ရော်နယ်ဒိုထွက်ခွာသွားတာက ရက်ရှ်ဖို့ဒ်ကိုသော့ဖွင့်ပေးလိုက်သလိုဖြစ်ပြီး ကိန်းဂဏန်းတွေက မယုံနိုင်လောက်အောင် ပြေးလွှားနေ

အင်္ဂလိပ်ဘောလုံးရေးရာကျွမ်းကျင်သူ ဂရက်ခရော့စ်က ယူနိုက်တက်က

ရော်နယ်ဒိုထွက်ခွာသွားတာဟာ ရက်ရှ်ဖို့ဒ်ကို သော့ဖွင့်ပေးလိုက်သလို

ဖြစ်သွားတယ်လို့ သုံးသပ်လိုက်ကြောင်း The Sun သတင်းစာက

ဖော်ပြလိုက်ပါတယ်။ ခရော့စ်ဟာ ရော်နယ်ဒိုမပါဝင်ဘဲ

ပိုမိုကောင်းမွန်လာတဲ့စွမ်းဆောင်ရည်နံပါတ်တွေကို စာရင်းပြုစုပြီး

GOAT တစ်ယောက်ရဲ့ကမ္ဘာကျော်ရာထူးကိုထည့်သွင်းစဉ်းစာကာ

ရဲရဲတင်းတင်းပြောဆိုခဲ့တာဖြစ်တယ်။ ကမ္ဘာ့ဖလားမတိုင်ခင်မှာ

ဆိုးရွားတဲ့ရာသီအတွက်စိတ်ပျက်အားငယ်နေတဲ့ ရော်နယ်ဒိုဟာ

Sun ရဲ့ပင်တိုင်ဆောင်းပါးရှင် ပီးယာ့စ်မော်ဂန်အင်တာဗျူးမှာ

သူ့ရဲ့စိတ်ပျက်မှုတွေကိုဖွင့်ချခဲ့တာပါ။ GOAT တစ်ယောက်

အိုးလ်ထရက်ဖို့ဒ်ကိုကျောခိုင်းသွားတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲက

ပြန်လာတဲ့ ရက်ရှ်ဖို့ဒ်ဟာ အစွမ်းကုန်ပေါက်ကွဲထွက်လာခဲ့သလို

ဥရောပရဲ့အတိုးတက်ဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုမပါတဲ့ သူ့ရဲ့မှတ်တမ်းတစ်ခုလုံးကိုကြည့်ရင် ၂၅ ပွဲမှာ ၁၅ ဂိုး၊

တနည်းအားဖြင့် ပျမ်းမျှ ၁၂၃ မိနစ်တိုင်းမှာ တစ်ဂိုးနှုန်းသွင်းခဲ့တာ

တွေ့ရပါတယ်။ အခြားတစ်ဖက်မှာတော့ ပေါ်တူဂီဂန္တဝင်ရှိစဉ်ကာလအတွင်း

၄၂ ပွဲမှာ ၁၂ ဂိုးသာသွင်းနိုင်ခဲ့သလို ပျမ်းမျှ ၂၀၄ မိနစ်မှာ တစ်ဂိုးနှုန်းသာ

သွင်းနိုင်ခဲ့တာဖြစ်တယ်။ နောက်ထပ်တိုင်းတာမှုသော့ချက်တစ်ခုရှိပါသေးတယ်။

ရော်နယ်ဒိုမရှိတော့ချိန်မှာ ရက်ရှ်ဖို့ဒ်က ပျမ်းမျှမိနစ် ၉၀ အတွင်း

ဂိုးပေါက်ကန်သွင်းချက် ၃.၂ ကြိမ်လုပ်နိုင်ခဲ့သလို ဒီထဲက ၁.၇ က

ပစ်မှတ်ကိုထိမှန်ခဲ့ပြီး အတူတွဲရှိခဲ့ချိန်မှာတော့ ဂိုးပေါက်ကန်သွင်းချက်

၂.၉ ကြိမ်နဲ့ ပစ်မှတ်ရောက်တာက ၁.၂ နှုန်းသာရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ရက်ရှ်ဖို့ဒ်ဟာ အတိုက်အခံတွေရဲ့

ဧရိယာနားမှာ ဘောလုံးထိချက်ပိုများလာခဲ့တာဖြစ်တယ်။

ဒါကို ဘာစီလိုနာနဲ့ပွဲမှာသက်သေပြခဲ့ပြီး ရက်ရှ်ဖို့ဒ်တစ်ယောက်

နောက်ကနေရှေ့ကိုတက်လာနိုင်ဖို့အတွက် နည်းပြတန်ဟတ်ဟာ

ဝက်စ်ဟော့ကိုအနက်ရှိုင်းဆုံးအသုံးပြုခဲ့တာတွေ့ရပါတယ်။

ရက်ရှ်ဖို့ဒ်က နေရာစုံကနေ ကိုယ်ရောင်ဖျောက်ကစားသလိုဖြစ်သွားခဲ့ပြီး

ဘာစီလိုနာရဲ့ ရက်ရှ်ဖို့ဒ်ဆန့်ကျင်တဲ့အစီအစဉ်တွေရပ်တန့်သွားခဲ့သလို

နည်းဗျူဟာပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့သက်သေပြနိုင်ခဲ့တာဖြစ်တယ်။

zawgyi

ေရာ္နယ္ဒိုထြက္ခြာသြားတာက ရက္ရွ္ဖို႔ဒ္ကိုေသာ့ဖြင့္ေပးလိုက္သလိုျဖစ္ၿပီး ကိန္းဂဏန္းေတြက မယုံႏိုင္ေလာက္ေအာင္ ေျပးလႊားေန

