
ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်မှာ အယ်လ်အစ်တီဟတ်အသင်းကို





၃-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ရော်နယ်ဒိုနဲ့ပက်သတ်လို့ထင်ရောင်ထင်မှား
ဖြစ်နိုင်တဲ့ ဗီဒီယိုဖိုင်တစ်ခုအွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။





ဒီဗီဒီယိုဖိုင်ထဲမှာတော့ ပရိသတ်နှစ်ယောက်ဟာ ရော်နယ်ဒိုအင်္ကျီကို
ခြေနဲ့နင်းခဲ့တာဖြစ်တယ်။ အားလုံးကတော့ ၂ပွဲ ကစားအပြီးမှာ
ဘာမှအကျိုးမပြုနိုင်သေးတဲ့ ရော်နယ်ဒိုကို အယ်လ်နက်ဆာ





ပရိသတ်တွေဘက်က တုံ့ပြန်မှုတစ်ခုလို့ ယူဆခဲ့ကြပါတယ်။
အခွင့်အရေးအသုံးမချနိုင်သေးတဲ့ ရော်နယ်ဒိုအပေါ်





အယ်လ်နက်ဆာပရိသတ်တွေ စိတ်ပျက်မှာသေချာပေမဲ့
CR7 နဲ့ပက်သတ်လို့ တုံ့ပြန်ပုံက အရမ်းကြီးလွန်ကဲနေတာပါ။
ရော်နယ်ဒိုနာမည်ပါတဲ့ အယ်လ်နက်ဆာဂျာစီကိုတက်နင်းနေတာက





စိတ်အနှောက်အယှက်ဖြစ်စရာလို့ဆိုနိုင်ပေမဲ့ သက်သေအထောက်အထား
အရတော့ ပြိုင်ဘက် အယ်လ်အစ်တီဟတ်အသင်းပရိသတ်တွေက





ဖန်တီးခဲ့တာလို့သိရပါတယ်။ ဗီဒီယိုကိုအာရုံစိုက်ကြည့်မယ်ဆိုရင်တော့
အယ်လ်နက်ဆာပရိသတ်တွေမဟုတ်ကြောင်းသိနိုင်ပါတယ်။
ပထမတစ်ချက်ကတော့ အသိတရားပါ၊ ပရိသတ်တိုင်းဟာ





သူတို့အားပေးတဲ့အသင်းဂျာစီကိုတက်နင်းရလောက်တဲ့အထိ
မလွန်ကဲနိုင်ပါဘူး။ နောက်တစ်ချက်ကတော့ ဒီပရိသတ်တွေဟာ





အယ်လ်နက်ဆာကိုအနိုင်ယူကျော်ဖြတ်ခဲ့တဲ့ အယ်လ်အစ်တီဟတ်
အသင်းရဲ့အရောင်နဲ့ အလံတွေကိုဝတ်ဆင်ထားတာတွေ့ရပါတယ်။
ဗီဒီယိုဖိုင်ထဲရှိ ပရိသတ်တွေဟာ အယ်လ်အစ်တီဟတ်ရဲ့





အဓိကအရောင်တွေဖြစ်တဲ့ အနက်နဲ့ အဝါကိုဝတ်ဆင်ထားတာဖြစ်တယ်။
အယ်လ်နက်ဆာပရိသတ်တွေက အပြာနဲ့ အဝါကိုဝတ်ဆင်ကြတာပါ။





အားလုံးကိုခြုံကြည့်ရင်တော့ ပြိုင်ဘက်ပရိသတ်တွေရဲ့
လုပ်ရပ်ကြောင့် ရော်နယ်ဒိုနဲ့ပက်သတ်လို့အထင်မှားစရာတွေကြုံလာရတာဖြစ်တယ်။
zawgyi





