
သူ့သားရဲ့တောင်းဆိုမှုကြောင့် နောက်နှစ်အနည်းငယ်အထိ
ရော်နယ်ဒို ဘောလုံးဆက်ကစားရဖို့ရှိ
ဆီဆာနဲ့ပေါ်လိုမာလ်ဒီနီ၊ ပီတာနဲ့ကက်စ်ပါရှမိုက်ကယ်၊
ဒန်နီနဲ့ဒါလေဘလင်းစတဲ့ နာမည်ကျော် ဘောလုံးသမားသားအဖတွေ
စဉ်ဆက်မပြတ်ရှိခဲ့ရာမှာ သားအဖနှစ်ဦး တစ်သင်းတည်းမှာ
အတူတွဲကစားခွင့်ရတာဆိုလို့ တော်တော်လေးရှားပါတယ်။
မှတ်မှတ်ရရ ပြောရရင် နာမည်ကျော်ဘောလုံးသမားအဖတွေထဲ
ဘရာဇီးတိုက်စစ်မှူးကြီး ရီဗယ်ဒိုတို့သားအဖလောက် ပဲ
တစ်သင်းတည်းမှာအတူတွဲကစားခဲ့တာပဲကြားမိပါတယ်။
ရီဗယ်ဒိုဟာ အသက် ၄၁နှစ်အရွယ်မှာ သူ့သား ရီဗယ်ဒင်ညိုနဲ့
ဘရာဇီးကလပ် မိုဂီမီရင်မ်အသင်းမှာ ၂၀၁၄ခုနှစ်က အတူတွဲကစားခဲ့ဖူးပါတယ်။
အဲဒီတုန်းက ရီဗယ်ဒင်ညိုကတော့ အသက် ၁၈နှစ်အရွယ်ရှိပါပြီ။
ရီဗယ်ဒိုတို့သားအဖလိုပဲ ခရစ္စတီယာနိုတို့သားအဖနှစ်ဦးကလည်း
တစ်သင်းတည်းမှာ အတူတွဲကစားဖို့ စိတ်ကူးနေပါတယ်။
၂၀၁၉ခုနှစ်က ခရစ္စတီယာနိုကိုယ်တိုင်က သူတို့သား အဖနှစ်ဦး
အတူတွဲကစားချင်တယ်လို့ပြောခဲ့သလို မကြာသေးခင်က
သူ့သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာကလည်း သူ့အဖေနဲ့အတူ တွဲကစားချင်တာကြောင့်
ဘောလုံးသမားဘဝကနေ အနားမယူဘဲ ဆက်ကစားဖို့ သူ့အဖေကို ပြောထားပါတယ်။
ရော်နယ်ဒိုဂျူနီယာဟာ ဂျူဗင်တပ်စ်အသင်းရဲ့အသက် ၉နှစ်အောက်အသင်းမှာ
၂၈ပွဲကစား၊ ၅၈ဂိုးသွင်းပြီး၁၈ဂိုးဖန်တီးပေးထားပါတယ်။
တစ်ချိန်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာမယ့်
အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဆိုရင်မမှားပါဘူး။
ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အသက်က အခုတောင် ၃၅နှစ်ရှိနေပြီဆိုတော့
သူ့သားနဲ့တွဲကစားဖို့ဆိုရင်အနည်းဆုံး နောက်ထပ်
၈နှစ်လောက်အထိ ဘောလုံးဆက်ကစားဖို့လိုနေပါတယ်။
မကြာသေးခင်က “ကျွန်တော့်သားကကျွန်တော့်ကိုပြောပါတယ်။
ဖေဖေရေ နောက်နှစ်နည်းနည်းလောက် ဘောလုံးဆက်ကစားဖို့ တောင့်ထားပေးပါဦး၊
