
မန်ယူအသင်းဟာ စီရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် လာမယ့် ဇန်နဝါရီဈေးကွက်မှာ ပီအက်ဗွီတိုက်စစ်မှူး ဂက်ပိုကို စာချုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ 90Minutes





ဝက်ဘ်ဆိုက်က ရေးသားဖော်ပြပါတယ်။ ဒီ နယ်သာလန်တိုက်စစ်မှူးကို စာချုပ်ခေါ်ယူဖို့အတွက် မန်ယူနည်းပြ အဲရစ်တန်ဟတ် ဟာ အပူတပြင်း လုပ်ဆောင်နေတာမျိုးရှိပြီး လိုအပ်တဲ့ အစီရင်ခံတင်ပြမှု





တွေကိုလည်း လုပ်ပြီးသွားပြီလို့ သိရပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့အတူ လုပ်ခဲ့တဲ့ ပေါက်ကွဲအားကောင်းလွန်းတဲ့ အင်တာဗျူးအစီအစဉ်အပြီးမှာတော့ မန်ယူဟာ စီရော်နယ်ဒိုရဲ့ လက်ရှိစာချုပ်ကို
ဖျက်သိမ်းပစ်ဖို့အထိ စဉ်းစားနေ တာမျိုးရှိပြီး ကစားခွင့် လုံး၀ မပေးတော့ဖို့အတွက် နည်းပြတန်ဟတ်ကလည်း ကလပ်အသင်း တာဝန်ရှိသူတွေဆီကို တောင်းဆိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးဟာ သူ့ရဲ့ သီးသန့် အင်တာဗျူးအစီအစဉ်မှာ လက်ရှိနည်းပြတန်ဟတ်၊ ယာယီနည်းပြဟောင်း ရန်းနစ်နဲ့ အသင်းပိုင်ရှင်တွေ အကုန်လုံးကို အပြစ်တင် ဝေဖန်သွားခဲ့တဲ့ ကစားသမားပါ။





တကယ်လို့ ရော် နယ်ဒိုသာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ မန်ယူကနေပြီး ထွက်သွားရမယ်ဆိုရင် တော့ သရဲနီတွေဟာ ဒေါင်ဒေါင်မြည်နေတဲ့ တိုက်စစ်မှူးတစ်ယောက်ကို သေချာပေါက် လိုအပ်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဂက်ပိုဟာ သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်လာနေတယ်လို့ 90Minutes က ရေးသားဖော်ပြခဲ့တာပါ။ သူ့ရဲ့ ထူးခြားတဲ့ အဆင့်မီ ခြေစွမ်းကြောင့် နယ်သာလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ





အသင်းပြောင်းဖို့ နီးစပ်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာဖို့ ရှိခဲ့ပေမဲ့လည်း မန်ယူဟာ အန်တိုနီကို ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းပေးပြီး ခေါ်လိုက်တဲ့အတွက် အထမမြောက်ခဲ့တာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ မန်ယူဟာ ဂက်ပိုကို ခေါ်ယူဖို့အတွက် အဆင်သင့်အနေအထား မျိုးမှာရှိနေပြီး ဇန်နဝါရီမှာ စတင်ပြီး လှုပ်ရှားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။





ဂက်ပိုဟာ ဒီရာသီမှာ ပီအက်စ်ဗွီနဲ့အတူ ပြိုင်ပွဲစုံ ၂၄ ပွဲအထိ ပါ ဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပြီး ၁၃ ဂိုး သွင်းထားသူဖြစ်ပါတယ်။ နောက်ပြီး လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်
နယ်သာလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်နေပါတယ်။





(Zawgyi)
ေရာ္နယ္ဒိုေနရာမွာအစားထိုးဖို႔ တိုက္စစ္မႉးတစ္ေယာက္ကို မန္ယူေခၚေတာ့မယ္
မန္ယူအသင္းဟာ စီေရာ္နယ္ဒိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ လာမယ့္ ဇန္နဝါရီေဈးကြက္မွာ ပီအက္ဗြီတိုက္စစ္မႉး ဂက္ပိုကို စာခ်ဳပ္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ 90Minutes ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပပါတယ္။





