ရော်နယ်ဒိုနဲ့စာချုပ်ဖျက်သိမ်းလိုက်ပြီလို့ ယူနိုက်တက်အသင်းတရားဝင်ထုတ်ပြန်ကြေညာ

ပေါ်တူဂီကြယ်ပွင့်ရော်နယ်ဒိုနဲ့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပြီလို့ မန်ယူအသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်မှာတော့ “ရော်နယ်ဒိုအသင်းကထွက်ခွာဖို့အတွက် သဘောတူညီချက်ရယူနိုင်ခဲ့ပါပြီ။

အိုးလ်ထရက်ဖို့ဒ်မှာ ကစားသမားဘဝကိုနှစ်ကြိမ်တိုင်ဖြတ်သန်းစဉ်အတွင်း ၃၄၆ပွဲမှာ ၁၄၅ဂိုး သွင်းပေးခဲ့တဲ့ သူ့ကိုကျေးဇူးတင်သလို သူနဲ့မိသားစုဝင်တွေ

အနာဂတ်မှာအကောင်းဆုံးတွေပိုင်ဆိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်” လို့ ပါရှိပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေရှာဖွေဖို့အချိန်တန်ပြီလို့

ဆိုရှယ်မီဒီယာကတစ်ဆင့် အသိပေးလိုက်ပါတယ်။ “ယူနိုက်တက်အသင်းနဲ့ဆွေးနွေးမှုတွေအပြီးမှာတော့ ကျွန်တော်တို့ဟာစာချုပ်ကိုစောစောစီးစီးအဆုံးသတ်ဖို့နှစ်ဖက်သဘောတူခဲ့ကြပါတယ်။

ယူနိုက်တက်ကိုချစ်သလို ပရိသတ်တွေကိုလည်းချစ်ပါတယ်၊ ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တွေရှာဖို့သင့်တော်တဲ့အချိန်လို့ခံစားရပါတယ်။

လက်ကျန်ရာသီနဲ့ အနာဂါတ်တိုင်းမှာ အသင်းအောင်မြင်မှုရပါစေလို့ဆုတောင်းလိုက်ပါတယ်” လို့ ရော်နယ်ဒိုဘက်ကလည်း အတည်ပြုပေးလိုက်တာဖြစ်တယ်။ ယူနိုက်တက်ဘက်က

ပေါ်တူဂီစူပါစတားနဲ့လမ်းခွဲဖို့အတွက် အမြန်ဆုံးစီစဉ်ခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာတော့နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်တာပါ။

(Zawgyi)

ေရာ္နယ္ဒိုနဲ႔စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီလို႔ ယူႏိုက္တက္အသင္းတရားဝင္ထုတ္ျပန္ေၾကညာ

ေပၚတူဂီၾကယ္ပြင့္ေရာ္နယ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီလို႔ မန္ယူအသင္းဘက္ကတရားဝင္ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕တရားဝင္ထုတ္ျပန္ေၾကညာခ်က္မွာေတာ့ “ေရာ္နယ္ဒိုအသင္းကထြက္ခြာဖို႔အတြက္ သေဘာတူညီခ်က္ရယူႏိုင္ခဲ့ပါၿပီ။

အိုးလ္ထရက္ဖို႔ဒ္မွာ ကစားသမားဘဝကိုႏွစ္ႀကိမ္တိုင္ျဖတ္သန္းစဥ္အတြင္း ၃၄၆ပြဲမွာ ၁၄၅ဂိုး သြင္းေပးခဲ့တဲ့ သူ႔ကိုေက်းဇူးတင္သလို သူနဲ႔မိသားစုဝင္ေတြ

အနာဂါတ္မွာအေကာင္းဆုံးေတြပိုင္ဆိုင္ပါေစလို႔ဆႏၵျပဳလိုက္ပါတယ္” လို႔ ပါရွိပါတယ္။ ေရာ္နယ္ဒိုကိုယ္တိုင္ကလည္းစိန္ေခၚမႈအသစ္ေတြရွာေဖြဖို႔အခ်ိန္တန္ၿပီလို႔

ဆိုရွယ္မီဒီယာကတစ္ဆင့္အသိေပးလိုက္ပါတယ္။ “ယူႏိုက္တက္အသင္းနဲ႔ေဆြးေႏြးမႈေတြအၿပီးမွာေတာ့ ကြၽန္ေတာ္တို႔ဟာစာခ်ဳပ္ကိုေစာေစာစီးစီးအဆုံးသတ္ဖို႔ႏွစ္ဖက္သေဘာတူခဲ့ၾကပါတယ္။

ယူႏိုက္တက္ကိုခ်စ္သလို ပရိသတ္ေတြကိုလည္းခ်စ္ပါတယ္၊ ဒါကဘယ္ေတာ့မွေျပာင္းလဲမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ စိန္ေခၚမႈအသစ္ေတြရွာဖို႔သင့္ေတာ္တဲ့အခ်ိန္လို႔ခံစားရပါတယ္။

လက္က်န္ရာသီနဲ႔ အနာဂါတ္တိုင္းမွာ အသင္းေအာင္ျမင္မႈရပါေစလို႔ဆုေတာင္းလိုက္ပါတယ္” လို႔ ေရာ္နယ္ဒိုဘက္ကလည္း အတည္ျပဳေပးလိုက္တာျဖစ္တယ္။

ယူႏိုက္တက္ဘက္က ေပၚတူဂီစူပါစတားနဲ႔လမ္းခြဲဖို႔အတြက္ အျမန္ဆုံးစီစဥ္ခဲ့တာျဖစ္ၿပီး အဂၤါေန႔မွာေတာ့ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းလိုက္တာပါ။