ရော်နယ်ဒိုနေရာအတွက် တန်ဟတ်သဘောကျတဲ့ကစားသမားကို ပေါင်သန်း ၆၀နဲ့ ခေါ်ပေးမယ့် ယူနိုက်တက်

မန်ယူအသင်းဟာရော်နယ်ဒိုနေရာ အစားထိုးဖို့အတွက်ကစားသမားတစ်ယောက် တွေ့ထားပြီး ကင်းထောက်ချစောင့်ကြည့်မှုတွေလုပ်နေပြီဖြစ်တယ်။

နည်းပြတန်ဟတ် ကိုယ်တိုင်ကဒီကစားသမားရဲ့ Fan တစ်ယောက်ဖြစ်ပြီး ပေါင်သန်း ၆၀နဲ့ခေါ်ယူသွားမယ်လို့ သတင်းထွက်လာပါတယ်။

မန်ယူကင်းထောက်တွေဟာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဖော်ရာဖေးလ်လီယာအိုကို စောင့်ကြည့်နေတာဖြစ်ပြီး လာမယ့်နွေစျေးကွက်မှာအရခေါ်ဖို့ပြင်ဆင်နေပါတယ်။

ဒီကစားသမားကို မန်စီးတီးနဲ့ ချဲလ်ဆီးကပါ စောင့်ကြည့်နေတဲ့အတွက် သရဲနီတွေကလက်ဦးမှုရယူနိုင် ဖို့ကြိုးစားလာတာဖြစ်တယ်။

ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်နှစ်ကျော့စလုံးမှာ မန်ယူကင်းထောက်တွေက လီယာအိုအစဉ်တစိုက်စောင့်ကြည့်ခဲ့တယ်လို့ သတင်းထွက်လာတာပါ။

တိုက်စစ် ၃ယောက်တန်းမှာ နေရာစုံကစားနိုင်တဲ့ လီယာအိုကို မန်ယူနည်းပြ တန်ဟတ်ကအရမ်းကိုသေဘာကျနေပြီး မီလန်နဲ့စာချုပ်သက်တမ်း ၁၈ လကျန်သေး တဲ့ပေါ်တူဂီသားအတွက် ပေါင်သန်း ၆၀ ပေးဖို့အဆင်သင့်ရှိနေလို့ The Sun သတင်း စာက ဖော်ပြလိုက်ပါတယ်။

အေစီမီလန်အသင်းဟာ ပေါ်တူဂီသားကို တစ်ပတ်လုပ် ခ ပေါင် ၁၁၀၀၀၀ ပေးပြီး ၅နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေပေမဲ့ လီယာအိုဘက် ကအခုထိစိတ်ဝင်စားမှုမပြသေးပါဘူး။

(Zawgyi)

ေရာ္နယ္ဒိုေနရာအတြက္ တန္ဟတ္သေဘာက်တဲ့ကစားသမားကို ေပါင္သန္း ၆၀နဲ႔ ေခၚေပးမယ့္ ယူႏိုက္တက္

မန္ယူအသင္းဟာေရာ္နယ္ဒိုေနရာ အစားထိုးဖို႔အတြက္ကစားသမားတစ္ေယာက္ ေတြ႕ထားၿပီး ကင္းေထာက္ခ်ေစာင့္ၾကည့္မႈေတြလုပ္ေနၿပီျဖစ္တယ္။

နည္းျပတန္ဟတ္ ကိုယ္တိုင္ကဒီကစားသမားရဲ႕ Fan တစ္ေယာက္ျဖစ္ၿပီး ေပါင္သန္း ၆၀နဲ႔ေခၚယူသြားမယ္လို႔ သတင္းထြက္လာပါတယ္။

မန္ယူကင္းေထာက္ေတြဟာ ေရာ္နယ္ဒိုရဲ႕ ေပၚတူဂီအသင္းေဖာ္ရာေဖးလ္လီယာအိုကို ေစာင့္ၾကည့္ေနတာျဖစ္ၿပီး လာမယ့္ေႏြေစ်းကြက္မွာအရေခၚဖို႔ျပင္ဆင္ေနပါတယ္။

ဒီကစားသမားကို မန္စီးတီးနဲ႔ ခ်ဲလ္ဆီးကပါ ေစာင့္ၾကည့္ေနတဲ့အတြက္ သရဲနီေတြကလက္ဦးမႈရယူႏိုင္ ဖို႔ႀကိဳးစားလာတာျဖစ္တယ္။

ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ႏွစ္ေက်ာ့စလုံးမွာ မန္ယူကင္း ေထာက္ေတြက လီယာအိုအစဥ္တစိုက္ေစာင့္ၾကည့္ခဲ့တယ္လို႔ သတင္းထြက္လာတာပါ။

တိုက္စစ္ ၃ေယာက္တန္းမွာ ေနရာစုံကစားႏိုင္တဲ့ လီယာအိုကို မန္ယူနည္းျပ တန္ဟတ္ကအရမ္းကိုေသဘာက်ေနၿပီး မီလန္နဲ႔စာခ်ဳပ္သက္တမ္း ၁၈လက်န္ေသး တဲ့ေပၚတူဂီသားအတြက္ ေပါင္သန္း ၆၀ ေပးဖို႔အဆင္သင့္ရွိေနလို႔ The Sun သတင္း စာက ေဖာ္ျပလိုက္ပါတယ္။

ေအစီမီလန္အသင္းဟာ ေပၚတူဂီသားကို တစ္ပတ္လုပ္ ခ ေပါင္ ၁၁၀၀၀၀ ေပးၿပီး ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ျပင္ဆင္ေနေပမဲ့ လီယာအိုဘက္ ကအခုထိစိတ္ဝင္စားမႈမျပေသးပါဘူး။