ဖေဖေနဲ့အတူ ဘောလုံးကန်ချင်တယ်တဲ့။
ဒါပေမယ့် အတူတွဲကစားဖို့ကတော့ခက်ခဲမယ်ထင်ပါတယ်၊
သူက ကျွန်တော့်ထက်တောင် ပိုကောင်းတဲ့ကစားသမားဖြစ်လာနိုင်မယ့်သူပါ
ဒါပေမယ့် သူ အဲ့ဒါဖြစ်ဖို့အတွက်တော့ အများကြီး
ပိုကြိုးစားရအုံးမယ်လို့ ကျွန်တော် ထင်တယ်”လို့ ရော်နယ်ဒိုကပြောပါတယ်။
ပြောစရာတစ်ခုကတော့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ
သာမန်ဘောလုံးသမားတွေထက်ပိုပြီး သူ့ကြံ့ခိုင်မှုကို အာရုံစိုက်လေ့ကျင့်သူဖြစ်တာကြောင့်
အသက် ၄၀လောက်အထိ ဘောလုံးသမားဘဝအဖြစ် ဆက်လက်ရပ်တည်နိုင်ခြေရှိပါတယ်။
ပြီးခဲ့တဲ့ ၂ရာသီအတွင်း ဂျူဗင်တပ်စ်အသင်းအတွက်
စီးရီးအေမှာအနည်းဆုံး ပွဲ ၃၀ကျော်အထိပါဝင်ကစားပေးနိုင်ခဲ့တဲ့
သူ့ကြံ့ခိုင်မှုကိုတော်တန်ရုံသူနဲ့အသက်တူရွယ်တူ
ဘောလုံးသမားတွေလိုက်နိုင်ဖို့ မလွယ်ပါဘူး။
zawgyi
ေရာ္နယ္ဒိုတို႔သားအဖလည္း တစ္သင္းတည္းအတူတြဲကစားခြင့္ရႏိုင္မလား
သူ႔သားရဲ႕ေတာင္းဆိုမႈေၾကာင့္ ေနာက္ႏွစ္အနည္းငယ္အထိ
ေရာ္နယ္ဒို ေဘာလုံးဆက္ကစားရဖို႔ရွိ
ဆီဆာနဲ႔ေပၚလိုမာလ္ဒီနီ၊ ပီတာနဲ႔ကက္စ္ပါရွမိုက္ကယ္၊
ဒန္နီနဲ႔ဒါေလဘလင္းစတဲ့ နာမည္ေက်ာ္ ေဘာလုံးသမားသားအဖေတြ
စဥ္ဆက္မျပတ္ရွိခဲ့ရာမွာ သားအဖႏွစ္ဦး တစ္သင္းတည္းမွာ
အတူတြဲကစားခြင့္ရတာဆိုလို႔ ေတာ္ေတာ္ေလးရွားပါတယ္။
မွတ္မွတ္ရရ ေျပာရရင္ နာမည္ေက်ာ္ေဘာလုံးသမားအဖေတြထဲ
ဘရာဇီးတိုက္စစ္မႉးႀကီး ရီဗယ္ဒိုတို႔သားအဖေလာက္ ပဲ
တစ္သင္းတည္းမွာအတူတြဲကစားခဲ့တာပဲၾကားမိပါတယ္။
ရီဗယ္ဒိုဟာ အသက္ ၄၁ႏွစ္အ႐ြယ္မွာ သူ႔သား ရီဗယ္ဒင္ညိဳနဲ႔
ဘရာဇီးကလပ္ မိုဂီမီရင္မ္အသင္းမွာ ၂၀၁၄ခုႏွစ္က အတူတြဲကစားခဲ့ဖူးပါတယ္။
အဲဒီတုန္းက ရီဗယ္ဒင္ညိဳကေတာ့ အသက္ ၁၈ႏွစ္အ႐ြယ္ရွိပါၿပီ။
ရီဗယ္ဒိုတို႔သားအဖလိုပဲ ခရစၥတီယာႏိုတို႔သားအဖႏွစ္ဦးကလည္း
တစ္သင္းတည္းမွာ အတူတြဲကစားဖို႔ စိတ္ကူးေနပါတယ္။
၂၀၁၉ခုႏွစ္က ခရစၥတီယာႏိုကိုယ္တိုင္က သူတို႔သား အဖႏွစ္ဦး
