ရော်နယ်ဒိုထွက်ခွာပြီးနောက် သရဲနီကစားသမားတစ်ယောက်ကိုထပ်ရှင်းထုတ်ဖို့ တန်ဟတ် စီစဉ်နေ

နည်းပြတန်ဟတ်ဟာ အိုးထရက်ဖို့ဒ်ကနေ ရော်နယ်ဒိုကိုရှင်းထုတ်ခဲ့သလို ညာနောက်ခံလူဘစ်ဆာကာကိုပါ ကန်ထုတ်ဖို့စီစဉ်နေပြီလို့သိရပါတယ်။ ဂလေဇာမိသားစုနဲ့ တန်ဟတ်တို့က

ပေါ်တူဂီကြယ်ပွင့်ကိုအသင်းကနေထွက်ခွာခွင့်ပေးခဲ့သလို ဇန်နဝါရီမှာညာနောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့အတွက် ပြင်ဆင်နေချိန်မှာ ဘစ်ဆာကာကိုထုတ်ရောင်းသွားဖို့ရှိနေတာဖြစ်တယ်။

The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ တန်ဟတ်ဟာ ဘစ်ဆာကာကို ယူနိုက်တက်ရဲ့ပိုလျှံနေတဲ့ ကစားသမားအဖြစ်သတ်မှတ်ထားတယ် လို့သိရပါတယ်။ သူ့အနေနဲ့ ဒါလော့နေရာကို

ကာမိစေဖို့အတွက်ပြင်ဆင်မှုတစ်ရပ်ပြုလုပ်သွားဖို့ရှိနေပြီး ပဲလေ့စ်နောက်ခံလူဟောင်းကို တော့ရောင်းချသွားတော့မှာဖြစ်တယ်။ အသက် ၂၅နှစ်အရွယ် ဘစ်ဆာကာဟာ ၂၀၁၉မှာ

ယူနိုက်တက်ကိုရောက်လာခဲ့သူဖြစ်ပြီး သရဲနီကစားသမားဘဝအစောဆုံး ၂ရာသီအတွင်း ၇၆ပွဲမှာ ၆၉ပွဲ အထိပါဝင်ကစားခွင့်ရခဲ့ပါတယ်။ Tribuna ရဲ့အဆိုအရ အင်္ဂလန်ညာနောက်ခံလူ

၂၀၂၀ အတွင်းပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လျှောထိုးဖျက်ထုတ်မှုပေါင်း ၉၈ ကြိမ်အထိလုပ်နိုင်ခဲ့ပြီး တခြားကစားသမားတွေထက်ပိုမို သာလွန်နေခဲ့ပါတယ်။ ဒါပေမဲ့ တိုက်စစ်လိုက်ပါ

ကစားရာမှာတော့အလုပ်မဖြစ်တဲ့ အနေအထားက အိုးလ်ထရက်ဖို့ဒ်မှာ နေရာပျောက်ခြင်းရဲ့အဓိက အကြောင်းတရားဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လီဗာပူးကို ၂-၁ ဂိုးနဲ့

အနိုင်ရတဲ့ပွဲစဉ်နောက်ပိုင်းမှာ ဘစ်ဆာကာဟာ ယူနိုက်တက်အသင်းအတွက်လုံးဝပါဝင်ခွင့်မရတော့သလို ဇန်နဝါရီမှာရောင်းထုတ်ခံရတော့မယ့်အထိအခြေအနေဆိုးသွားခဲ့တာဖြစ်တယ်။

နည်းပြတန်ဟတ်ဟာ ကမ္ဘာ့ဖလားကာလအတွင်းအသင်းကို အနေအထားတစ်ရပ်အထိအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားအပြီးမှာ

ကာရာဘောင်းဖလားအဖြစ် ဘန်လေနဲ့ရင်ဆိုင်ရဖို့ရှိနေတာဖြစ်တယ်။

(Zawgyi)

ေရာ္နယ္ဒိုထြက္ခြာၿပီးေနာက္ သရဲနီကစားသမားတစ္ေယာက္ကိုထပ္ရွင္းထုတ္ဖို႔ တန္ဟတ္ စီစဥ္ေန