ဒီ နယ္သာ လန္တိုက္စစ္မႉးကို စာခ်ဳပ္ေခၚယူဖို႔အတြက္ မန္ယူနည္းျပ အဲရစ္တန္ဟတ္ ဟာ အပူတျပင္း လုပ္ေဆာင္ေနတာမ်ိဳးရွိၿပီး လိုအပ္တဲ့ အစီရင္ခံတင္ျပမႈ ေတြကိုလည္း လုပ္ၿပီးသြားၿပီလို႔ သိရပါတယ္။
ပီးယာ့စ္ေမာ္ဂန္နဲ႔အတူ လုပ္ခဲ့တဲ့ ေပါက္ကြဲအားေကာင္းလြန္းတဲ့ အင္တာဗ်ဴးအစီအစဥ္အၿပီးမွာေတာ့ မန္ယူဟာ စီေရာ္နယ္ဒိုရဲ႕ လက္ရွိစာခ်ဳပ္ကို ဖ်က္သိမ္းပစ္ဖို႔အထိ စဥ္းစားေန တာမ်ိဳးရွိၿပီး ကစားခြင့္ လုံး၀





မေပးေတာ့ဖို႔အတြက္ နည္းျပတန္ဟတ္ကလည္း ကလပ္အသင္း တာဝန္ရွိသူေတြဆီကို ေတာင္းဆိုထားၿပီးျဖစ္တယ္လို႔ သိရ ပါတယ္။ ေပၚတူဂီတိုက္စစ္မႉးဟာ သူ႔ရဲ႕ သီးသန႔္ အင္တာဗ်ဴးအစီအစဥ္မွာ
လက္ရွိနည္းျပတန္ဟတ္၊ ယာယီနည္းျပေဟာင္း ရန္းနစ္နဲ႔ အသင္းပိုင္ရွင္ေတြ အကုန္လုံးကို အျပစ္တင္ ေဝဖန္သြားခဲ့တဲ့ ကစားသမားပါ။ တကယ္လို႔ ေရာ္ နယ္ဒိုသာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ
မန္ယူကေနၿပီး ထြက္သြားရမယ္ဆိုရင္ ေတာ့ သရဲနီေတြဟာ ေဒါင္ေဒါင္ျမည္ေနတဲ့ တိုက္စစ္မႉးတစ္ေယာက္ကို ေသ ခ်ာေပါက္ လိုအပ္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဂက္ပိုဟာ သူတို႔ရဲ႕ ဦးစားေပး





ပစ္မွတ္ျဖစ္လာေနတယ္လို႔ 90Minutes က ေရးသားေဖာ္ျပခဲ့တာပါ။ သူ႔ရဲ႕ ထူးျခားတဲ့ အဆင့္မီ ေျခစြမ္းေၾကာင့္ နယ္သာလန္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ
အသင္းေျပာင္းဖို႔ နီးစပ္ခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာဖို႔ ရွိခဲ့ေပမဲ့လည္း မန္ယူဟာ အန္တိုနီကို ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၈၅ သန္းေပးၿပီး ေခၚလိုက္တဲ့အတြက္ အထမေျမာက္ခဲ့တာပါ။





ဒါေပမဲ့ လက္ ရွိမွာေတာ့ မန္ယူဟာ ဂက္ပိုကို ေခၚယူဖို႔အတြက္ အဆင္သင့္ အေနအထား မ်ိဳးမွာရွိေနၿပီး ဇန္နဝါရီမွာ စတင္ၿပီး လႈပ္ရွားေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဂက္ပိုဟာ
ဒီရာသီမွာ ပီအက္စ္ဗြီနဲ႔အတူ ၿပိဳင္ပြဲစုံ ၂၄ ပြဲအထိ ပါ ဝင္ကစားေပးထားတဲ့ ကစားသမားျဖစ္ၿပီး ၁၃ ဂိုး သြင္းထားသူျဖစ္ပါတယ္။ ေနာက္ၿပီး လက္ရွိ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ နယ္သာလန္အသင္းရဲ႕ အဓိက
တိုက္စစ္မႉးတစ္ဦးလည္း ျဖစ္ေနပါတယ္။




