ရော်နယ်ဒိုဂိုးပေါက်ပျောက်ဆဲဖြစ်ပြီး ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်မှာ အယ်လ်နက်ဆာရှုံးနိမ့်ခဲ့

အယ်လ်နက်ဆာအသင်းဟာ အယ်လ်အစ်တီဟတ်အသင်းနဲ့ကစားခဲ့တဲ့

ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်မှာ ၁-၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒို

အနေနဲ့လည်း အဖွင့်ဂိုးရဖို့အတွက်ရုန်းကန်နေရဆဲဖြစ်တယ်လို့

Dailymail သတင်းစာကဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒိုဟာ

AL ITTIFAQ အသင်းနဲ့ကစားခဲ့တဲ့ အမှတ်ပေးဖလားပွဲစဉ်မှာ

အယ်လ်နက်ဆာအတွက် ပထမဆုံးပွဲထွက်ခဲ့ပြီး ဂိုးပေါက်တည့်

ကန်သွင်းချက်လုံးဝမရခဲ့သလို စူပါဖလားပွဲမှာလည်း

ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်သာရှိခဲ့ပြီး ဂိုးပေါက်

ပျောက်ဆုံးနေဆဲဖြစ်တယ်။ King Fahd ကွင်းထဲက

ပရိသတ်တွေဟာ ပေါ်တူဂီစူပါစတားရဲ့အဖွင့်ဂိုးကို

မျှော်လင့်နေခဲ့သလို ရော်နယ်ဒိုကိုယ်တိုင်က အကောင်းဆုံး

ကြိုးစားခဲ့ပေမဲ့ဖြစ်မလာသေးပါဘူး။ ပထမပိုင်းပွဲချိန်အတွင်းမှာ

အယ်လ်အစ်တီဟတ်က ၂ဂိုး ပြန်ဦးဆောင်ထားခဲ့ပြီး

၆၇ မိနစ်မှာ တာလီစကာက အယ်လ်နက်ဆာအတွက်

ချေပဂိုးတစ်ဂိုးပြန်ယူပေးခဲ့ပေမဲ့ ပွဲပြီးဆုံးခါနီးမှာတော့

အယ်လ်ရှန်ကီတီက တတိယအနိုင်ဂိုးသွင်းသွားခဲ့တာဖြစ်တယ်။

ရော်နယ်ဒိုကတော့ အယ်လ်နက်ဆာအတွက် ပွဲချိန်ပြည့်

ပါဝင်ကစားသွားခဲ့ပေမဲ့ သူ့ရဲ့အယ်လ်နက်ဆာကစားသမား

ဘဝအဖွင့် ၂ပွဲဆက်မှာတော့ ဂိုးပေါက်တည့်ကန်ချက်

တစ်ကြိမ်နဲ့အတူ ဂိုးပေါက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

zawgyi

ေရာ္နယ္ဒိုဂိုးေပါက္ေပ်ာက္ဆဲျဖစ္ၿပီး ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္မွာ အယ္လ္နက္ဆာရႈံးနိမ့္ခဲ့

အယ္လ္နက္ဆာအသင္းဟာ အယ္လ္အစ္တီဟတ္အသင္းနဲ႔ကစားခဲ့တဲ့

ေဆာ္ဒီစူပါဖလားဆီမီးဖိုင္နယ္မွာ ၁-၃ ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ေရာ္နယ္ဒို

အေနနဲ႔လည္း အဖြင့္ဂိုးရဖို႔အတြက္႐ုန္းကန္ေနရဆဲျဖစ္တယ္လို႔

Dailymail သတင္းစာကေဖာ္ျပလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ

AL ITTIFAQ အသင္းနဲ႔ကစားခဲ့တဲ့ အမွတ္ေပးဖလားပြဲစဥ္မွာ

အယ္လ္နက္ဆာအတြက္ ပထမဆုံးပြဲထြက္ခဲ့ၿပီး ဂိုးေပါက္တည့္

ကန္သြင္းခ်က္လုံးဝမရခဲ့သလို စူပါဖလားပြဲမွာလည္း

ဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္သာရွိခဲ့ၿပီး ဂိုးေပါက္

ေပ်ာက္ဆုံးေနဆဲျဖစ္တယ္။ King Fahd ကြင္းထဲက

ပရိသတ္ေတြဟာ ေပၚတူဂီစူပါစတားရဲ႕အဖြင့္ဂိုးကို

ေမွ်ာ္လင့္ေနခဲ့သလို ေရာ္နယ္ဒိုကိုယ္တိုင္က အေကာင္းဆုံး

ႀကိဳးစားခဲ့ေပမဲ့ျဖစ္မလာေသးပါဘူး။ ပထမပိုင္းပြဲခ်ိန္အတြင္းမွာ

အယ္လ္အစ္တီဟတ္က ၂ဂိုး ျပန္ဦးေဆာင္ထားခဲ့ၿပီး

၆၇ မိနစ္မွာ တာလီစကာက အယ္လ္နက္ဆာအတြက္

ေခ်ပဂိုးတစ္ဂိုးျပန္ယူေပးခဲ့ေပမဲ့ ပြဲၿပီးဆုံးခါနီးမွာေတာ့

အယ္လ္ရွန္ကီတီက တတိယအႏိုင္ဂိုးသြင္းသြားခဲ့တာျဖစ္တယ္။

ေရာ္နယ္ဒိုကေတာ့ အယ္လ္နက္ဆာအတြက္ ပြဲခ်ိန္ျပည့္

ပါဝင္ကစားသြားခဲ့ေပမဲ့ သူ႔ရဲ႕အယ္လ္နက္ဆာကစားသမား

ဘဝအဖြင့္ ၂ပြဲဆက္မွာေတာ့ ဂိုးေပါက္တည့္ကန္ခ်က္

တစ္ႀကိမ္နဲ႔အတူ ဂိုးေပါက္ေပ်ာက္ဆုံးေနဆဲျဖစ္ပါတယ္။