ေရာ္နယ္ဒိုဂ်ာစီတက္နင္းခဲ့သူေတြက အယ္လ္နက္ဆာပရိသတ္မဟုတ္ဘူးဆိုတဲ့ အမွန္တရားထြက္ေပၚလာ
ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္မွာ အယ္လ္အစ္တီဟတ္အသင္းကို





၃-၁ နဲ႔ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔ထင္ေရာင္ထင္မွား
ျဖစ္ႏိုင္တဲ့ ဗီဒီယိုဖိုင္တစ္ခုအြန္လိုင္းမွာ ပ်ံ႕ႏွံ႔လာပါတယ္။
ဒီဗီဒီယိုဖိုင္ထဲမွာေတာ့ ပရိသတ္ႏွစ္ေယာက္ဟာ ေရာ္နယ္ဒိုအက်ႌကို





ေျခနဲ႔နင္းခဲ့တာျဖစ္တယ္။ အားလုံးကေတာ့ ၂ပြဲ ကစားအၿပီးမွာ
ဘာမွအက်ိဳးမျပဳႏိုင္ေသးတဲ့ ေရာ္နယ္ဒိုကို အယ္လ္နက္ဆာ





ပရိသတ္ေတြဘက္က တုံ႔ျပန္မႈတစ္ခုလို႔ ယူဆခဲ့ၾကပါတယ္။
အခြင့္အေရးအသုံးမခ်ႏိုင္ေသးတဲ့ ေရာ္နယ္ဒိုအေပၚ
အယ္လ္နက္ဆာပရိသတ္ေတြ စိတ္ပ်က္မွာေသခ်ာေပမဲ့





CR7 နဲ႔ပက္သတ္လို႔ တုံ႔ျပန္ပုံက အရမ္းႀကီးလြန္ကဲေနတာပါ။
ေရာ္နယ္ဒိုနာမည္ပါတဲ့ အယ္လ္နက္ဆာဂ်ာစီကိုတက္နင္းေနတာက





စိတ္အေႏွာက္အယွက္ျဖစ္စရာလို႔ဆိုႏိုင္ေပမဲ့ သက္ေသအေထာက္အထား
အရေတာ့ ၿပိဳင္ဘက္ အယ္လ္အစ္တီဟတ္အသင္းပရိသတ္ေတြက
ဖန္တီးခဲ့တာလို႔သိရပါတယ္။ ဗီဒီယိုကိုအာ႐ုံစိုက္ၾကည့္မယ္ဆိုရင္ေတာ့





အယ္လ္နက္ဆာပရိသတ္ေတြမဟုတ္ေၾကာင္းသိႏိုင္ပါတယ္။
ပထမတစ္ခ်က္ကေတာ့ အသိတရားပါ၊ ပရိသတ္တိုင္းဟာ





သူတို႔အားေပးတဲ့အသင္းဂ်ာစီကိုတက္နင္းရေလာက္တဲ့အထိ
မလြန္ကဲႏိုင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ဒီပရိသတ္ေတြဟာ
အယ္လ္နက္ဆာကိုအႏိုင္ယူေက်ာ္ျဖတ္ခဲ့တဲ့ အယ္လ္အစ္တီဟတ္





အသင္းရဲ႕အေရာင္နဲ႔ အလံေတြကိုဝတ္ဆင္ထားတာေတြ႕ရပါတယ္။
ဗီဒီယိုဖိုင္ထဲရွိ ပရိသတ္ေတြဟာ အယ္လ္အစ္တီဟတ္ရဲ႕





အဓိကအေရာင္ေတြျဖစ္တဲ့ အနက္နဲ႔ အဝါကိုဝတ္ဆင္ထားတာျဖစ္တယ္။
အယ္လ္နက္ဆာပရိသတ္ေတြက အျပာနဲ႔ အဝါကိုဝတ္ဆင္ၾကတာပါ။
အားလုံးကိုၿခဳံၾကည့္ရင္ေတာ့ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕





လုပ္ရပ္ေၾကာင့္ ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔အထင္မွားစရာေတြႀကဳံလာရတာျဖစ္တယ္။