ရော်နယ်ဒိုတစ်ယောက် စူပါကားတွေနဲ့ လေ့ကျင့်ခန်းလာခြင်းကို ရပ်တန့်ရတော့မယ်

ရော်နယ်ဒိုတစ်ယောက် ယာယီနည်းပြသစ် ရန်းနစ်ခ် လက်ထက်မှာ

ပေါင် ၁၇သန်းတန် စူပါကားနဲ့ ယူနိုက်တက် လေ့ကျင့်ရေးကွင်းလာခြင်းကို

ပိတ်ပင်ခံရနိုင်ကြောင်း သိရပါတယ်။

အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာလိုက်ဇစ်ကိုကိုင်တွယ်တုန်းက

လေ့ကျင့်ရေးကွင်းသို့လာရောက်ရာတွင်ကုမ္ပဏီကားများကို

အသုံးပြုရန်စည်းကမ်းတင်းကျပ်ခဲ့ဖူးပါတယ်။

ရန်းနစ်ခ်သာ အဆိုပါ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို

ပြန်မိတ်ဆက်မယ်ဆိုရင် ရော်နယ်ဒိုတစ်ယောက် စူပါကားတွေနဲ့

လေ့ကျင့်ခန်းလာခြင်းကို ရပ်တန့်ရတော့မှာ ဖြစ်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာတန်ဖိုးကြီးစူပါကားများ

စုဆောင်းသူအဖြစ်နာမည်ကြီးသူဖြစ်ပြီးမကြာသေးမီတုန်းကလည်း

ပေါင်၂၅၀၀၀၀တန်ဖိုးရှိ Bentley Flying Spur ကားသစ်ဝယ်ယူခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်ဟာ ယခုနှစ်ရာသီ ယူနိုက်တက် လေ့ကျင့်ခန်းအစီအစဉ်တွေကို

စူပါကားတွေနဲ့ ဂုဏ်ယူစွာ လာရောက်နေတာကို အမြဲမြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ Mirrorရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဟာ

ဇိမ်ခံကားတွေအစား ကုမ္ပဏီကားတွေကို သုံးကာ ယူနိုက်တက်

လေ့ကျင့်ခန်းအစီအစဉ်ကို လာရဖို့ရှိနေကြောင်း သိရပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ရဲ့စပွန်ဆာအဖြစ် Chevrolet က

ရှိနေဆဲဖြစ်ပါတယ်။၎င်းတို့ဟာယူနိုက်တက်ဂျာစီစပွန်ဆာမဟုတ်တော့ပေမယ့်

ယူနိုက်တက်နှင့်ပူးပေါင်းထားတုန်းဖြစ်ပါတယ်။

zawgyi

ေရာ္နယ္ဒိုတစ္ေယာက္ စူပါကားေတြနဲ႔ ေလ့က်င့္ခန္းလာျခင္းကို ရပ္တန႔္ရေတာ့မယ္

ေရာ္နယ္ဒိုတစ္ေယာက္ ယာယီနည္းျပသစ္ ရန္းနစ္ခ္ လက္ထက္မွာ

ေပါင္ ၁၇သန္းတန္ စူပါကားနဲ႔ ယူႏိုက္တက္ ေလ့က်င့္ေရးကြင္းလာျခင္းကို

ပိတ္ပင္ခံရႏိုင္ေၾကာင္း သိရပါတယ္။

အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာလိုက္ဇစ္ကိုကိုင္တြယ္တုန္းက

ေလ့က်င့္ေရးကြင္းသို႔လာေရာက္ရာတြင္ကုမၸဏီကားမ်ားကို

အသုံးျပဳရန္စည္းကမ္းတင္းက်ပ္ခဲ့ဖူးပါတယ္။

ရန္းနစ္ခ္သာ အဆိုပါ တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြကို

ျပန္မိတ္ဆက္မယ္ဆိုရင္ ေရာ္နယ္ဒိုတစ္ေယာက္ စူပါကားေတြနဲ႔

ေလ့က်င့္ခန္းလာျခင္းကို ရပ္တန႔္ရေတာ့မွာ ျဖစ္ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာတန္ဖိုးႀကီးစူပါကားမ်ား

စုေဆာင္းသူအျဖစ္နာမည္ႀကီးသူျဖစ္ၿပီးမၾကာေသးမီတုန္းကလည္း

ေပါင္၂၅၀၀၀၀တန္ဖိုးရွိ Bentley Flying Spur ကားသစ္ဝယ္ယူခဲ့သူျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္ဟာ ယခုႏွစ္ရာသီ ယူႏိုက္တက္ ေလ့က်င့္ခန္းအစီအစဥ္ေတြကို

စူပါကားေတြနဲ႔ ဂုဏ္ယူစြာ လာေရာက္ေနတာကို အၿမဲျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမဲ့ Mirrorရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုနဲ႔ အသင္းေဖာ္ေတြဟာ

ဇိမ္ခံကားေတြအစား ကုမၸဏီကားေတြကို သုံးကာ ယူႏိုက္တက္

ေလ့က်င့္ခန္းအစီအစဥ္ကို လာရဖို႔ရွိေနေၾကာင္း သိရပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ရဲ႕စပြန္ဆာအျဖစ္ Chevrolet က

ရွိေနဆဲျဖစ္ပါတယ္။၎တို႔ဟာယူႏိုက္တက္ဂ်ာစီစပြန္ဆာမဟုတ္ေတာ့ေပမယ့္

ယူႏိုက္တက္ႏွင့္ပူးေပါင္းထားတုန္းျဖစ္ပါတယ္။