အဂၤလိပ္ေဘာလုံးေရးရာကြၽမ္းက်င္သူ ဂရက္ခေရာ့စ္က ယူႏိုက္တက္က

ေရာ္နယ္ဒိုထြက္ခြာသြားတာဟာ ရက္ရွ္ဖို႔ဒ္ကို ေသာ့ဖြင့္ေပးလိုက္သလို

ျဖစ္သြားတယ္လို႔ သုံးသပ္လိုက္ေၾကာင္း The Sun သတင္းစာက

ေဖာ္ျပလိုက္ပါတယ္။ ခေရာ့စ္ဟာ ေရာ္နယ္ဒိုမပါဝင္ဘဲ

ပိုမိုေကာင္းမြန္လာတဲ့စြမ္းေဆာင္ရည္နံပါတ္ေတြကို စာရင္းျပဳစုၿပီး

GOAT တစ္ေယာက္ရဲ႕ကမာၻေက်ာ္ရာထူးကိုထည့္သြင္းစဥ္းစာကာ

ရဲရဲတင္းတင္းေျပာဆိုခဲ့တာျဖစ္တယ္။ ကမာၻ႔ဖလားမတိုင္ခင္မွာ

ဆိုး႐ြားတဲ့ရာသီအတြက္စိတ္ပ်က္အားငယ္ေနတဲ့ ေရာ္နယ္ဒိုဟာ

Sun ရဲ႕ပင္တိုင္ေဆာင္းပါးရွင္ ပီးယာ့စ္ေမာ္ဂန္အင္တာဗ်ဴးမွာ

သူ႔ရဲ႕စိတ္ပ်က္မႈေတြကိုဖြင့္ခ်ခဲ့တာပါ။ GOAT တစ္ေယာက္

အိုးလ္ထရက္ဖို႔ဒ္ကိုေက်ာခိုင္းသြားတဲ့ေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲက

ျပန္လာတဲ့ ရက္ရွ္ဖို႔ဒ္ဟာ အစြမ္းကုန္ေပါက္ကြဲထြက္လာခဲ့သလို

ဥေရာပရဲ႕အတိုးတက္ဆုံးတိုက္စစ္မႉးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

ေရာ္နယ္ဒိုမပါတဲ့ သူ႔ရဲ႕မွတ္တမ္းတစ္ခုလုံးကိုၾကည့္ရင္ ၂၅ ပြဲမွာ ၁၅ ဂိုး၊

တနည္းအားျဖင့္ ပ်မ္းမွ် ၁၂၃ မိနစ္တိုင္းမွာ တစ္ဂိုးႏႈန္းသြင္းခဲ့တာ

ေတြ႕ရပါတယ္။ အျခားတစ္ဖက္မွာေတာ့ ေပၚတူဂီဂႏၲဝင္ရွိစဥ္ကာလအတြင္း

၄၂ ပြဲမွာ ၁၂ ဂိုးသာသြင္းႏိုင္ခဲ့သလို ပ်မ္းမွ် ၂၀၄ မိနစ္မွာ တစ္ဂိုးႏႈန္းသာ

သြင္းႏိုင္ခဲ့တာျဖစ္တယ္။ ေနာက္ထပ္တိုင္းတာမႈေသာ့ခ်က္တစ္ခုရွိပါေသးတယ္။

ေရာ္နယ္ဒိုမရွိေတာ့ခ်ိန္မွာ ရက္ရွ္ဖို႔ဒ္က ပ်မ္းမွ်မိနစ္ ၉၀ အတြင္း

ဂိုးေပါက္ကန္သြင္းခ်က္ ၃.၂ ႀကိမ္လုပ္ႏိုင္ခဲ့သလို ဒီထဲက ၁.၇ က

ပစ္မွတ္ကိုထိမွန္ခဲ့ၿပီး အတူတြဲရွိခဲ့ခ်ိန္မွာေတာ့ ဂိုးေပါက္ကန္သြင္းခ်က္

၂.၉ ႀကိမ္နဲ႔ ပစ္မွတ္ေရာက္တာက ၁.၂ ႏႈန္းသာရွိခဲ့ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ရက္ရွ္ဖို႔ဒ္ဟာ အတိုက္အခံေတြရဲ႕

ဧရိယာနားမွာ ေဘာလုံးထိခ်က္ပိုမ်ားလာခဲ့တာျဖစ္တယ္။

ဒါကို ဘာစီလိုနာနဲ႔ပြဲမွာသက္ေသျပခဲ့ၿပီး ရက္ရွ္ဖို႔ဒ္တစ္ေယာက္

ေနာက္ကေနေရွ႕ကိုတက္လာႏိုင္ဖို႔အတြက္ နည္းျပတန္ဟတ္ဟာ

ဝက္စ္ေဟာ့ကိုအနက္ရႈိင္းဆုံးအသုံးျပဳခဲ့တာေတြ႕ရပါတယ္။

ရက္ရွ္ဖို႔ဒ္က ေနရာစုံကေန ကိုယ္ေရာင္ေဖ်ာက္ကစားသလိုျဖစ္သြားခဲ့ၿပီး

ဘာစီလိုနာရဲ႕ ရက္ရွ္ဖို႔ဒ္ဆန႔္က်င္တဲ့အစီအစဥ္ေတြရပ္တန႔္သြားခဲ့သလို

နည္းဗ်ဴဟာပိုင္းဆိုင္ရာ အေျပာင္းအလဲနဲ႔သက္ေသျပႏိုင္ခဲ့တာျဖစ္တယ္။