နည္းျပတန္ဟတ္ဟာ အိုးထရက္ဖို႔ဒ္ကေန ေရာ္နယ္ဒိုကိုရွင္းထုတ္ခဲ့သလို ညာေနာက္ခံလူဘစ္ဆာကာကိုပါ ကန္ထုတ္ဖို႔စီစဥ္ေနၿပီလို႔သိရပါတယ္။ ဂေလဇာမိသားစုနဲ႔ တန္ဟတ္တို႔က

ေပၚတူဂီၾကယ္ပြင့္ကိုအသင္းကေနထြက္ခြာခြင့္ေပးခဲ့သလို ဇန္နဝါရီမွာညာေနာက္ခံလူသစ္တစ္ဦးေခၚယူဖို႔အတြက္ျပင္ဆင္ေနခ်ိန္မွာ ဘစ္ဆာကာကိုထုတ္ေရာင္းသြားဖို႔

ရွိေနတာျဖစ္တယ္။ The Telegraph သတင္းစာရဲ႕ေဖာ္ျပခ်က္အရ တန္ဟတ္ဟာ ဘစ္ဆာကာကိုယူႏိုက္တက္ရဲ႕ပိုလွ်ံေနတဲ့ကစားသမားအျဖစ္သတ္မွတ္ထားတယ္လို႔သိရပါတယ္။

သူ႔အေနနဲ႔ ဒါေလာ့ေနရာကိုကာမိေစဖို႔အတြက္ျပင္ဆင္မႈတစ္ရပ္ျပဳလုပ္သြားဖို႔ရွိေနၿပီး ပဲေလ့စ္ေနာက္ခံလူေဟာင္းကိုေတာ့ေရာင္းခ်သြားေတာ့မွာျဖစ္တယ္။

အသက္ ၂၅ႏွစ္အ႐ြယ္ ဘစ္ဆာကာဟာ ၂၀၁၉မွာ ယူႏိုက္တက္ကိုေရာက္လာခဲ့သူျဖစ္ၿပီး သရဲနီကစားသမားဘဝအေစာဆုံး ၂ရာသီအတြင္း ၇၆ပြဲမွာ ၆၉ပြဲ အထိပါဝင္ကစားခြင့္ရခဲ့ပါတယ္။

Tribuna ရဲ႕အဆိုအရ အဂၤလန္ညာေနာက္ခံလူ ၂၀၂၀ အတြင္းပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ေလွ်ာထိုးဖ်က္ထုတ္မႈေပါင္း ၉၈ႀကိမ္အထိလုပ္ႏိုင္ခဲ့ၿပီး တျခားကစားသမားေတြထက္ပိုမိုသာလြန္ေနခဲ့ပါတယ္။

ဒါေပမဲ့ တိုက္စစ္လိုက္ပါကစားရာမွာေတာ့အလုပ္မျဖစ္တဲ့ အေနအထားက အိုးလ္ထရက္ဖို႔ဒ္မွာေနရာေပ်ာက္ျခင္းရဲ႕အဓိကအေၾကာင္းတရားျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း

လီဗာပူးကို ၂-၁ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲစဥ္ေနာက္ပိုင္းမွာ ဘစ္ဆာကာဟာ ယူႏိုက္တက္အသင္းအတြက္လုံးဝပါဝင္ခြင့္မရေတာ့သလို ဇန္နဝါရီမွာေရာင္းထုတ္ခံရေတာ့မယ့္အထိအေျခအေနဆိုးသြားခဲ့တာျဖစ္တယ္။

နည္းျပတန္ဟတ္ဟာ ကမာၻ႔ဖလားကာလအတြင္းအသင္းကို အေနအထားတစ္ရပ္အထိအေျပာင္းအလဲျပဳလုပ္သြားဖို႔ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ကမာၻ႔ဖလားအၿပီးမွာ

ကာရာေဘာင္းဖလားအျဖစ္ ဘန္ေလနဲ႔ရင္ဆိုင္ရဖို႔ရွိေနတာျဖစ္တယ္။