
ယူနိုက်တက် နောက်ခံလူ ဒါလော့က အသင်းရဲ့ တိုက်စစ်မှူး
ရော်နယ်ဒို ညွှန်ကြားတဲ့ နေထိုင်စားသောက်မှုပုံစံအတိုင်း
လိုက်နာကျင့်သုံးနေပြီလို့ လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။
ဒါလော့ဟာ ပေါ်တူဂီမှာလည်း ရော်နယ်ဒိုနဲ့ အသင်းဖော်ဖြစ်ပြီး
လက်ရှိနည်းပြ ရန်းနစ်ဂ်ရောက်ရှိလာချိန်မှာ အသင်းရဲ့
ညာနောက်ခံလူနေရာမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပါတယ်။
ဒီယိုဂိုဒါလော့ဟာယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့
အနီးကပ်ဆုံးသူငယ်ချင်းတွေထဲကတစ်ဦးဖြစ်ပေမယ့်
သူတို့နှစ်ဦးမှာ တူညီတဲ့အချက်တွေ သိပ်များများစားစားမရှိပါဘူး။
ဒါလော့က”ကစားသမားတွေတိုင်းမှာ စွဲလမ်းမှုကိုယ်စီရှိကြတယ်။
ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော့်မှာတော့သိပ်မရှိဘူး။
ပွဲကစားခါနီးကျရင် ကျွန်တော်တို့ဟိုတယ်မှာ ခရစ္စတီယာနိုနဲ့
ကော်ဖီတူတူသောက်ဖြစ်တယ်။ အခုတော့ဒါကပုံမှန်လိုတောင်ဖြစ်နေပြီ”
“အမှန်တကယ်တော့ ကျွန်တော်ကကော်ဖီကြိုက်တတ်တဲ့သူမဟုတ်ဘူး။
ခရစ္စတီယာနိုကကျွန်တော့်ကို ကော်ဖီသောက်တတ်အောင်သင်ပေးခဲ့တာပဲ။”
“တစ်ခါတလေကျရင် ကျွန်တော်တို့ပွဲမကစားခင်
အစောကြီးဟိုတယ်ကိုရောက်နေတာမျိုးတွေရှိတယ်။
အဲဒီအခါကျရင် အခန်းထဲကနေထွက်ပြီး စကားပြောကြရင်းနဲ့
ပွဲအပေါ်အာရုံစိုက်ဖို့ ပြောဆိုတာမျိုးတွေရှိတယ်။
ကော်ဖီလေးသောက်ရင်း စကားလေးပြောရင်းပေါ့”ဆိုပြီး ပြောပါတယ်။
zawgyi
ေရာ္နယ္ဒိုေၾကာင့္ ေကာ္ဖီႀကိဳက္ေနၿပီျဖစ္တဲ့ သရဲနီ
ယူႏိုက္တက္ ေနာက္ခံလူ ဒါေလာ့က အသင္းရဲ႕ တိုက္စစ္မႉး
ေရာ္နယ္ဒို ၫႊန္ၾကားတဲ့ ေနထိုင္စားေသာက္မႈပုံစံအတိုင္း
လိုက္နာက်င့္သုံးေနၿပီလို႔ လူသိရွင္ၾကား ေျပာၾကားခဲ့ပါတယ္။
ဒါေလာ့ဟာ ေပၚတူဂီမွာလည္း ေရာ္နယ္ဒိုနဲ႔ အသင္းေဖာ္ျဖစ္ၿပီး
လက္ရွိနည္းျပ ရန္းနစ္ဂ္ေရာက္ရွိလာခ်ိန္မွာ အသင္းရဲ႕
ညာေနာက္ခံလူေနရာမွာ ပုံမွန္ပြဲထြက္ခြင့္ရရွိေနပါတယ္။
ဒီယိုဂိုဒါေလာ့ဟာယူႏိုက္တက္မွာ ေရာ္နယ္ဒိုရဲ႕
အနီးကပ္ဆုံးသူငယ္ခ်င္းေတြထဲကတစ္ဦးျဖစ္ေပမယ့္
သူတို႔ႏွစ္ဦးမွာ တူညီတဲ့အခ်က္ေတြ သိပ္မ်ားမ်ားစားစားမရွိပါဘူး။
ဒါေလာ့က”ကစားသမားေတြတိုင္းမွာ စြဲလမ္းမႈကိုယ္စီရွိၾကတယ္။
ဒါေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ့္မွာေတာ့သိပ္မရွိဘူး။
ပြဲကစားခါနီးက်ရင္ ကြၽန္ေတာ္တို႔ဟိုတယ္မွာ ခရစၥတီယာႏိုနဲ႔
ေကာ္ဖီတူတူေသာက္ျဖစ္တယ္။ အခုေတာ့ဒါကပုံမွန္လိုေတာင္ျဖစ္ေနၿပီ”
“အမွန္တကယ္ေတာ့ ကြၽန္ေတာ္ကေကာ္ဖီႀကိဳက္တတ္တဲ့သူမဟုတ္ဘူး။
ခရစၥတီယာႏိုကကြၽန္ေတာ့္ကို ေကာ္ဖီေသာက္တတ္ေအာင္သင္ေပးခဲ့တာပဲ။”
“တစ္ခါတေလက်ရင္ ကြၽန္ေတာ္တို႔ပြဲမကစားခင္
အေစာႀကီးဟိုတယ္ကိုေရာက္ေနတာမ်ိဳးေတြရွိတယ္။
အဲဒီအခါက်ရင္ အခန္းထဲကေနထြက္ၿပီး စကားေျပာၾကရင္းနဲ႔
ပြဲအေပၚအာ႐ုံစိုက္ဖို႔ ေျပာဆိုတာမ်ိဳးေတြရွိတယ္။
ေကာ္ဖီေလးေသာက္ရင္း စကားေလးေျပာရင္းေပါ့”ဆိုၿပီး ေျပာပါတယ္။