ရော်နယ်ဒိုကြောင့် အဝတ်လဲခန်းအတွင်း စိတ်ဝမ်းကွဲရတယ်ဆိုတဲ့သတင်းတွေကို မာစီယယ် ပယ်ချ

ဆီဗီလာအသင်းကို အငှားလာကစားနေတဲ့တိုက်စစ်မှူး မာစီယယ်က

မိခင်ကလပ် ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုကြောင့် အဝတ်လဲခန်းအတွင်း
အသင်းသားတွေကြား စိတ်ဝမ်းကွဲနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်သွားပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ နွေရာသီက
ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြန်ရောက်လာတဲ့
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုကြောင့်

အသင်းသားတွေကြား စိတ်ဝမ်းကွဲနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မာစီယယ်ကတော့ အားလုံးက ရော်နယ်ဒိုကို
သဘောကျချစ်မြတ်နိုးကြောင်း အခိုင်အမာဆိုခဲ့ပြီး
ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ ပရော်ဖက်ရှင်နယ်
ဆန်မှုကိုလည်း အသိအမှတ်ပြုချီးကျူးသွားပါတယ်။

”ခရစ္စတီယာနိုက ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ပြီး
ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ဦးပါ။
ကျွန်တော်တို့အားလုံး သူ့ကို ချစ်မြတ်နိုးပါတယ်။
မီဒီယာတွေမှာ ဖော်ပြနေတာတွေက တစ်ခုမှမမှန်ပါဘူး။
ကျွန်တော်ကိုယ်တိုင် အဝတ်လဲခန်းမှာ ရှိနေခဲ့တာ

ဖြစ်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာလည်း သိပါတယ်”လို့
မာစီယယ်က ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား
မာစီယယ်ဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့
ရုန်းကန်ခဲ့ရပြီးနောက် ဇန်နဝါရီလက ဆီဗီလာကို

၆လအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတာဖြစ်ပြီး
ယူနိုက်တက်အတွက် ယခုရာသီပရီးမီးယားလိဂ်မှာ ၁ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။
မာစီယယ်ဟာ ဆီဗီလာမှာ ၆ပွဲကစားထားတဲ့အနက်
၁ဂိုးသွင်းယူထားပေမယ့် ပွဲထွက်စာရင်းမှာ
ပါဝင်ခွင့်ရဖို့ရုန်းကန်နေရပါတယ်။

Zawgyi

ေရာ္နယ္ဒိုေၾကာင့္ အ၀တ္လဲခန္းအတြင္း စိတ္၀မ္းကြဲရတယ္ဆိုတဲ့သတင္းေတြကို မာစီယယ္ ပယ္ခ်
ဆီဗီလာအသင္းကို အငွားလာကစားေနတဲ့တုိက္စစ္မွဴး မာစီယယ္က

မိခင္ကလပ္ ယူႏုိက္တက္အသင္းမွာ ေရာ္နယ္ဒိုေၾကာင့္ အ၀တ္လဲခန္းအတြင္း
အသင္းသားေတြၾကား စိတ္၀မ္းကြဲေနတယ္ဆုိတဲ့သတင္းေတြကို ျငင္းဆန္သြားပါတယ္။
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေႏြရာသီက
ဂ်ဴဗင္တပ္စ္ကေန ယူႏုိက္တက္ကို ျပန္ေရာက္လာတဲ့
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုေၾကာင့္

အသင္းသားေတြၾကား စိတ္၀မ္းကြဲေနတယ္လုိ႔ သိရပါတယ္။
ဒါေပမဲ့ မာစီယယ္ကေတာ့ အားလုံးက ေရာ္နယ္ဒိုကို
သေဘာက်ခ်စ္ျမတ္ႏိုးေၾကာင္း အခုိင္အမာဆုိခဲ့ၿပီး
ေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕ ပေရာ္ဖက္ရွင္နယ္
ဆန္မႈကိုလည္း အသိအမွတ္ျပဳခ်ီးက်ဴးသြားပါတယ္။

”ခရစၥတီယာႏိုက ထိပ္တန္းပေရာ္ဖက္ရွင္နယ္တစ္ဦးျဖစ္ၿပီး
ေဘာလုံးသမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားတစ္ဦးပါ။
ကၽြန္ေတာ္တုိ႔အားလုံး သူ႕ကို ခ်စ္ျမတ္ႏုိးပါတယ္။
မီဒီယာေတြမွာ ေဖာ္ျပေနတာေတြက တစ္ခုမွမမွန္ပါဘူး။
ကၽြန္ေတာ္ကိုယ္တုိင္ အ၀တ္လဲခန္းမွာ ရွိေနခဲ့တာ

ျဖစ္ၿပီး ဘာေတြျဖစ္ခဲ့လဲဆုိတာလည္း သိပါတယ္”လုိ႔
မာစီယယ္က ေျပာပါတယ္။
အသက္ ၂၆ ႏွစ္အရြယ္ရွိ ျပင္သစ္ႏိုင္ငံသား
မာစီယယ္ဟာ ယူႏုိက္တက္မွာ ပုံမွန္ပဲြထြက္ခြင့္ရဖို႔
ရုန္းကန္ခဲ့ရၿပီးေနာက္ ဇန္န၀ါရီလက ဆီဗီလာကို

၆လအငွားစာခ်ဳပ္နဲ႔ေျပာင္းေရႊ႕သြားတာျဖစ္ၿပီး
ယူႏုိက္တက္အတြက္ ယခုရာသီပရီးမီးယားလိဂ္မွာ ၁ဂိုးပဲသြင္းႏိုင္ခဲ့ပါတယ္။
မာစီယယ္ဟာ ဆီဗီလာမွာ ၆ပြဲကစားထားတဲ့အနက္
၁ဂိုးသြင္းယူထားေပမယ့္ ပြဲထြက္စာရင္းမွာ
ပါ၀င္ခြင့္ရဖို႔ရုန္းကန္ေနရပါတယ္။