ရော်နယ်ဒိုက သူ့ကိုအသင်းကမထွက်ခွာဖို့တတ်နိုင်သမျှလုပ်ဆောင်ခဲ့တယ်လို့ အဘူဘာကာ ရင်ဖွင့်

ယူနိုက်တက်ဂန္တဝင်ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကိုရောက်လာခဲ့ပြီးနောက်

အယ်လ်နက်ဆာကြယ်ပွင့်ဟောင်းတစ်ယောက်ကို အသင်းမှာဆက်နေဖို့

တတ်နိုင်သမျှလုပ်ဆောင်ခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ရော်နယ်ဒို

အယ်လ်နက်ဆာကို ရောက်လာချိန်မှာ နိုင်ငံခြားသားအရေအတွက်ပြည့်နေတာကြောင့်

သူ့ကိုနေရာပေးဖို့အတွက် တစ်စုံတစ်ယောက်ကို စတေးရဖို့ရှိနေခဲ့တာဖြစ်တယ်။

ကင်မရွန်းတိုက်စစ်မှူး အဘူဘာကာဟာ အသင်းနဲ့ ၆လ သက်တမ်းကျန်ရှိနေသေးချိန်မှာ

အယ်လ်နက်ဆာအသင်းနဲ့စာချုပ်ဖျက်သိမ်းခဲ့ရပါတယ်။ အသက် ၃၁နှစ်အရွယ်

ကစားသမားဟာ တူရကီကလပ် ဘီဆစ်တပ်ဆီကနေ ကမ်းလှမ်းမှုတွေလက်ခံ

ရရှိခဲ့တဲ့နောက် ရော်နယ်ဒိုဟာ အဘူဘာကာကို အယ်လ်နက်ဆာမှာဆက်နေဖို့

ဆွဲဆောင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ဖြစ်မလာခဲ့ပါဘူး။ “ကျွန်တော်တို့စကား

နည်းနည်းပြောဖြစ်သလို ခရစ္စတီယာနိုရဲ့ထင်မြင်ချက်ကတော့ ကျွန်တော့်ကို

ဆက်နေစေချင်တယ်။ မိသားစုအကြောင်းပြချက်နဲ့ ထွက်ခွာမယ်လို့ ကျွန်တော်ပြောခဲ့တယ်။

ငါ့မိသားစုက ဘယ်မှာလဲလို့ သူမေးခဲ့တယ်၊ သူတို့က ပြင်သစ်နေမှာနေတဲ့အတွက်

တူရကီသွားတာပိုကောင်းမယ်၊ အဲဒါဆိုပိုနီးသွားမယ်လို့ ကျွန်တော်ပြန်ပြောခဲ့တယ်။

ပြီးတော့ သူကကျွန်တော့်ကို ‘ဒါက ပိုကောင်းပါတယ်၊ မိသားစုနဲ့အနေဝေးတာက

တကယ်ပဲရှုပ်ထွေးတယ်’ လို့ ဆိုခဲ့ပါတယ်။ ကျွန်တော့်ဘက်က အခြေအနေကြည့်ပြီး

ထွက်ခွာချင်ခဲ့တယ်။ ဘီဆစ်တပ် အပါအဝင်ကမ်းလှမ်းမှုတွေလက်ခံရရှိခဲ့တယ်။

သူတို့ကတော့ ကျွန်တော့်ကိုရာသီကုန်ထိဆက်နေစေချင်တယ်။

ကျွန်တော်ကတော့ ရိုးသားစွာနဲ့ထွက်သွားရတာကိုပိုကြိုက်တယ်လို့ ဥက္ကဌကိုပြောခဲ့တယ်။

နည်းနည်းတော့ရှုပ်ထွေးပေမယ့် နောက်ဆုံးမှာ သူတို့က ကျွန်တော့်ကို

လွှတ်ပေးလိုက်တယ်” လို့ အဘူဘာကာက ရှင်းပြခဲ့ပါတယ်။

zawgyi

ေရာ္နယ္ဒိုက သူ႔ကိုအသင္းကမထြက္ခြာဖို႔တတ္ႏိုင္သမွ်လုပ္ေဆာင္ခဲ့တယ္လို႔ အဘူဘာကာ ရင္ဖြင့္