အတူတြဲကစားခ်င္တယ္လို႔ေျပာခဲ့သလို မၾကာေသးခင္က
သူ႔သားျဖစ္သူ ေရာ္နယ္ဒိုဂ်ဴနီယာကလည္း သူ႔အေဖနဲ႔အတူ တြဲကစားခ်င္တာေၾကာင့္
ေဘာလုံးသမားဘဝကေန အနားမယူဘဲ ဆက္ကစားဖို႔ သူ႔အေဖကို ေျပာထားပါတယ္။
ေရာ္နယ္ဒိုဂ်ဴနီယာဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕အသက္ ၉ႏွစ္ေအာက္အသင္းမွာ
၂၈ပြဲကစား၊ ၅၈ဂိုးသြင္းၿပီး၁၈ဂိုးဖန္တီးေပးထားပါတယ္။
တစ္ခ်ိန္မွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားတစ္ဦးျဖစ္လာမယ့္
အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားသူဆိုရင္မမွားပါဘူး။
ဒါေပမယ့္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အသက္က အခုေတာင္ ၃၅ႏွစ္ရွိေနၿပီဆိုေတာ့
သူ႔သားနဲ႔တြဲကစားဖို႔ဆိုရင္အနည္းဆုံး ေနာက္ထပ္
၈ႏွစ္ေလာက္အထိ ေဘာလုံးဆက္ကစားဖို႔လိုေနပါတယ္။
မၾကာေသးခင္က “ကြၽန္ေတာ့္သားကကြၽန္ေတာ့္ကိုေျပာပါတယ္။
ေဖေဖေရ ေနာက္ႏွစ္နည္းနည္းေလာက္ ေဘာလုံးဆက္ကစားဖို႔ ေတာင့္ထားေပးပါဦး၊
ေဖေဖနဲ႔အတူ ေဘာလုံးကန္ခ်င္တယ္တဲ့။
ဒါေပမယ့္ အတူတြဲကစားဖို႔ကေတာ့ခက္ခဲမယ္ထင္ပါတယ္၊
သူက ကြၽန္ေတာ့္ထက္ေတာင္ ပိုေကာင္းတဲ့ကစားသမားျဖစ္လာႏိုင္မယ့္သူပါ
ဒါေပမယ့္ သူ အဲ့ဒါျဖစ္ဖို႔အတြက္ေတာ့ အမ်ားႀကီး
ပိုႀကိဳးစားရအုံးမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေရာ္နယ္ဒိုကေျပာပါတယ္။
ေျပာစရာတစ္ခုကေတာ့ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
သာမန္ေဘာလုံးသမားေတြထက္ပိုၿပီး သူ႔ႀကံ့ခိုင္မႈကို အာ႐ုံစိုက္ေလ့က်င့္သူျဖစ္တာေၾကာင့္
အသက္ ၄၀ေလာက္အထိ ေဘာလုံးသမားဘဝအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ေျခရွိပါတယ္။
ၿပီးခဲ့တဲ့ ၂ရာသီအတြင္း ဂ်ဴဗင္တပ္စ္အသင္းအတြက္
စီးရီးေအမွာအနည္းဆုံး ပြဲ ၃၀ေက်ာ္အထိပါဝင္ကစားေပးႏိုင္ခဲ့တဲ့
သူ႔ႀကံ့ခိုင္မႈကိုေတာ္တန္႐ုံသူနဲ႔အသက္တူ႐ြယ္တူ
ေဘာလုံးသမားေတြလိုက္ႏိုင္ဖို႔ မလြယ္ပါဘူး။