၀ေပးၿပီး

ငွားရမ္းေနထိုင္ခဲ့ရေၾကာင္း သူမရဲ႕လာမယ့္ Netflix

မွတ္တမ္းစီးရီးတြင္ေျပာၾကားသြားပါတယ္။

အသက္၂၇ႏွစ္ရွိအာဂ်င္တီးနားသူဟာအပူေပးစက္၊အဲယားကြန္းတို႔အတြက္

ေငြမေပးႏိုင္မႈနဲ႔အတူ ေဆာင္းရာသီမွာအေအးဒဏ္ကိုခံခဲ့ရသလို

ေႏြရာသီမွာလည္းအပူဒဏ္ကိုလိမ့္ခံခဲ့ရပါတယ္။

ေဂ်ာ္ဂ်ီနာဟာဆယ္ေက်ာ္သက္အ႐ြယ္မွာဘဲမက္ဒရစ္သို႔

တကိုယ္တည္းေရာက္လာခဲ့တာျဖစ္ၿပီး

ဆိုင္မွာအကူအျဖစ္ဝင္ေရာက္လုပ္ကိုင္ခဲ့တာပါ။

သူမဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံခ်ိန္မွာေတာ့

ဘဝႀကီးကအႀကီးအက်ယ္ေျပာင္းလဲသြားခဲ့ပါေတာ့တယ္။

သူမက “မက္ဒရစ္ကိုေရာက္တုန္းကေတာ္ေတာ္ဆိုး႐ြားခဲ့တယ္။

ေဈးတန္တဲ့အခန္းလိုက္ရွာရတယ္။

တစ္လေပါင္၂၅၀တန္ေလာက္ေပါ့။ေနာက္ဆုံးအခန္းတစ္ခန္းရတယ္။

ပစၥည္းထားတဲ့အခန္းတစ္ခန္းပါ။

ေဆာင္းရာသီဆိုေအးသလားမေအးနဲ႔။

ေႏြရာသီက်ေတာ့လည္းမီးၿမိဳက္ထားသလိုပဲ။

ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ဆုံေတြ႕ခ်ိန္မွာေတာ့

ကြၽန္မဘဝေျပာင္းလဲသြားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္စူပါစတားဟာ ရီးရဲလ္မက္ဒရစ္တြင္ကစားစဥ္တုန္းက

မက္ဒရစ္ရွိ Gucci ဆိုင္မွာ တစ္နာရီလွ်င္၁၀ေပါင္ႏႈန္းျဖင့္

အလုပ္လုပ္ေနတဲ့ေဂ်ာ္ဂ်ီနာႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာလည္းျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီနာရဲ႕မွတ္တမ္းစီးရီးကိုလာမယ့္သူမရဲ႕၂၈ႏွစ္ျပည့္ေမြးေန႔ျဖစ္တဲ့

ဇန္နဝါရီလ၂၇ရက္ေန႔မွာစတင္ထုတ္လႊင့္သြားပါမယ္။