ယူႏိုက္တက္ဂႏၲဝင္ေရာ္နယ္ဒိုဟာ ေဆာ္ဒီပ႐ိုလိဂ္ကိုေရာက္လာခဲ့ၿပီးေနာက္

အယ္လ္နက္ဆာၾကယ္ပြင့္ေဟာင္းတစ္ေယာက္ကို အသင္းမွာဆက္ေနဖို႔

တတ္ႏိုင္သမွ်လုပ္ေဆာင္ခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့ ေရာ္နယ္ဒို

အယ္လ္နက္ဆာကို ေရာက္လာခ်ိန္မွာ ႏိုင္ငံျခားသားအေရအတြက္ျပည့္ေနတာေၾကာင့္

သူ႔ကိုေနရာေပးဖို႔အတြက္ တစ္စုံတစ္ေယာက္ကို စေတးရဖို႔ရွိေနခဲ့တာျဖစ္တယ္။

ကင္မ႐ြန္းတိုက္စစ္မႉး အဘူဘာကာဟာ အသင္းနဲ႔ ၆လ သက္တမ္းက်န္ရွိေနေသးခ်ိန္မွာ

အယ္လ္နက္ဆာအသင္းနဲ႔စာခ်ဳပ္ဖ်က္သိမ္းခဲ့ရပါတယ္။ အသက္ ၃၁ႏွစ္အ႐ြယ္

ကစားသမားဟာ တူရကီကလပ္ ဘီဆစ္တပ္ဆီကေန ကမ္းလွမ္းမႈေတြလက္ခံ

ရရွိခဲ့တဲ့ေနာက္ ေရာ္နယ္ဒိုဟာ အဘူဘာကာကို အယ္လ္နက္ဆာမွာဆက္ေနဖို႔

ဆြဲေဆာင္ခဲ့ေပမဲ့ ေနာက္ဆုံးမွာေတာ့ျဖစ္မလာခဲ့ပါဘူး။ “ကြၽန္ေတာ္တို႔စကား

နည္းနည္းေျပာျဖစ္သလို ခရစၥတီယာႏိုရဲ႕ထင္ျမင္ခ်က္ကေတာ့ ကြၽန္ေတာ့္ကို

ဆက္ေနေစခ်င္တယ္။ မိသားစုအေၾကာင္းျပခ်က္နဲ႔ ထြက္ခြာမယ္လို႔ ကြၽန္ေတာ္ေျပာခဲ့တယ္။

ငါ့မိသားစုက ဘယ္မွာလဲလို႔ သူေမးခဲ့တယ္၊ သူတို႔က ျပင္သစ္ေနမွာေနတဲ့အတြက္

တူရကီသြားတာပိုေကာင္းမယ္၊ အဲဒါဆိုပိုနီးသြားမယ္လို႔ ကြၽန္ေတာ္ျပန္ေျပာခဲ့တယ္။

ၿပီးေတာ့ သူကကြၽန္ေတာ့္ကို ‘ဒါက ပိုေကာင္းပါတယ္၊ မိသားစုနဲ႔အေနေဝးတာက

တကယ္ပဲရႈပ္ေထြးတယ္’ လို႔ ဆိုခဲ့ပါတယ္။ ကြၽန္ေတာ့္ဘက္က အေျခအေနၾကည့္ၿပီး

ထြက္ခြာခ်င္ခဲ့တယ္။ ဘီဆစ္တပ္ အပါအဝင္ကမ္းလွမ္းမႈေတြလက္ခံရရွိခဲ့တယ္။

သူတို႔ကေတာ့ ကြၽန္ေတာ့္ကိုရာသီကုန္ထိဆက္ေနေစခ်င္တယ္။

ကြၽန္ေတာ္ကေတာ့ ႐ိုးသားစြာနဲ႔ထြက္သြားရတာကိုပိုႀကိဳက္တယ္လို႔ ဥကၠဌကိုေျပာခဲ့တယ္။

နည္းနည္းေတာ့ရႈပ္ေထြးေပမယ့္ ေနာက္ဆုံးမွာ သူတို႔က ကြၽန္ေတာ့္ကို

လႊတ္ေပးလိုက္တယ္” လို႔ အဘူဘာကာက ရွင္းျပခဲ့ပါတယ္။