
ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူစားလဲခံရလို့ စီရော်နယ်ဒိုရဲ့ဒေါသနဲ့တုံ့ပြန်မှုဟာ
မန်ယူရဲ့ဂိုးပြတ်နိုင်ပွဲအပေါ် ဖုံးလွှမ်းသွားပါတယ်။
စီရော်နယ်ဒိုဟာ မန်ယူအသင်း ၂-၀ နဲ့ဦးဆောင်နေတဲ့
ဒီပွဲရဲ့ ၇၁ မိနစ်အရောက်မှာ ရန်းနစ်ရဲ့လူစားလဲခြင်းကို ခံခဲ့ရတာပါ။
မက်ဂွိုင်းယားနဲ့ ရက်ရှ်ဖို့ဒ်တို့က စီရော်နယ်ဒိုနဲ့
ဂရင်းဝုဒ်တို့ရဲ့နေရာမှာ လူစားဝင်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း လူစားလဲဖို့အတွက် ကွင်းဘေးမှာ အကူဒိုင်က
ဘုတ်ပြားထောင်တဲ့အခါ သူ့နံပါတ်ကို တွေ့လိုက်ရလို့
စီရော်နယ်ဒိုတစ်ယောက် မယုံနိုင်ဖြစ်သွားပါတယ်။
ချက်ချင်းပဲ ဒေါသထွက်သွားပြီး အရန်ခုံမှာ
မထိုင်ခင် ဂျာကင်အင်္ကျီကို လွှင့်ပစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒေါသထွက်ထွက်နဲ့ မြည်တွန်တောက်တီးနေတဲ့
သူ့ပုံစံကိုလည်း ရုပ်သံကင်မရာတွေကနေ တွေ့ခဲ့ရတာပါ။
နောက်မှ ရန်းနစ်က သူ့ဘေးနားရောက်လာပြီး နှစ်သိမ့်ပေးခဲ့သလို
သူ့ဆုံးဖြတ်ချက်ကို ရှင်းပြပေးခဲ့ပုံရပါတယ်။
အဲဒီပွဲမှာ စီရော်နယ်ဒိုဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်
ဒုတိယပိုင်းက သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဘားတန်းထိထွက်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ရန်းနစ်က လူစားလဲခံရလို့ စီရော်နယ်ဒိုဒေါသထွက်တာဟာ
ပုံမှန်သာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
”ဒါက ပုံမှန်ပါ။ တိုက်စစ်မှုးတစ်ယောက်ဟာ ဂိုးသွင်းချင်ပါတယ်။
ဒါပေမဲ့ သူက ဒဏ်ရာက ပြန်ကောင်းလာတာပါ။
နောက်ထပ်ပွဲတွေလည်းရှိနေတယ်ဆိုတာ
သတိရဖို့က အရေးကြီးပါတယ်”လို့ ရန်းနစ်က ပြောခဲ့တာပါ။
zawgyi
ေရာ္နယ္ဒိုေဒါသထြက္တာ ပုံမွန္သာျဖစ္ေၾကာင္း ရန္းနစ္ရွင္းျပ
ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ လူစားလဲခံရလို႔ စီေရာ္နယ္ဒိုရဲ႕ေဒါသနဲ႔တုံ႔ျပန္မႈဟာ
မန္ယူရဲ႕ဂိုးျပတ္ႏိုင္ပြဲအေပၚ ဖုံးလႊမ္းသြားပါတယ္။
စီေရာ္နယ္ဒိုဟာ မန္ယူအသင္း ၂-၀ နဲ႔ဦးေဆာင္ေနတဲ့
အဲဒီပြဲရဲ႕ ၇၁ မိနစ္အေရာက္မွာ ရန္းနစ္ရဲ႕လူစားလဲျခင္းကို ခံခဲ့ရတာပါ။
မက္ဂြိဳင္းယားနဲ႔ ရက္ရွ္ဖို႔ဒ္တို႔က စီေရာ္နယ္ဒိုနဲ႔
ဂရင္းဝုဒ္တို႔ရဲ႕ေနရာမွာ လူစားဝင္လာတာ ျဖစ္ပါတယ္။
ဒါေပမဲ့လည္း လူစားလဲဖို႔အတြက္ ကြင္းေဘးမွာ အကူဒိုင္က
ဘုတ္ျပားေထာင္တဲ့အခါ သူ႔နံပါတ္ကို ေတြ႕လိုက္ရလို႔
စီေရာ္နယ္ဒိုတစ္ေယာက္ မယုံႏိုင္ျဖစ္သြားပါတယ္။
ခ်က္ခ်င္းပဲ ေဒါသထြက္သြားၿပီး အရန္ခုံမွာ
မထိုင္ခင္ ဂ်ာကင္အက်ႌကို လႊင့္ပစ္ခဲ့ပါတယ္။
ဒါ့အျပင္ ေဒါသထြက္ထြက္နဲ႔ ျမည္တြန္ေတာက္တီးေနတဲ့
သူ႔ပုံစံကိုလည္း ႐ုပ္သံကင္မရာေတြကေန ေတြ႕ခဲ့ရတာပါ။
ေနာက္မွ ရန္းနစ္က သူ႔ေဘးနားေရာက္လာၿပီး ႏွစ္သိမ့္ေပးခဲ့သလို
သူ႔ဆုံးျဖတ္ခ်က္ကို ရွင္းျပေပးခဲ့ပုံရပါတယ္။
အဲဒီပြဲမွာ စီေရာ္နယ္ဒိုဟာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္
ဒုတိယပိုင္းက သူ႔ရဲ႕ေခါင္းတိုက္ခ်က္ဟာ ဘားတန္းထိထြက္ခဲ့တာပါ။
ပြဲအၿပီးမွာေတာ့ ရန္းနစ္က လူစားလဲခံရလို႔ စီေရာ္နယ္ဒိုေဒါသထြက္တာဟာ
ပုံမွန္သာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။
”ဒါက ပုံမွန္ပါ။ တိုက္စစ္မႈးတစ္ေယာက္ဟာ ဂိုးသြင္းခ်င္ပါတယ္။
ဒါေပမဲ့ သူက ဒဏ္ရာက ျပန္ေကာင္းလာတာပါ။
ေနာက္ထပ္ပြဲေတြလည္းရွိေနတယ္ဆိုတာ
သတိရဖို႔က အေရးႀကီးပါတယ္”လို႔ ရန္းနစ္က ေျပာခဲ့တာပါ။